抖阴社区

Chapter 36.1

1.4K 167 2
                                        

Chapter 36
🧚
ချီမုယောင်သည် ကျိုးကျိုး အစီအရင်ထဲသို့ ဝင်လာသည်ကို မြင်လိုက်ရပြီး အံ့အားသင့်စွာဖြင့်မေးလိုက်သည်

“မင်း ဘယ်လိုလုပ် ဝင်လာတာလဲ”

“ကျိုး!”ဟု ကျိုးကျိုးက ရိုးရိုးရှင်းရှင်း ပြန်ဖြေလိုက်သည်

ချီမုယောင် ကောင်းကင်သို့ မော့ကြည့်လိုက်သော်လည်း ဘာမှ မမြင်ရပေ။

သူနှင့် ကျိုးကျိုးရဲ့ စိတ်အာရုံသည် အချင်းချင်း ဆက်သွယ်ထားသဖြင့် ကျိုးကျိုးသည် နည်းနည်းတုံးပြီး အရာရာကို ရှင်းရှင်းလင်းလင်း မပြောနိုင်သော်လည်း သူ အနည်းငယ် ခံစားမိနိုင်သည်။

သူ ခံစားမိသည်မှာ ကျိုးကျိုးသည် သူ အစီအရင်ကို ဖြိုခွဲနေသည်ကို မြင်လိုက်ပြီး သူ့တွင် အန္တရာယ်ရှိနေသည်ကို သိသဖြင့် ရောက်လာခြင်းပင်ဖြစ်သည်။

ကျိုးကျိုးက သူ့ အစီအရင်ကို ဖြိုခွဲနေတာကို ဘာလို့ မြင်နိုင်ရတာလဲ။

သူ ချက်ချင်းပင် ကိုးလွှာသို့ ရောက်ရှိနေပြီဟု တွေးမိသော်လည်း မော့ကြည့်လိုက်ရာ ဘာမှ မမြင်ရပေ။

သူ အမှတ်မှားတာ မဟုတ်လောက်ဘူး။ ဘယ်လိုလုပ် ကိုးလွှာကို ရောက်လာရတာလဲ။ စည်းမျဉ်းတွေများ ပြောင်းသွားတာလား။

သို့သော် ယခုအချိန်တွင် ဤအရာများကို စဉ်းစားရန် မသင့်တော်ပေ။ သူ အလျင်စလို ကျိုးကျိုးကို အမိန့်ပေးလိုက်သည်– “ငါ သတ်မှတ်ထားတဲ့ ကြယ်တွေကို ဖျက်ဆီးပစ်။ နသက်ရောက်မှုကို ရှောင်ဖို့ သတိထား”

ကျိုးကျိုး ချက်ချင်း နားလည်သွားသည်။ တောင်ပံများကို ဖြန့်ကားလိုက်ရာ ခန္ဓာကိုယ်သည် ဧရာမ ဖီးနစ်ငှက်ကဲ့သို့ ဖြစ်လာပြီး ဟွေ့နဂါးမီးလျှံကို နင်းလျှက် ညအမှောင်အောက်တွင် တောက်လောင်နေသော နီညိုရောင် နေဝင်ဆည်းဆာကဲ့သို့ ဖြစ်နေသည်။

ချီမုယောင်သည် သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် တစ်ချက် တို့ထိကာ မည်သည့်ကြယ်ဖြစ်ကြောင်း ပြောပြလိုက်သည်။ ကျိုးကျိုးသည် ချက်ချင်း ဟွေ့နဂါးမီးလျှံကို အသုံးပြု၍ ထိုကြယ်ကို တိုက်ခိုက်သည်။

???????????????? ???????????????????Where stories live. Discover now