(Unicode )
Alex နိုးလာချက်ချင်း တိမ်ကင်းစင်နေသော ကောင်းကင်ပြာကြီးကို အရင် မြင်လိုက်ရသည်။
ချက်ချင်းထရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တော့ ရှေ့တည့်တည့်တွင် ဝင်းဝါနေသော ပြောင်းခင်းကြီးက လေယူရာအလိုက် ယိမ်းနွဲ့ကာ ကနွဲ့ကလျ ဖြစ်နေသည်။
နေရောင်ခြည်၏ နွေးထွေးမှုပါသော လေညင်းနုနု။
ပြောင်းခင်းဘေးက သူ ရပ်နေသည့် လမ်းတစ်ဖက်ခြမ်း။
ညာဘက်သို့ မျှော်ကြည့်မှ ခပ်ပျပျ မြင်ရသည့် တဲအိမ်ကလေးများ။ဤနေရာကို သူ ရင်းရင်းနှီးနှီး သိနေသလိုပင်။
ခပ်ဝေးဝေးမှ ဘုရားကျောင်းလေးကို လှမ်းမြင်လိုက်သည့် အချိန်တွင်တော့ သူ့ရင်ထဲ နွမ်းလျသွားသည်။
Sabrina နဲ့ သူ လက်ထပ်ခဲ့သည့် ဘုရားကျောင်းလေး။
ဤနေရာကား သူတို့နှစ်ယောက် အချိန်အတော်ကြာ နေထိုင်ခဲ့သည့် ရွာငယ်လေး။
လွမ်းမောစိတ်နှင့် သူ တဖြည်းဖြည်း လျှောက်လာရင်း စက္ကန့်အချို့အကြာ ခုံတန်းတစ်ခုပေါ်တွင် မိန်းကလေး တစ်ယောက်ကို ထိုင်နေသည်ကို တွေ့လိုက်ရသည်။
ဆံပင်အနက်ရောင် ကောက်ကောက်တွေနှင့်...
"Sabrina"
သူ အသံထွက် ရေရွတ်လိုက်တော့ မိန်းကလေးက
လှည့်ကြည့်လာသည်။ထို့နောက် သူ့ကို နှစ်လိုလက်ရ ပြုံးပြ သည်။
"Hey Alex"
..............."မင်းက တကယ်.."
"ဟုတ်ပါတယ်။
ကျွန်မက တကယ့် Sabrina အစစ်ပါ။
ပြီးတော့ အခု ရှင်တို့ ကျေးဇူးနဲ့ ငြိမ်းချမ်းမှု ရသွားပါပြီ။"သူ့စကား မဆုံးခင် Sabrina က ဖြတ်ဖြေသည်။
Alex ခေါင်းငြိမ့်လိုက်သည်။
ထို့နောက် Sabrina ၏ ဘေးက နေရာလွတ်လေးတွင် ဝင်ထိုင်လိုက်သည်။"အဲ့တော့ သူတို့ Christopher ကို အနိုင်ယူလိုက်နိုင်ပြီပေါ့။"
Sabrina က ပြုံးပြီး ခေါင်းညိတ်ပြသည်။
"ကိုယ်က သေသွားပြီလား Sabrina"
ရှေ့မှ ပြောင်းခင်းဝါဝါတွေကို ငေးကြည့်ရင်း မေးလိုက်မိတော့လည်း Sabrina က ပြုံးနေဆဲပင်။

YOU ARE READING
Beyond the Eternity (??????? ??????????)
Paranormal"?????? ???????????? ?????????? ??????? ?????????????????????? " "?????? ???????????? ?????????? ??????? ????????????? ?????????" Just a simple love story between the mythical creatures ?