(Unicode)
Monette' des ပွဲတော်နေ့။
မနက်မိုးလင်း အိပ်ရာနိုး၍ လေသာဆောင်ထွက်လိုက်သည်နှင့်
ပန်းပေါင်းစုံတို့၏ ရနံ့လေးတွေက လေညှင်းနှင့် အတူ တစ်ခါတည်း ပါလာသည်။တစ်မြို့လုံးတွင် ပန်းအလှဆင်နေသူများ၊ မီးပုံးပန်းချီဆွဲကာ ရောင်းချနေသူများ၊ ပုံမှန်ထက် ပိုများနေသော Tourist များ စသဖြင့် Mystasia မြို့၏ လမ်းမတွေက သာမန်ထက် သုံးဆလောက် ပိုမိုစည်ကားနေသည်။
အနားတွင် ရေပက်မဝင်လောက်အောင် စကားတတွတ်တွတ်များနေသည့် David သာ မရှိလျှင် Lucas ၏ မနက်ခင်းလေးက ကျက်သရေနှင့် ပိုမို ပြည့်စုံနေမည် ဖြစ်သည်။
"ဟိုးမှာ တွေ့လား Lukie
ဂါဝန် အစိမ်းနဲ့လေ။
အဲ့တာ Tresu ကော်ဖီဆိုင်ပိုင်ရှင်ရဲ့ သမီးကွ။
အသေ ချမ်းသာတယ်ပြောတယ်။”သူကျ ဆင်းရဲတာကျလို့။
"အဲ့ကလေးမကကွာ။
သူ့ရုပ်မှ အားမနာ Alex ကို အထာတွေပေးချက်ပဲ။”"ခင်ဗျားပြောသလောက်လည်း မဟုတ်ပါဘူး။
ကလေးမက သူ့ဟာနဲ့သူတော့ ကြည့်ကောင်းပါတယ်။”သူများ သားသမီးကို မှိုချိုးမျှစ်ချိုးပြောနေသည့် David ကြောင့် Lucas ညည်းညူသံနှင့် ကလေးမဘက်က ဝင်ကာပေးမိသည်။
"မင်းကလည်း နည်းနည်းလေးမှ သဝန်မတိုဘူးလား။”
David မေးတော့ Lucas ဟန်ပါပါ ပြုံးလိုက်မိသည်။
"ဒီလို သူငယ်နှပ်စား ကလေးမတစ်ယောက်နဲ့ သဝန်တိုရအောင် Xan ကျွန်တော့အပေါ် ထားတဲ့ အချစ်က အဲ့လောက် ပေါပဲ မနေဘူး။
Xan ကို ယုံကြည်ပြီးသား။”David မျက်နှာကြီးက အီးမှန်သလို တစ်ခါတည်း ရှုံ့မဲ့သွားသည်။
သို့သော်လည်း ဟန်ကိုယ်ဖို့ လုပ်ကာ ရအောင် ဆက်ပြောသည်။"အဲ့တာဆိုလည်း မင်း မျက်မှန်လိုနေတာတော့ သေချာပြီ။
တစ်မြို့လုံးမှာ ငါ့အစ်မ ရုပ်အဆိုးဆုံးလို့ ထင်ထားတာ။
ခု သူနဲ့တွေ့တော့မှဘဲ...”"ခင်ဗျားကို မကြိုက်လို့မလား။”
Lucas ဖြတ်ပြောလိုက်တော့ David အရှိုက်ထိကာ အီလည်လည်ရုပ် ဖြစ်သွားသည်။

YOU ARE READING
Beyond the Eternity (??????? ??????????)
Paranormal"?????? ???????????? ?????????? ??????? ?????????????????????? " "?????? ???????????? ?????????? ??????? ????????????? ?????????" Just a simple love story between the mythical creatures ?