We and Our cafe(Completed)

By AlienMi709

76.4K 4K 495

မင်းရယ် ကျွန်တော်ရယ် ကျွန်တော်တို့ Cafeလေးရယ်... OTP-TaeKook(Not SE) JungKook × Taehyung × NamJoon Started da... More

Intro
Part...1
Part...2
Part...4
Part...5
Part...6
Part...7
Part...8
Part...9
Part...10
Part...11
Part...12
Part...13
Part...14
Part...15
Part...16
Part...17
Part...18
Part...19
Part...20
Part...21
Part...22
Part...23
Part...24
Part...25
Part...26
Part...27
Part...28
Part...29
Part...30
Part...31
Part...32
Part...33
Part...34
Part...35
Part...36
Final1
Final2
Extra

Part...3

2.5K 154 31
By AlienMi709

For Unicode

အဖွဲ့နှစ်ဖွဲ့ရန်ဖြစ်နေကြတဲ့ ဒီနေရာ။လမ်းကြို၊လမ်းကြား ကျဉ်းကျဉ်းကျပ်ကျပ်နေရာမှာ ရန်ဖြစ်နေကြတဲ့အတွက် နံရံမှာလည်း သွေးစအချို့က လှလှပပစွန်းထင်းလို့။ရှုံးနိမ့်သူအတွက်တော့ နံရံခပ်ကြီးကြီးက အပြစ်ပေးခံရမဲ့  ကြိုးစင်ကြီးသဖွယ်။

"ခွေးမသား...မင်းလောက်နဲ့ ငါ့ကိုနိုင်မယ်ထင်နေလား"

Jung kook ဒေါသတွေနဲ့ တစ်ဖက်လူကို နံရံနဲ့ပစ်ဆောင့်ချလိုက်တော့ ခေါင်းက သွေးတွေ ဖြာကနဲထွက်လာသည်။ခြေထောက်တောင်ကောင်းကောင်းမထောက်နိုင်တော့တဲ့ ထိုလူက ဘေးက အမှိုက်ပုံးအိတ်တွေနဲ့တိုက်ပြီး လဲကျသွားသည်။ပြန်ထလာနိုင်စွမ်းကတော့ မရှိ။

"အဟက်...ဒီနေ့အဖို့တော့ကောင်းကောင်းအိပ်လိုက်ပါအုံး"

ရွှီ...ရွှီ...

"ဟေ့ကောင်တွေရပ်စမ်း"

Jung kook လဲကျနေတဲ့လူတွေကိုထားခဲ့ပြီး သူ့သူငယ်ချင်းတွေနဲ့တိုက်ခိုက်နေတဲ့ တခြားလူ​တွေကို ထိုးနှက်ဖို့လုပ်တုန်း ရဲတွေရောက်လာတာကြောင့်
အားလုံး နေရာက ထွက်ပြေးရသည်။

"တောက်... ဘယ်သူတောင်းစား တိုင်လိုက်တာလဲမသိဘူး...ရဲတွေလာနေပြီ...Seok jinတို့...သူတို့ကိုထားခဲ့တော့"

Jung kook က Seok jinနဲ့Ho seok ကို အသိပေးရင်း မြေပေါ်ကျနေတဲ့ ဦးထုပ်အနက်လေးကို ခပ်ငိုက်ငိုက်စောင်းပြီးထွက်ပြေးလိုက်သည်။

ကိုယ့်ဦးတည်ရာနဲ့ကိုယ် ထွက်ပြေးတာဖြစ်လို့ သုံးယောက်သုံးလမ်းဖြစ်နေသည်။နောက်ကရဲတွေကလည်း မှီအောင်ကျမလိုက်နိုင်ဘဲ တရွှီရွှီနဲ့ အသံပေးနေလေရဲ့။

ရဲတွေကို မျက်ခြေဖျက်ပြီး Jung kook ဟိုလမ်းဒီလမ်းကွေ့ပတ်ပြေးနေသည်။

ပြေးရင်းလွှားရင်း ဘယ်နေရာရောက်နေပြီလဲဆိုတာ စူးစမ်းကြည့်လိုက်တော့ သူသောက်နေကျ Cafeဆိုင်ကိုသွားတဲ့လမ်းပင် ရောက်နေလေပြီ။

လူအုပ်ကြားမှာ ဝင်ရောရင်း ခပ်တည်တည်ပဲလမ်းလျှောက်ကာ ဆိုင်ထဲဝင်လိုက်တော့ သာယာတဲ့ခေါင်းလောင်းသံလေးနဲ့အတူ အသံလေးတစ်သံထွက်ပေါ်လာသည်။ဝိုင်းတစ်ဝိုင်းကငွေရှင်းတာကို လက်ခံယူနေတဲ့ကောင်လေးက 'ကြိုဆိုပါတယ်' ဆိုတဲ့စကားကို နားဝင်ချိုမြစွာ ဆိုလေ၏။

ဧည့်သည်တွေရှိသေးတာကြောင့် Jung kook အသံရှင်ကို မော့မကြည့်မိသေး။သူ့မျက်နှာက ဒဏ်ရာတွေတွေ့မှ မသင်္ကာဖြစ်ပြီး ရဲလှမ်းတိုင်လိုက်ရင် ဒုက္ခ။ဒါ့ကြောင့် သူကောင်တာဆီကိုသာ ဦးတည်သွားလိုက်တော့ ကောင်တာမှာလူကမရှိ။

"ဘာလဲ တစ်ဆိုင်လုံးမှာ ဝန်ထမ်းကတစ်ယောက်ပဲရှိတာလား"

"အာ...ကျွန်တော်လာပါပြီခင်ဗျ။ ဧည့်သည်ဘာများသုံးဆောင်ပါမလဲ"

ထိုအခါ Jung kook ခေါင်းကိုမော့လိုက်တော့ တစ်ဖက်က ဝန်ထမ်းကောင်လေးမှာ မျက်လုံး အပြူးသားဖြစ်နေရသည်။

"Doppio"

Tae hyung မျက်နှာတစ်ခုလုံးဒဏ်ရာတွေနဲ့ ဧည့်သည်ဖြစ်သူကြောင့် ရုတ်တရက် လန့်သွားမိသည်။သေချာကြည့်လိုက်တော့ အနက်ရောင်အင်္ကျီမှာလည်း သွေးစအချို့က ပေစွန်းလို့။

လူသတ်သမားလား၊ဓားပြလား၊သူခိုးလားဆိုပြီး အတွေးအမျိုးမျိုးက ဝင်ရောက်လာသည်။ ဆိုင်ကိုအမှုပတ်ရင်တော့ ဒုက္ခများတော့မှာပဲ။

"ဒီမှာ ကိုယ့်ကို အဲ့လောက်ကြည့်မနေနဲ့...ဘာလဲ Doppioက မရတာလား"

"အာ...ဟုတ်ကဲ့...ကျွန်တော်တို့ဆိုင်က Doppioမရဘူး ခင်ဗျ"

ခပ်တည်တည်နဲ့ လိမ်ပြောနေတဲ့ ကောင်လေးကြောင့် Jung kookရယ်မိလိုက်သည်။သူရယ်တော့ ဝန်ထမ်းကောင်လေးက မျက်နှာပျက်သွားလေ၏။

"ကိုယ်ဒီမှာDoppioသောက်နေကျ...လာလိမ်မနေနဲ့...အခုကိုယ် Doppioတစ်ခွက် အမြန်လိုချင်တယ်...ရှင်းပါတယ်နော်"

လူမိသွားတဲ့ Tae hyungခမျာ အားနာရမလား၊ကြောက်ရမလားဆိုတာတောင် မဝေခွဲတတ်တော့။ခေါင်းညိတ်ပြကာ သူမှာတာကိုသာ အမြန်ဆုံးဖျော်ပေးနေလိုက်သည်။

"Yoongiကလည်း ခုထိ မလာသေးဘူး...ပြောတော့ Jiminကို အိမ်လိုက်ပို့ပြီး လာခဲ့ပါမယ်တဲ့။အရေးနဲ့အကြောင်းဆိုလူကိုမရှိဘူး...ပြန်လာမှကို ဆူပစ်ဦးမယ်"

ပွစိပွစိနဲ့ မျက်နှာလေးမဲ့လျက် ရေရွတ်နေတဲ့ကောင်လေးကို Jung kook သဘောတကျဖြစ်နေသည်။ဒီကောင်လေး အစကတည်းက ဒီဆိုင်မှာရှိနေတာလား၊အခုမှ အလုပ်ဝင်တာလားမသိပေမဲ့ အတော်ချောတဲ့ကောင်လေးပင်။သူ့လိုလူတစ်ယောက်က ဒီလိုအချောလေးကို အခုမှသတိထားမိတယ်ဆိုရင်တော့ ရာဇဝင်ရိုင်းတော့မည်။

ဖြူဖြူဥဥကောင်လေးက ထိရက်စရာတောင်မရှိ။မျက်လုံးလေးတွေဟာလည်း နက်မှောင်လှပလွန်းသည်။Jung kook ကောင်တာရှေ့မှာပဲရပ်ပြီး ထိုကောင်လေးကို ငေးမောနေမိသည်။တစ်နည်းအားဖြင့်  မျက်စိအစာကျွေးတာပေါ့။

သူကြည့်နေတာကို သတိထားမိသွားတဲ့ ထိုကောင်လေး။ တင်းမာသွားတဲ့ မျက်နှာချောချောက မေးရိုးလေး​တွေတောင်ထင်းလို့။စိတ်အနှောက်အယှက်ဖြစ်သွားတယ်ထင်ပါရဲ့။

ဒါ့ကြောင့် Jung kookမျက်နှာလွှဲပြီး ဟိုကြည့်ဒီိကြည့် ကြည့်နေပေးလိုက်သည်။ခဏနေတော့ ထိုကောင်လေးဆီမှ 'မှာထားတာ ရပါပြီ ဧည့်သည်'ဆိုတဲ့ အသံလေးထွက်လာသည်။

ကြည့်လိုက်တော့ Doppioလေးက ခါတိုင်းလို ဖန်ခွက်လေးနဲ့မဟုတ်။ထိုကောင်လေးက သူ့ကိုမြန်မြန်ထွက်သွားစေချင်နေတာလားမသိ။

"ကိုယ် ပါဆယ်မယူပါဘူး...ဆိုင်မှာပဲသောက်မှာပါ"

"အာ...အားနာလိုက်တာ...ကျွန်တော်က စားပွဲမှာသွားမထိုင်ဘဲ ဒီမှာရပ်နေတော့ ပါဆယ်ထင်သွားတာ...ပေးပါ ကျွန်တော် အဆင်ပြေအောင်ပြန်လုပ်ပေးပါ့မယ်"

Tae hyung အစက ခပ်လန့်လန့်ရှိပေမဲ့
ကိုယ်နဲ့ဆိုင်တာလည်းမဟုတ်၊သိလည်းမသိ၊ပြီးတော့ သူက ကိုယ့်ဆိုင်က Customerပါလေဆိုပြီး အဆင်ပြေ​ေပြသော ဆက်ဆံနိုင်ဖို့ကြိုးစားမိသည်။သူလည်းအဲ့​လောက် ကြောက်တတ်တဲ့လူတော့မဟုတ်ပါဘူး။ရုတ်တရက်လန့်သွားလို့သာ။

"ရပါတယ် ကိုယ် ဒီတိုင်းလေးပဲ ထိုင်သောက်နေလိုက်ပါ့မယ်...ဖြစ်တယ်မလား"

"ဖြစ်ပါတယ်ဗျာ...ထိုင်ပါ"

ချလွင်...ချလွင်...

"ကြိုဆို...ဪ Yoongi...ပြန်လာတာစောပါ့ပဲ...Jiminရော သက်သာပြီလား"

"ကျွန်တော် သူ့ကို အိမ်ပို့ပြီး ချက်ချင်းပြန်လာခဲ့တာ Hyungရဲ့...jiminကိုတော့ ဆေးသောက်ဖို့ပြောခဲ့တာပဲ ချက်ချင်းတော့ ဘယ်သက်သာပါ့မလဲ"

ရွဲ့ပြောတာကို ရွဲ့ပြောမှန်းမသိတဲ့  Yoongiကို Tae hyungဘာမှဆက်မပြောချင်တော့။အဝတ်သာ သွားလဲခိုင်းလိုက်သည်။

Jung kookကလည်း ဟိုကောင်ချောလေးနဲ့ အဖြူကောင်လေးတို့ နှစ်ယောက်သား စကားပြောနေကြတာမလို့ သူ့ဘာသူ့သာ ထိုင်နေကြဝိုင်းကိုသွားပြီး ကော်ဖီသောက်နေလိုက်သည်။

"အင်း...ခါးတယ်...ပြီးတော့ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်...မင်းကိုငါကြိုက်တယ်"

Doppioတစ်ငုံသောက်ရင်း ခွက်ကိုကြည့်ပြီး ပြောနေတဲ့ Jung kookရဲ့ စကားတွေက ဘယ်အရာကိုရည်ညွှန်းမှန်း Jung kookကလွှဲလို့ ဘယ်သူမှ သိနိုင်မယ်မထင်။

_________________________

နောက်နှစ်ပတ်လောက်နေရင် ကျောင်းတွေ​ြပန်ဖွင့်တော့မယ်ဆိုတော့ Tae hyung ဝန်ထမ်းတစ်ယောက်လောက်တော့ ခေါ်ကိုခေါ်မှ​ြဖစ်တော့မည်။Jiminနဲ့ Yoongiကလည်း ဒီနှစ်လအတွင်း အတော်ကြိုးစားပေးခဲ့ကြတယ်မဟုတ်လား။

တကယ်ဆို သူတို့အလုပ်မလုပ်လဲ သူတို့အိမ်က လိုအပ်တာတွေအကုန်ထောက်ပံ့ပေးထားပြီးသား။သူ့မျက်နှာကြောင့် အလုပ်လုပ်ပေးနေကြတယ်ဆိုတာ သူသိပါတယ်။

လကုန်ပိုင်းလောက်ကတည်းက အလုပ်သမားအသစ်ခေါ်လိုက်ရမှာကို မခေါ်ဖြစ်လိုက်။အခုခေါ်မယ်ဆို လတစ်ဝက်စာပဲ လခပေးနိုင်မယ်။ဟုတ်တယ်လေ အခုပဲလတစ်ဝက်ကျိုးနေပြီဟာ။အလကားတော့ မပေးနိုင်ပါဘူး။

တီ...တီ...တီ...တီ

အလုပ်လုပ်နေရင်း ဖုန်းဝင်လာတာနဲ့ Tae hyung အနောက်က မုန့်လုပ်ခန်းထဲ ဝင်ပြီး ဖုန်းပြောလိုက်သည်။

"ဟုတ်ကဲ့ ဒေါ်လေး...Tae hyungပါ"

"Tae hyung...သား သန်ဘက်ခါအားလား သား...Daeguကို လာခဲ့လို့ရမလား"

"ဗျာ... ကျွန်တော့်ဆိုင်က ပိတ်ရက်တော့ မရှိဘူးဗျ...ဘာလို့လဲ ဒေါ်လေး"

"မင်းအဘွားက သူ့မွေးနေ့မှာ မြေးတွေစုံအောင် တွေ့ချင်တယ်ဆိုလို့ပါ သားရယ်...
သား အစ်မတွေကိုလည်း ခေါ်ထားတယ် ... သားအဆင်ပြေရင် လာဖြစ်အောင်လာခဲ့ပါ...တစ်ညအိပ်ပဲဖြစ်ဖြစ်"

လာစေချင်လို့ အတင်းခေါ်နေတော့လည်း Tae hyungငြင်းမနေချင်တော့ပါ။သူလည်း မရောက်တာကြပြီဆိုတော့ လက်ခံလိုက်တော့သည်။

"ဟုတ်ကဲ့...ကျွန်တော် သန်ဘက်ခါ မနက်အစောကားနဲ့ လာခဲ့ပါ့မယ်...ဟုတ်ကဲ့ ဒေါ်လေး... ဒါပဲနော်"

သွားရမယ်ဆိုတော့လည်း ဆိုင်ပိတ်ရဦးမှာပေါ့။ဘယ်တတ်နိုင်ပါ့မလဲ။

"Tae hyung-Hyung"

ဆိုင်ရှေ့က Jiminခေါ်သံကြောင့် အပြေးသွားကာ အလုပ်ပြန်လုပ်ရတော့သည်။

_______________________

"အဘွားက မြေးတွေကိုသတိရနေတာ...မင်းတို့က ဒီအဘွားကြီးဆီ ဖုန်းတောင်မဆက်ကြဘူး...အဘွားကြီးကို အသက်ကြီးလို့ ဂရုမစိုက်ကြတော့တာလား...နောက်တစ်ခါရော ထပ်လာပါအုံးမလား"

ငိုမဲ့မဲ့ပြောနေတဲ့ အဘွားက အသက်ကြီးလာတော့ ပိုပြီး စိတ်နုလာတယ်ထင်ပါရဲ့။
ဝမ်းနည်း၊ဝမ်းသာလွယ်လာသည်။

"မဟုတ်တာ အဘွားရယ်...အဘွားကို ကျွန်တော်တို့လည်း သတိရနေပါတယ်...အလုပ်တွေက မအားတော့ မဆက်သွယ်ဖြစ်ရုံပါ...နောက်ဆို အမြဲ ဖုန်းဆက်မယ်နော်"

"ဟုတ်တယ်...သမီးတို့ရောပဲ"

အဘွားကို ချော့ပြီး ပြောတဲ့ Tae hyung စကားကို အစ်မတွေကလည်း ဝင်ထောက်ခံကြ၏။

ဒီနေ့ Tae hyung  Daeguကိုရောက်တာ နှစ်ရက်ပင်ပြည့်ပြီ။အစကဆိုင်ပိတ်ဖို့ လုပ်ခဲ့ပေမဲ့ Yoongiတို့က သူတို့တာဝန်ယူပါတယ်၊မပိတ်ပါနဲ့လို့ပြောလာတာနဲ့ ဆိုင် မပိတ်ခဲ့။တစ်ဆက်တည်း ဝန်ထမ်းသစ်ပါ ခေါ်ခိုင်းထားလိုက်သည်။
သူမရှိပေမဲ့ Yoongiတို့က ဆိုင်ကို သေချာစောင့်ရှောက်ကြမှာပါ။သူ့ညီလေးတွေကို သူယုံတယ်လေ။

အခုလည်း ဝန်ထမ်းသစ်ရပြီဆိုလားပဲ။ပြောပါတယ် ကျွန်တော့် ကလေးတွေက တော်ကြပါတယ်ဆို။

ဒါ့ကြောင့် ဒီမှာ တစ်ညအိပ်နှစ်ရက် အေးအေးဆေးဆေးနေပြီး အဘွားကို ဂရုစိုက်ပေးနေနိုင်တာဖြစ်သည်။

ဒါပေမဲ့ အခုတော့ ပြန်ရတော့မည်။အလုပ်လည်းရှိနေသေးတော့ အရမ်းကြာလို့မရ။

"ဒါဆို ကျွန်တော်သွားတော့မယ်နော် အဘွား…လွမ်းနေမှာသိလား...ဒေါ်လေးတို့ရော...အစ်မတို့ရော ကောင်းကောင်းနေခဲ့ပါ..."

Tae hyungပြန်ဖို့အတွက် ကားဂိတ်ကို ယောက်ဖဖြစ်သူက လိုက်ပို့သည်။အစ်မဝမ်းကွဲရဲ့ အမျိုးသားဖြစ်ပေမဲ့ သူနဲ့အဆင်ပြေပါသည်။သူကလည်း ခပ်ဆိုးဆိုးလူမှ မဟုတ်ဘဲ။

"ရောက်ရင် အဘွားဆီ ဖုန်းဆက်လိုက်ဦး​နော် Tae hyung။စိတ်ပူနေအုံးမယ်"

"ဟုတ်ကဲ့ hyung ဒါဆို ကျွန်တော်သွားပြီးနော်"

ကားပေါ်တက်ခါနီး ယောက်ဖကို  စကားသေချာပြောပြီး နှုတ်ဆက်လိုက်သည်။

ထို့နောက် Tae hyungလိုက်ပါတဲ့ ကားလေးက ဆိုလ်းမြို့ကြီးဆီသို့ ဦးတည်ကာ ထွက်ခွာလျက်။

____________________________

Tae hyung ဆိုလ်းကိုရောက်တော့ မနက်(၁၀)နာရီနီးပါပဲ ရှိသေးသည်။ဒါ့ကြောင့် အိမ်ကိုပြန်ပြီး (၂)နာရီလောက် နားကာ ရေမိုးချိုးပြီး နေ့လည်စာစားထားလိုက်သည်။အဘွားကိုလည်း ဖုန်းဆက်ဖို့မမေ့။

နေ့လည်ပိုင်းတော့ သူအလုပ်ဆင်းဖို့တွေးထားသည်။ဆိုင်ရှင်ဖြစ်ပေမဲ့ အချောင်မခိုချင်။

ဒီနေ့တော့ Yoongiတို့အတွက်ပါ နေ့လည်စာ ပိုချက်ထားလိုက်သည်။ဝန်ထမ်းသစ်အတွက်ရောပေါ့။ကလေးတွေက အမြဲအပြင်စာပဲစားနေတော့ တစ်ခါတလေ အခုလိုသူကိုယ်တိုင်ချက်ကျွေးဖြစ်သည်။

Tae hyung နေ့လည်စာထမင်းဗူးလေးတွေကိုင်ရင်း Bear cafeဆီသို့ သွားလိုက်သည်။

ဆိုင်တံခါးလေးကိုဆွဲဖွင့်လိုက်တော့ ခေါင်းလောင်းလေးက သူ့တာဝန်အတိုင်း သာယာသံနဲ့ နှုတ်ခွန်းဆက်သလေ၏။

"ဟာ...Hyung ပြန်လာပြီလား...နားဦးမှပေါ့ ဘာလို့ဆိုင်ကိုတန်းလာတာတုန်း"

"ဒီမှာလေ"

Yoongiရဲ့ စကားကို Tae hyung လက်ထဲက ထမင်းဗူးလေးကို မြှောက်ပြပြီး အဖြေပေးလိုက်သည်။

Yoongiနဲ့ Jiminက ငယ်သာငယ်တာ။တစ်ခါတလေ သူ့ကိုတောင် ပြန်ဆုံးမတတ်သေးတယ်။

"Hyung ကိုယ်တိုက်ချက်လာတာလား စားမယ်...စားမယ်...ကျွန်တော်တို့လည်း အခုပဲနားတော့မလို့ ကွက်တိပဲ hyungရေ"

လက်ထဲက ထမင်းဗူးတွေကို ယူရင်း Jiminကတော့ ပျော်နေလေသည်။

"မင်းကတော့ မပြောလိုက်ချင်ဘူး...အစားဆိုငမ်းငမ်းတက်..."

"မင်းလည်း ဘာထူးလဲ"

Yoongiနဲ့ Jiminက ဟုတ်တာလည်းမဟုတ်ဘဲ ခဏခဏ ငြင်းခုန်နေကြသည်။အခုလည်း ထုံးစံမပြတ်ငြင်းနေပြန်တယ်။

"ဒါနဲ့Tae hyung-hyungကို ဝန်ထမ်းအသစ်နဲ့ မိတ်ဆက်ပေးရမယ်...Hyungရေ လာဗျာ"

Yoongi နောက်လှည့်ကာခေါ်လိုက်တော့ ဧည့်သည်တွေ သောက်သွားတဲ့ ကော်ဖီခွက်တွေကို သိမ်းလာတဲ့ ဝန်ထမ်းသစ်က ပါးချိုင့်နက်နက်ကြီးတွေနဲ့​ပြုံးလျက် Tae hyung တို့ အနားကိုရောက်လာသည်။

ထိုပါးချိုင့်တစ်စုံကို Tae hyung နှစ်သက်မိသည်။ထိကိုင်ချင်စရာပါးချိုင့်တွေက ပိုင်ရှင်ဖြစ်သူနဲ့​တော့  လိုက်ဖက်တယ်ဆိုတာထက်ပိုနေသည်။

"ကျွန်တော့်နာမည် Kim Nam Joonပါ သူဌေး"

____________________________

ထမင်းစားနေတဲ့ သုံးယောက်သားရှေ့မှာ Tae hyung လက်ပိုက်လျက်ထိုင်နေသည်။

Kim Nam Joonဆိုတဲ့ ဝန်ထမ်းသစ်က ထမင်းစားရင်း Tae hyungနဲ့မျက်လုံးချင်းဆုံရင် ရယ်ရယ်ပြတတ်သေးတာ။
ပြုံးတာမဟုတ်ဘဲ အကြောင်းပြချက်မရှိလာရယ်ပြနေတာ။ဘာလဲ ပါးချိုင့်ရှိတိုင်း လူကို အားကျအောင် လာကြွားနေတာလား။

Yoongiတို့ခန့်ထားတယ်ဆိုတဲ့ ဝန်ထမ်းကို အနည်းဆုံး အဝေးသင်ကျောင်းသားလောက်ဖြစ်မယ်လို့ ထင်ထားခဲ့တာ။အခုတော့ သူ့ထက်တောင် (၂)နှစ်ကြီးတဲ့လူ ဖြစ်နေတယ်လေ။

ခပ်ပြုံးပြုံးသာနေတတ်တဲ့ ထိုလူကို Taehyung အကဲခတ်ရသလောက်တော့ အကောင်းမြင်တတ်ပြီး အလုပ်ကြိုးစားမဲ့ပုံပေါ်သည်။ဖော်ရွေတတ်မယ်လည်း ထင်ပါရဲ့။

"Nam Joon hyungက ဘယ်ကနေ ဘယ်လို ဒီcafeမှာ လုပ်ဖြစ်သွားတာလဲဗျ...Seoul universityက ကျောင်းပြီးထားတယ်လို့ ပြောလို့မေးကြည့်တာပါ...တစ်မျိုးမထင်ပါနဲ့"

"ရပါတယ် သူဌေးရဲ့ မထင်ပါဘူး...ကျွန်တော်အရင်က Samsung companyခွဲတစ်ခုမှာ မန်နေဂျာလုပ်တာ...ဒါပေမဲ့ အမှားလုပ်မိလို့ အလုပ်ထုတ်ခံရတယ်လေ...အဲ့တာကြောင့် အခုအလုပ်မရှိတာနဲ့ ဝင်လုပ်လိုက်တာပါ...ကျွန်တော်လုပ်ချင်တဲ့ companyကလည်း ဝန်ထမ်းမခေါ်သေးတာနဲ့လေ"

"ဪ...ဘာများအမှားလုပ်မိလို့လည်း... ဟို Hyung အဆင်ပြေမှဖြေပါ..."

အလုပ်ထုတ်ရအောင် ဘာတွေများ အမှားလုပ်မိလဲဆိုတာ သိချင်စိတ်ကြောင့် Tae hyungမေးမိသည်။ဒါပေမဲ့ သူများကိုယ်ရေးကိုယ်တာကို အရမ်းစွက်ဖက်သလိုဖြစ်မှာစိုးလို့ ကိုယ့်စကားကိုယ်လည်း ထိန်းနေရသေးတာ။သူ လူမှုရေးမသိတတ်တဲ့လူတော့ မဖြစ်ချင်ပါ။

"ရင်းနှီးမြှုပ်နှံမဲ့ ငွေစာရင်းမှာ သုညလေးတစ်လုံးပိုထည့်မိလို့ပါ...ဒါနဲ့ပဲ ကျွန်တော် အလုပ်ပြုတ်ပါလေရော သူဌေးရယ်"

မျက်နှာရှုံ့မဲ့လျက် ပြောနေတဲ့ Namjoonရဲ့ ညည်းညူဟန်စကားကိုကြောင့် Yoongiနဲ့ Jiminက ထမင်းစားနေရင်းမှ ဟားခနဲ ထရယ်လေသည်။

"Yoongiတို့ အကြီးကို မပြောင်ရဘူးလေ...ဘာလို့ထရယ်တာလဲ...သူများအလုပ်ပြုတ်တာကို"

ဟိုသူငယ်ချင်းနှစ်ယောက်ကတော့ Tae hyungဆူတာတောင် ပြုံးတုံ့တုံ့နဲ့ လုပ်နေကြသေးတာ။

"ရပါတယ်ဗျာ...ကျွန်တော်ကိုက တလွဲလုပ်တတ်တာပါ...အလုပ်ပြုတ်ရုံနဲ့ပြီးသွားတာပဲ တော်ပါသေးတယ်...သူဌေးရယ်"

"သူဌေးလို့ခေါ်ပါနဲ့...ကျွန်တော်က       Nam Joon hyungထက် (၂)နှစ်နီးပါး ငယ်ပါတယ်...Tae hyungလို့ပဲခေါ်ပါ...ဒါနဲ့ အလုပ်လုပ်ရင် သေချာလုပ်အုံးနော်...တော်ကြာ သုညတစ်လုံးပိုပြောမိနေလို့ ကျွန်တော့် customerတွေ ပြေးကုန်အုံးမယ်"

Tae hyung ခပ်နောက်နောက်ပြောလိုက်တော့ Nam joonမှာ သူ့ဂုတ်သူပွတ်ရင်း ရှက်ရယ်ရယ်နေလေသည်။

အင်း...ခင်စရာတော့ကောင်းသား။
ရေရှည်အဆင်ပြေဖို့ပဲ မျှော်လင့်ပါတယ် Nam Joon Hyung။

______We and Our cafe______

2.2.2022

_____________________________

For zawgyi

အဖြဲ႕ႏွစ္ဖြဲ႕ရန္ျဖစ္ေနၾကတဲ့ ဒီေနရာ။လမ္းႀကိဳ၊လမ္းၾကား က်ဥ္းက်ဥ္းက်ပ္က်ပ္ေနရာမွာ ရန္ျဖစ္ေနၾကတဲ့အတြက္ နံရံမွာလည္း ေသြးစအခ်ိဳ႕က လွလွပပစြန္းထင္းလို႔။ရႈံးနိမ့္သူအတြက္ေတာ့ နံရံခပ္ႀကီးႀကီးက အျပစ္ေပးခံရမဲ့  ႀကိဳးစင္ႀကီးသဖြယ္။

"ေခြးမသား...မင္းေလာက္နဲ႕ ငါ့ကိုနိုင္မယ္ထင္ေနလား"

Jung kook ေဒါသေတြနဲ႕ တစ္ဖက္လူကို နံရံနဲ႕ပစ္ေဆာင့္ခ်လိဳက္ေတာ့ ေခါင္းက ေသြးေတြ ျဖာကနဲထြက္လာသည္။ေျခေထာက္ေတာင္ေကာင္းေကာင္းမေထာက္နိုင္ေတာ့တဲ့ ထိုလူက ေဘးက အမွိုက္ပုံးအိတ္ေတြနဲ႕တိုက္ၿပီး လဲက်သြားသည္။ျပန္ထလာနိုင္စြမ္းကေတာ့ မရွိ။

"အဟက္...ဒီေန႕အဖို႔ေတာ့ေကာင္းေကာင္းအိပ္လိုက္ပါအုံး"

႐ႊီ...႐ႊီ...

"ေဟ့ေကာင္ေတြရပ္စမ္း"

Jung kook လဲက်ေနတဲ့လူေတြကိုထားခဲ့ၿပီး သူ႕သူငယ္ခ်င္းေတြနဲ႕တိုက္ခိုက္ေနတဲ့ တျခားလူ​ေတြကို ထိုးႏွက္ဖို႔လုပ္တုန္း ရဲေတြေရာက္လာတာေၾကာင့္
အားလုံး ေနရာက ထြက္ေျပးရသည္။

"ေတာက္... ဘယ္သူေတာင္းစား တိုင္လိုက္တာလဲမသိဘူး...ရဲေတြလာေနၿပီ...Seok jinတို႔...သူတို႔ကိုထားခဲ့ေတာ့"

Jung kook က Seok jinနဲ႕Ho seok ကို အသိေပးရင္း ေျမေပၚက်ေနတဲ့ ဦးထုပ္အနက္ေလးကို ခပ္ငိုက္ငိုက္ေစာင္းၿပီးထြက္ေျပးလိုက္သည္။

ကိုယ့္ဦးတည္ရာနဲ႕ကိုယ္ ထြက္ေျပးတာျဖစ္လို႔ သုံးေယာက္သုံးလမ္းျဖစ္ေနသည္။ေနာက္ကရဲေတြကလည္း မွီေအာင္က်မလိုက္နိုင္ဘဲ တ႐ႊီ႐ႊီနဲ႕ အသံေပးေနေလရဲ႕။

ရဲေတြကို မ်က္ေျခဖ်က္ၿပီး Jung kook ဟိုလမ္းဒီလမ္းေကြ႕ပတ္ေျပးေနသည္။

ေျပးရင္းလႊားရင္း ဘယ္ေနရာေရာက္ေနၿပီလဲဆိုတာ စူးစမ္းၾကည့္လိုက္ေတာ့ သူေသာက္ေနက် Cafeဆိုင္ကိုသြားတဲ့လမ္းပင္ ေရာက္ေနေလၿပီ။

လူအုပ္ၾကားမွာ ဝင္ေရာရင္း ခပ္တည္တည္ပဲလမ္းေလွ်ာက္ကာ ဆိုင္ထဲဝင္လိုက္ေတာ့ သာယာတဲ့ေခါင္းေလာင္းသံေလးနဲ႕အတူ အသံေလးတစ္သံထြက္ေပၚလာသည္။ဝိုင္းတစ္ဝိုင္းကေငြရွင္းတာကို လက္ခံယူေနတဲ့ေကာင္ေလးက 'ႀကိဳဆိုပါတယ္' ဆိုတဲ့စကားကို နားဝင္ခ်ိဳျမစြာ ဆိုေလ၏။

ဧည့္သည္ေတြရွိေသးတာေၾကာင့္ Jung kook အသံရွင္ကို ေမာ့မၾကည့္မိေသး။သူ႕မ်က္ႏွာက ဒဏ္ရာေတြေတြ႕မွ မသကၤာျဖစ္ၿပီး ရဲလွမ္းတိုင္လိုက္ရင္ ဒုကၡ။ဒါ့ေၾကာင့္ သူေကာင္တာဆီကိုသာ ဦးတည္သြားလိုက္ေတာ့ ေကာင္တာမွာလူကမရွိ။

"ဘာလဲ တစ္ဆိုင္လုံးမွာ ဝန္ထမ္းကတစ္ေယာက္ပဲရွိတာလား"

"အာ...ကြၽန္ေတာ္လာပါၿပီခင္ဗ်။ ဧည့္သည္ဘာမ်ားသုံးေဆာင္ပါမလဲ"

ထိုအခါ Jung kook ေခါင္းကိုေမာ့လိုက္ေတာ့ တစ္ဖက္က ဝန္ထမ္းေကာင္ေလးမွာ မ်က္လုံး အျပဴးသားျဖစ္ေနရသည္။

"Doppio"

Tae hyung မ်က္ႏွာတစ္ခုလုံးဒဏ္ရာေတြနဲ႕ ဧည့္သည္ျဖစ္သူေၾကာင့္ ႐ုတ္တရက္ လန႔္သြားမိသည္။ေသခ်ာၾကည့္လိုက္ေတာ့ အနက္ေရာင္အကၤ်ီမွာလည္း ေသြးစအခ်ိဳ႕က ေပစြန္းလို႔။

လူသတ္သမားလား၊ဓားျပလား၊သူခိုးလားဆိုၿပီး အေတြးအမ်ိဳးမ်ိဳးက ဝင္ေရာက္လာသည္။ ဆိုင္ကိုအမႈပတ္ရင္ေတာ့ ဒုကၡမ်ားေတာ့မွာပဲ။

"ဒီမွာ ကိုယ့္ကို အဲ့ေလာက္ၾကည့္မေနနဲ႕...ဘာလဲ Doppioက မရတာလား"

"အာ...ဟုတ္ကဲ့...ကြၽန္ေတာ္တို႔ဆိုင္က Doppioမရဘူး ခင္ဗ်"

ခပ္တည္တည္နဲ႕ လိမ္ေျပာေနတဲ့ ေကာင္ေလးေၾကာင့္ Jung kookရယ္မိလိုက္သည္။သူရယ္ေတာ့ ဝန္ထမ္းေကာင္ေလးက မ်က္ႏွာပ်က္သြားေလ၏။

"ကိုယ္ဒီမွာDoppioေသာက္ေနက်...လာလိမ္မေနနဲ႕...အခုကိုယ္ Doppioတစ္ခြက္ အျမန္လိုခ်င္တယ္...ရွင္းပါတယ္ေနာ္"

လူမိသြားတဲ့ Tae hyungခမ်ာ အားနာရမလား၊ေၾကာက္ရမလားဆိုတာေတာင္ မေဝခြဲတတ္ေတာ့။ေခါင္းညိတ္ျပကာ သူမွာတာကိုသာ အျမန္ဆုံးေဖ်ာ္ေပးေနလိုက္သည္။

"Yoongiကလည္း ခုထိ မလာေသးဘူး...ေျပာေတာ့ Jiminကို အိမ္လိုက္ပို႔ၿပီး လာခဲ့ပါမယ္တဲ့။အေရးနဲ႕အေၾကာင္းဆိုလူကိုမရွိဘူး...ျပန္လာမွကို ဆူပစ္ဦးမယ္"

ပြစိပြစိနဲ႕ မ်က္ႏွာေလးမဲ့လ်က္ ေရ႐ြတ္ေနတဲ့ေကာင္ေလးကို Jung kook သေဘာတက်ျဖစ္ေနသည္။ဒီေကာင္ေလး အစကတည္းက ဒီဆိုင္မွာရွိေနတာလား၊အခုမွ အလုပ္ဝင္တာလားမသိေပမဲ့ အေတာ္ေခ်ာတဲ့ေကာင္ေလးပင္။သူ႕လိုလူတစ္ေယာက္က ဒီလိုအေခ်ာေလးကို အခုမွသတိထားမိတယ္ဆိုရင္ေတာ့ ရာဇဝင္ရိုင္းေတာ့မည္။

ျဖဴျဖဴဥဥေကာင္ေလးက ထိရက္စရာေတာင္မရွိ။မ်က္လုံးေလးေတြဟာလည္း နက္ေမွာင္လွပလြန္းသည္။Jung kook ေကာင္တာေရွ႕မွာပဲရပ္ၿပီး ထိုေကာင္ေလးကို ေငးေမာေနမိသည္။တစ္နည္းအားျဖင့္  မ်က္စိအစာေကြၽးတာေပါ့။

သူၾကည့္ေနတာကို သတိထားမိသြားတဲ့ ထိုေကာင္ေလး။ တင္းမာသြားတဲ့ မ်က္ႏွာေခ်ာေခ်ာက ေမးရိုးေလး​ေတြေတာင္ထင္းလို႔။စိတ္အေႏွာက္အယွက္ျဖစ္သြားတယ္ထင္ပါရဲ႕။

ဒါ့ေၾကာင့္ Jung kookမ်က္ႏွာလႊဲၿပီး ဟိုၾကည့္ဒီိၾကည့္ ၾကည့္ေနေပးလိုက္သည္။ခဏေနေတာ့ ထိုေကာင္ေလးဆီမွ 'မွာထားတာ ရပါၿပီ ဧည့္သည္'ဆိုတဲ့ အသံေလးထြက္လာသည္။

ၾကည့္လိုက္ေတာ့ Doppioေလးက ခါတိုင္းလို ဖန္ခြက္ေလးနဲ႕မဟုတ္။ထိုေကာင္ေလးက သူ႕ကိုျမန္ျမန္ထြက္သြားေစခ်င္ေနတာလားမသိ။

"ကိုယ္ ပါဆယ္မယူပါဘူး...ဆိုင္မွာပဲေသာက္မွာပါ"

"အာ...အားနာလိုက္တာ...ကြၽန္ေတာ္က စားပြဲမွာသြားမထိုင္ဘဲ ဒီမွာရပ္ေနေတာ့ ပါဆယ္ထင္သြားတာ...ေပးပါ ကြၽန္ေတာ္ အဆင္ေျပေအာင္ျပန္လုပ္ေပးပါ့မယ္"

Tae hyung အစက ခပ္လန႔္လန႔္ရွိေပမဲ့
ကိုယ္နဲ႕ဆိုင္တာလည္းမဟုတ္၊သိလည္းမသိ၊ၿပီးေတာ့ သူက ကိုယ့္ဆိုင္က Customerပါေလဆိုၿပီး အဆင္ေျပ​ေျပေသာ ဆက္ဆံနိုင္ဖို႔ႀကိဳးစားမိသည္။သူလည္းအဲ့​ေလာက္ ေၾကာက္တတ္တဲ့လူေတာ့မဟုတ္ပါဘူး။႐ုတ္တရက္လန႔္သြားလို႔သာ။

"ရပါတယ္ ကိုယ္ ဒီတိုင္းေလးပဲ ထိုင္ေသာက္ေနလိုက္ပါ့မယ္...ျဖစ္တယ္မလား"

"ျဖစ္ပါတယ္ဗ်ာ...ထိုင္ပါ"

ခ်လြင္...ခ်လြင္...

"ႀကိဳဆို...ဪ Yoongi...ျပန္လာတာေစာပါ့ပဲ...Jiminေရာ သက္သာၿပီလား"

"ကြၽန္ေတာ္ သူ႕ကို အိမ္ပို႔ၿပီး ခ်က္ခ်င္းျပန္လာခဲ့တာ Hyungရဲ႕...jiminကိုေတာ့ ေဆးေသာက္ဖို႔ေျပာခဲ့တာပဲ ခ်က္ခ်င္းေတာ့ ဘယ္သက္သာပါ့မလဲ"

႐ြဲ႕ေျပာတာကို ႐ြဲ႕ေျပာမွန္းမသိတဲ့  Yoongiကို Tae hyungဘာမွဆက္မေျပာခ်င္ေတာ့။အဝတ္သာ သြားလဲခိုင္းလိုက္သည္။

Jung kookကလည္း ဟိုေကာင္ေခ်ာေလးနဲ႕ အျဖဴေကာင္ေလးတို႔ ႏွစ္ေယာက္သား စကားေျပာေနၾကတာမလို႔ သူ႕ဘာသူ႕သာ ထိုင္ေနၾကဝိုင္းကိုသြားၿပီး ေကာ္ဖီေသာက္ေနလိုက္သည္။

"အင္း...ခါးတယ္...ၿပီးေတာ့ အရမ္းစိတ္ဝင္စားဖို႔ေကာင္းတယ္...မင္းကိုငါႀကိဳက္တယ္"

Doppioတစ္ငုံေသာက္ရင္း ခြက္ကိုၾကည့္ၿပီး ေျပာေနတဲ့ Jung kookရဲ႕ စကားေတြက ဘယ္အရာကိုရည္ၫႊန္းမွန္း Jung kookကလႊဲလို႔ ဘယ္သူမွ သိနိုင္မယ္မထင္။

_________________________

ေနာက္ႏွစ္ပတ္ေလာက္ေနရင္ ေက်ာင္းေတြ​ျပန္ဖြင့္ေတာ့မယ္ဆိုေတာ့ Tae hyung ဝန္ထမ္းတစ္ေယာက္ေလာက္ေတာ့ ေခၚကိုေခၚမွ​ျဖစ္ေတာ့မည္။Jiminနဲ႕ Yoongiကလည္း ဒီႏွစ္လအတြင္း အေတာ္ႀကိဳးစားေပးခဲ့ၾကတယ္မဟုတ္လား။

တကယ္ဆို သူတို႔အလုပ္မလုပ္လဲ သူတို႔အိမ္က လိုအပ္တာေတြအကုန္ေထာက္ပံ့ေပးထားၿပီးသား။သူ႕မ်က္ႏွာေၾကာင့္ အလုပ္လုပ္ေပးေနၾကတယ္ဆိုတာ သူသိပါတယ္။

လကုန္ပိုင္းေလာက္ကတည္းက အလုပ္သမားအသစ္ေခၚလိုက္ရမွာကို မေခၚျဖစ္လိုက္။အခုေခၚမယ္ဆို လတစ္ဝက္စာပဲ လခေပးနိုင္မယ္။ဟုတ္တယ္ေလ အခုပဲလတစ္ဝက္က်ိဳးေနၿပီဟာ။အလကားေတာ့ မေပးနိုင္ပါဘူး။

တီ...တီ...တီ...တီ

အလုပ္လုပ္ေနရင္း ဖုန္းဝင္လာတာနဲ႕ Tae hyung အေနာက္က မုန႔္လုပ္ခန္းထဲ ဝင္ၿပီး ဖုန္းေျပာလိုက္သည္။

"ဟုတ္ကဲ့ ေဒၚေလး...Tae hyungပါ"

"Tae hyung...သား သန္ဘက္ခါအားလား သား...Daeguကို လာခဲ့လို႔ရမလား"

"ဗ်ာ... ကြၽန္ေတာ့္ဆိုင္က ပိတ္ရက္ေတာ့ မရွိဘူးဗ်...ဘာလို႔လဲ ေဒၚေလး"

"မင္းအဘြားက သူ႕ေမြးေန႕မွာ ေျမးေတြစုံေအာင္ ေတြ႕ခ်င္တယ္ဆိုလို႔ပါ သားရယ္...
သား အစ္မေတြကိုလည္း ေခၚထားတယ္ ... သားအဆင္ေျပရင္ လာျဖစ္ေအာင္လာခဲ့ပါ...တစ္ညအိပ္ပဲျဖစ္ျဖစ္"

လာေစခ်င္လို႔ အတင္းေခၚေနေတာ့လည္း Tae hyungျငင္းမေနခ်င္ေတာ့ပါ။သူလည္း မေရာက္တာၾကၿပီဆိုေတာ့ လက္ခံလိုက္ေတာ့သည္။

"ဟုတ္ကဲ့...ကြၽန္ေတာ္ သန္ဘက္ခါ မနက္အေစာကားနဲ႕ လာခဲ့ပါ့မယ္...ဟုတ္ကဲ့ ေဒၚေလး... ဒါပဲေနာ္"

သြားရမယ္ဆိုေတာ့လည္း ဆိုင္ပိတ္ရဦးမွာေပါ့။ဘယ္တတ္နိုင္ပါ့မလဲ။

"Tae hyung-Hyung"

ဆိုင္ေရွ႕က Jiminေခၚသံေၾကာင့္ အေျပးသြားကာ အလုပ္ျပန္လုပ္ရေတာ့သည္။

_______________________

"အဘြားက ေျမးေတြကိုသတိရေနတာ...မင္းတို႔က ဒီအဘြားႀကီးဆီ ဖုန္းေတာင္မဆက္ၾကဘူး...အဘြားႀကီးကို အသက္ႀကီးလို႔ ဂ႐ုမစိုက္ၾကေတာ့တာလား...ေနာက္တစ္ခါေရာ ထပ္လာပါအုံးမလား"

ငိုမဲ့မဲ့ေျပာေနတဲ့ အဘြားက အသက္ႀကီးလာေတာ့ ပိုၿပီး စိတ္ႏုလာတယ္ထင္ပါရဲ႕။
ဝမ္းနည္း၊ဝမ္းသာလြယ္လာသည္။

"မဟုတ္တာ အဘြားရယ္...အဘြားကို ကြၽန္ေတာ္တို႔လည္း သတိရေနပါတယ္...အလုပ္ေတြက မအားေတာ့ မဆက္သြယ္ျဖစ္႐ုံပါ...ေနာက္ဆို အၿမဲ ဖုန္းဆက္မယ္ေနာ္"

"ဟုတ္တယ္...သမီးတို႔ေရာပဲ"

အဘြားကို ေခ်ာ့ၿပီး ေျပာတဲ့ Tae hyung စကားကို အစ္မေတြကလည္း ဝင္ေထာက္ခံၾက၏။

ဒီေန႕ Tae hyung  Daeguကိုေရာက္တာ ႏွစ္ရက္ပင္ျပည့္ၿပီ။အစကဆိုင္ပိတ္ဖို႔ လုပ္ခဲ့ေပမဲ့ Yoongiတို႔က သူတို႔တာဝန္ယူပါတယ္၊မပိတ္ပါနဲ႕လို႔ေျပာလာတာနဲ႕ ဆိုင္ မပိတ္ခဲ့။တစ္ဆက္တည္း ဝန္ထမ္းသစ္ပါ ေခၚခိုင္းထားလိုက္သည္။
သူမရွိေပမဲ့ Yoongiတို႔က ဆိုင္ကို ေသခ်ာေစာင့္ေရွာက္ၾကမွာပါ။သူ႕ညီေလးေတြကို သူယုံတယ္ေလ။

အခုလည္း ဝန္ထမ္းသစ္ရၿပီဆိုလားပဲ။ေျပာပါတယ္ ကြၽန္ေတာ့္ ကေလးေတြက ေတာ္ၾကပါတယ္ဆို။

ဒါ့ေၾကာင့္ ဒီမွာ တစ္ညအိပ္ႏွစ္ရက္ ေအးေအးေဆးေဆးေနၿပီး အဘြားကို ဂ႐ုစိုက္ေပးေနနိုင္တာျဖစ္သည္။

ဒါေပမဲ့ အခုေတာ့ ျပန္ရေတာ့မည္။အလုပ္လည္းရွိေနေသးေတာ့ အရမ္းၾကာလို႔မရ။

"ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္ေနာ္ အဘြား…လြမ္းေနမွာသိလား...ေဒၚေလးတို႔ေရာ...အစ္မတို႔ေရာ ေကာင္းေကာင္းေနခဲ့ပါ..."

Tae hyungျပန္ဖို႔အတြက္ ကားဂိတ္ကို ေယာက္ဖျဖစ္သူက လိုက္ပို႔သည္။အစ္မဝမ္းကြဲရဲ႕ အမ်ိဳးသားျဖစ္ေပမဲ့ သူနဲ႕အဆင္ေျပပါသည္။သူကလည္း ခပ္ဆိုးဆိုးလူမွ မဟုတ္ဘဲ။

"ေရာက္ရင္ အဘြားဆီ ဖုန္းဆက္လိုက္ဦး​ေနာ္ Tae hyung။စိတ္ပူေနအုံးမယ္"

"ဟုတ္ကဲ့ hyung ဒါဆို ကြၽန္ေတာ္သြားၿပီးေနာ္"

ကားေပၚတက္ခါနီး ေယာက္ဖကို  စကားေသခ်ာေျပာၿပီး ႏႈတ္ဆက္လိုက္သည္။

ထို႔ေနာက္ Tae hyungလိုက္ပါတဲ့ ကားေလးက ဆိုလ္းၿမိဳ႕ႀကီးဆီသို႔ ဦးတည္ကာ ထြက္ခြာလ်က္။

____________________________

Tae hyung ဆိုလ္းကိုေရာက္ေတာ့ မနက္(၁၀)နာရီနီးပါပဲ ရွိေသးသည္။ဒါ့ေၾကာင့္ အိမ္ကိုျပန္ၿပီး (၂)နာရီေလာက္ နားကာ ေရမိုးခ်ိဳးၿပီး ေန႕လည္စာစားထားလိုက္သည္။အဘြားကိုလည္း ဖုန္းဆက္ဖို႔မေမ့။

ေန႕လည္ပိုင္းေတာ့ သူအလုပ္ဆင္းဖို႔ေတြးထားသည္။ဆိုင္ရွင္ျဖစ္ေပမဲ့ အေခ်ာင္မခိုခ်င္။

ဒီေန႕ေတာ့ Yoongiတို႔အတြက္ပါ ေန႕လည္စာ ပိုခ်က္ထားလိုက္သည္။ဝန္ထမ္းသစ္အတြက္ေရာေပါ့။ကေလးေတြက အၿမဲအျပင္စာပဲစားေနေတာ့ တစ္ခါတေလ အခုလိုသူကိုယ္တိုင္ခ်က္ေကြၽးျဖစ္သည္။

Tae hyung ေန႕လည္စာထမင္းဗူးေလးေတြကိုင္ရင္း Bear cafeဆီသို႔ သြားလိုက္သည္။

ဆိုင္တံခါးေလးကိုဆြဲဖြင့္လိုက္ေတာ့ ေခါင္းေလာင္းေလးက သူ႕တာဝန္အတိုင္း သာယာသံနဲ႕ ႏႈတ္ခြန္းဆက္သေလ၏။

"ဟာ...Hyung ျပန္လာၿပီလား...နားဦးမွေပါ့ ဘာလို႔ဆိုင္ကိုတန္းလာတာတုန္း"

"ဒီမွာေလ"

Yoongiရဲ႕ စကားကို Tae hyung လက္ထဲက ထမင္းဗူးေလးကို ျမႇောက္ျပၿပီး အေျဖေပးလိုက္သည္။

Yoongiနဲ႕ Jiminက ငယ္သာငယ္တာ။တစ္ခါတေလ သူ႕ကိုေတာင္ ျပန္ဆုံးမတတ္ေသးတယ္။

"Hyung ကိုယ္တိုက္ခ်က္လာတာလား စားမယ္...စားမယ္...ကြၽန္ေတာ္တို႔လည္း အခုပဲနားေတာ့မလို႔ ကြက္တိပဲ hyungေရ"

လက္ထဲက ထမင္းဗူးေတြကို ယူရင္း Jiminကေတာ့ ေပ်ာ္ေနေလသည္။

"မင္းကေတာ့ မေျပာလိုက္ခ်င္ဘူး...အစားဆိုငမ္းငမ္းတက္..."

"မင္းလည္း ဘာထူးလဲ"

Yoongiနဲ႕ Jiminက ဟုတ္တာလည္းမဟုတ္ဘဲ ခဏခဏ ျငင္းခုန္ေနၾကသည္။အခုလည္း ထုံးစံမျပတ္ျငင္းေနျပန္တယ္။

"ဒါနဲ႕Tae hyung-hyungကို ဝန္ထမ္းအသစ္နဲ႕ မိတ္ဆက္ေပးရမယ္...Hyungေရ လာဗ်ာ"

Yoongi ေနာက္လွည့္ကာေခၚလိုက္ေတာ့ ဧည့္သည္ေတြ ေသာက္သြားတဲ့ ေကာ္ဖီခြက္ေတြကို သိမ္းလာတဲ့ ဝန္ထမ္းသစ္က ပါးခ်ိဳင့္နက္နက္ႀကီးေတြနဲ႕​ၿပဳံးလ်က္ Tae hyung တို႔ အနားကိုေရာက္လာသည္။

ထိုပါးခ်ိဳင့္တစ္စုံကို Tae hyung ႏွစ္သက္မိသည္။ထိကိုင္ခ်င္စရာပါးခ်ိဳင့္ေတြက ပိုင္ရွင္ျဖစ္သူနဲ႕​ေတာ့  လိုက္ဖက္တယ္ဆိုတာထက္ပိုေနသည္။

"ကြၽန္ေတာ့္နာမည္ Kim Nam Joonပါ သူေဌး"

____________________________

ထမင္းစားေနတဲ့ သုံးေယာက္သားေရွ႕မွာ Tae hyung လက္ပိုက္လ်က္ထိုင္ေနသည္။

Kim Nam Joonဆိုတဲ့ ဝန္ထမ္းသစ္က ထမင္းစားရင္း Tae hyungနဲ႕မ်က္လုံးခ်င္းဆုံရင္ ရယ္ရယ္ျပတတ္ေသးတာ။
ၿပဳံးတာမဟုတ္ဘဲ အေၾကာင္းျပခ်က္မရွိလာရယ္ျပေနတာ။ဘာလဲ ပါးခ်ိဳင့္ရွိတိုင္း လူကို အားက်ေအာင္ လာႂကြားေနတာလား။

Yoongiတို႔ခန႔္ထားတယ္ဆိုတဲ့ ဝန္ထမ္းကို အနည္းဆုံး အေဝးသင္ေက်ာင္းသားေလာက္ျဖစ္မယ္လို႔ ထင္ထားခဲ့တာ။အခုေတာ့ သူ႕ထက္ေတာင္ (၂)ႏွစ္ႀကီးတဲ့လူ ျဖစ္ေနတယ္ေလ။

ခပ္ၿပဳံးၿပဳံးသာေနတတ္တဲ့ ထိုလူကို Taehyung အကဲခတ္ရသေလာက္ေတာ့ အေကာင္းျမင္တတ္ၿပီး အလုပ္ႀကိဳးစားမဲ့ပုံေပၚသည္။ေဖာ္ေ႐ြတတ္မယ္လည္း ထင္ပါရဲ႕။

"Nam Joon hyungက ဘယ္ကေန ဘယ္လို ဒီcafeမွာ လုပ္ျဖစ္သြားတာလဲဗ်...Seoul universityက ေက်ာင္းၿပီးထားတယ္လို႔ ေျပာလို႔ေမးၾကည့္တာပါ...တစ္မ်ိဳးမထင္ပါနဲ႕"

"ရပါတယ္ သူေဌးရဲ႕ မထင္ပါဘူး...ကြၽန္ေတာ္အရင္က Samsung companyခြဲတစ္ခုမွာ မန္ေနဂ်ာလုပ္တာ...ဒါေပမဲ့ အမွားလုပ္မိလို႔ အလုပ္ထုတ္ခံရတယ္ေလ...အဲ့တာေၾကာင့္ အခုအလုပ္မရွိတာနဲ႕ ဝင္လုပ္လိုက္တာပါ...ကြၽန္ေတာ္လုပ္ခ်င္တဲ့ companyကလည္း ဝန္ထမ္းမေခၚေသးတာနဲ႕ေလ"

"ဪ...ဘာမ်ားအမွားလုပ္မိလို႔လည္း... ဟို Hyung အဆင္ေျပမွေျဖပါ..."

အလုပ္ထုတ္ရေအာင္ ဘာေတြမ်ား အမွားလုပ္မိလဲဆိုတာ သိခ်င္စိတ္ေၾကာင့္ Tae hyungေမးမိသည္။ဒါေပမဲ့ သူမ်ားကိုယ္ေရးကိုယ္တာကို အရမ္းစြက္ဖက္သလိုျဖစ္မွာစိုးလို႔ ကိုယ့္စကားကိုယ္လည္း ထိန္းေနရေသးတာ။သူ လူမႈေရးမသိတတ္တဲ့လူေတာ့ မျဖစ္ခ်င္ပါ။

"ရင္းႏွီးျမႇုပ္ႏွံမဲ့ ေငြစာရင္းမွာ သုညေလးတစ္လုံးပိုထည့္မိလို႔ပါ...ဒါနဲ႕ပဲ ကြၽန္ေတာ္ အလုပ္ျပဳတ္ပါေလေရာ သူေဌးရယ္"

မ်က္ႏွာရႈံ႕မဲ့လ်က္ ေျပာေနတဲ့ Namjoonရဲ႕ ညည္းၫူဟန္စကားကိုေၾကာင့္ Yoongiနဲ႕ Jiminက ထမင္းစားေနရင္းမွ ဟားခနဲ ထရယ္ေလသည္။

"Yoongiတို႔ အႀကီးကို မေျပာင္ရဘူးေလ...ဘာလို႔ထရယ္တာလဲ...သူမ်ားအလုပ္ျပဳတ္တာကို"

ဟိုသူငယ္ခ်င္းႏွစ္ေယာက္ကေတာ့ Tae hyungဆူတာေတာင္ ၿပဳံးတုံ႕တုံ႕နဲ႕ လုပ္ေနၾကေသးတာ။

"ရပါတယ္ဗ်ာ...ကြၽန္ေတာ္ကိုက တလြဲလုပ္တတ္တာပါ...အလုပ္ျပဳတ္႐ုံနဲ႕ၿပီးသြားတာပဲ ေတာ္ပါေသးတယ္...သူေဌးရယ္"

"သူေဌးလို႔ေခၚပါနဲ႕...ကြၽန္ေတာ္က       Nam Joon hyungထက္ (၂)ႏွစ္နီးပါး ငယ္ပါတယ္...Tae hyungလို႔ပဲေခၚပါ...ဒါနဲ႕ အလုပ္လုပ္ရင္ ေသခ်ာလုပ္အုံးေနာ္...ေတာ္ၾကာ သုညတစ္လုံးပိုေျပာမိေနလို႔ ကြၽန္ေတာ့္ customerေတြ ေျပးကုန္အုံးမယ္"

Tae hyung ခပ္ေနာက္ေနာက္ေျပာလိုက္ေတာ့ Nam joonမွာ သူ႕ဂုတ္သူပြတ္ရင္း ရွက္ရယ္ရယ္ေနေလသည္။

အင္း...ခင္စရာေတာ့ေကာင္းသား။
ေရရွည္အဆင္ေျပဖို႔ပဲ ေမွ်ာ္လင့္ပါတယ္ Nam Joon Hyung။

______We and Our cafe______

2.2.2022

Continue Reading

You'll Also Like

97.1K 8.2K 41
"ဦးေလးႀကီးက ေရွာင္ေရွာင္းကို ဘာလို႔ ေမႊးေမႊးေပးတာလဲဟင္ " "ဦးလေးကြီးက ရှောင်ရှောင်းကို ဘာလို့ မွှေးမွှေးပေးတာလဲဟင်။"
2.3M 171K 78
ජනෙල් විදුරුවෙන් එපිට බලාගෙන උන්නු මගේ අතක සුලැගිල්ලක් වටේ එයාගේ ඇගිල්ලක් දැවටෙද්දි මන් එයා දිහා ගෙල හරවල බැලුවා.... " හරිම කෙනා ජිවිතේට ආවම සත්තයි ප...
284K 26K 22
Kim Taehyung-ကျောင်းပိတ်ရက်၃လလုံးဒီတာဇံကောင်နဲ့ဘယ်လိုစခန်းသွားရမှာလဲ အငွေ့သာပြန်သွားချင်တယ် Jungkook- ရေပေါ်ဆီတွေကိုကြည့်မရလို့သူ့ဟာသူ၀န်ကြီးသားမကလို...
70.6K 402 26
၁၈+ ဝတ္ထုလေးဖြစ်သည့်အလျောက် ကြမ်းတမ်းသည့်အပြုအမူများကို နှစ်သက်မှဖတ်ရှုကြပါရန်အသိပေးအပ်ပါသည်