(Unicode)
"အဲ့စာတန်းကို အလယ်တည့်တည့်မှာ ချိတ်လေ။
ကျွန်တော်တို့ အားလုံးက အဲ့ရှေ့မှာ ရပ်နေရမှာ။"ရင်ထဲထိ လှိုက်တက်လာသော စိတ်ဆင်းရဲမှုတွေကို အတင်းမျိုချကာ David စာတန်းကို Lucas ပြောသည့်နေရာတွင် ပြန်ချိတ်လိုက်သည်။
အဝါရောင် ပြူးပြူးပြဲပြဲနှင့် Happy Birthday Alexander ဆိုသည့် စာတန်းကြီး။
ဒီနေ့က Alex ၏ မွေးနေ့။
သို့သော် Alex က အိမ်မှာမရှိ။
တစ်ခြားမြို့ကို အလုပ်ကိစ္စသွားနေရာ ဒီနေ့ ညနေမှ ပြန်ရောက်မည် ဖြစ်သည်။အဲ့ဒီအချက်ကို အခွင့်ကောင်းယူကာ Lucas က Alex အတွက် Surprise party လုပ်ပေးမည်ဆိုပြီး အသည်းအသန်တွေ ပြင်ဆင်တော့သည်။
Rachel ကလည်း အားပါးတရ ထောက်ခံသည်။
မွေးနေ့မလုပ်ရတာ ကြာပြီဖြစ်သော Alex ကို ပျော်အောင်လုပ်ပေးသင့်သည်ဟု ဆိုသည်။Alex ပျော်၊ မပျော်တော့ မသိပေမယ့် David ကတော့
ပျော်မနေပါ။ဟိုလိုလည်းမဟုတ်၊ ဒီလိုလည်းမဟုတ် ဂျီးများလှသော Lucas ကြောင့် သူလုပ်ထားသမျှ အပြင်အဆင်တွေက တစ်ခါတည်းနှင့် ဘယ်တော့မှ မပြီး။
သူတို့ နောက်လိုက် Vampire တွေလည်း တစ်ခါမှ မလုပ်စဖူး ဖဲပြားချည်၊ ပူဖောင်းမှုတ်တွေ လုပ်နေရသည်။
ဒါတောင် သက်တမ်းရင့်ပြီး David နှင့် ရင်းနှီးသော Vampire တွေသာ ခေါ်ဖို့ ပြောထားလို့။
မဟုတ်ရင် Lucas လုပ်ပုံနှင့် တစ်မြို့လုံးရှိ Vampire တွေ အကုန်ရောက်လာ၍ အိမ်ပြိုသွားနိုင်သည်။အပေါ်ထပ် ဧည့်ခန်းတစ်ခုလုံးလည်း မျက်စိနောက်လောက်အောင် ရှုပ်ယှက်ခတ်နေပြီ။
ထောက်ခံသူကြီး Rachel က ဘာကူလုပ်လည်းဆိုတော့
ဘာမှမလုပ်။ဆိုဖာပေါ်ထိုင်ကာ ဘီယာသောက်ရင်း ဟိုဟာလှသည်၊ ဒီဟာ အဆင်မပြေ ဝေဖန်ပေးနေသည်။
"ရပြီလား Lucas
မရရင်လည်း မသိတော့ဘူးကွာ။
ငါ စိတ်ညစ်လာပြီ။"

YOU ARE READING
Beyond the Eternity (??????? ??????????)
Paranormal"?????? ???????????? ?????????? ??????? ?????????????????????? " "?????? ???????????? ?????????? ??????? ????????????? ?????????" Just a simple love story between the mythical creatures ?