For Unicode
စိတ်ကောက်ပြီး ဆိုင်ကို ရောက်မလာတော့သည့် ညီငယ်လေးကို သူချော့ရအုံးမည်။
တစ်ဝိုင်းကျွေးပါ့မယ်လို့ ပြောထားတာတောင် ပေါ်မလာသည့် Jiminဟာ သူ့ကို အတည်ကြီး စိတ်ဆိုးနေပုံပင်။
ဒီလိုဆိုမှ ဂျစ်ပစီလေးလည်း ဒီနေ့ပေါ်မလာသည်ကို သတိရမိသည်။မနက်ကလည်းမလာ၊နေ့လည်မှာလည်း မတွေ့ရ။အခုထိတောင် ပေါ်မလာတာက ဟုတ်တော့မဟုတ်သေး။အလုပ်များ ရှုပ်နေသလား၊နေများမကောင်းလို့လား။
Jeon Jung Kookဆိုတဲ့ ကောင်ဆိုးလေးကို မျှော်နေမိသည့် သူ့ကိုယ်သူလည်း နားမလည်နိုင်ပါ။အင်း ဒါလည်း ဖြစ်သင့်ပါတယ်။သုံးလလုံးလုံး တစ်ရက်မပျက် သူ့အနားမှာ ရှိနေခဲ့သည့် ကောင်လေးကို မတွေ့ရလို့ ရုတ်တရက် မျှော်လိုက်မိတာ သူ့အမှားတော့ မဟုတ်ပါဘူး။သံယောဇဉ်မမည်တဲ့ သံယောဇဉ်လေးပေါ့။
ဘယ်လိုပဲဖြစ်ဖြစ် ဒီလူဆိုးလေးကို သူဝေးဝေးရှောင်ရမည်။Jeon Jung Kookက သိပ်ကို အန္တရာယ်များလွန်းတယ်လေ။
"Tae hyungရေ (၇)နာရီ ထိုးကာနီးပြီနော်"
ဟုတ်ပါရဲ့ (၇)နာရီတောင် မတ်တင်းပြီပဲ။NamJoon hyungပြောမှ နာရီကြည့်မိတော့တယ်။
"ဒါဆိုရင် သန့်ရှင်းရေးလုပ်ကြတာပေါ့"
သန့်ရှင်းရေးလုပ်နေရင်း ဆိုင်ပြင်ကုိ တကြည့်ကြည့်လုပ်နေသည့် Tae hyungကို NamJoon သတိထားမိသည်။သက်ပြင်းချရင်း မသိချင်ယောင်ဆောင်ဖို့ ကြိုးစားမိပေမယ့် Tae hyungပြောလိုက်သည့် စကားကြောင့် သူ့မထိန်းနိုင်စွာပင် မျက်နှာပျက်မိသည်။
"Hyungပြန်နှင့်လေ။ကျွန်တော် မုန့်လေးနည်းနည်း ကြိုလုပ်ထားမလို့။ခဏနေမှပဲ ပြန်တော့မယ်"
"Tae hyung တစ်ယောက်ယောက်ကို စောင့်နေတာလား"
သူ့အမေးကြောင့် သူခိုးလူမိသွားသလို ရှိုးတိုးရှန့်တန့်ဖြစ်သွားသည့် Tae hyung၏မျက်နှာကို သူအကဲခတ်မိလိုက်ပါသည်။
ဘာလို့ ဒီလောက်တောင် အမူအယာပျက်နေရတာလဲ ကောင်လေးရယ်။Hyungကတော့ မင်းကို Jeon Jung Kookနဲ့ လုံးဝ စိတ်မချနိုင်ဘူး။မင်းက ဖြူစင်လွန်းတော့ အရောင်ဆိုးဖို့ လွယ်ကူလွန်းတယ် ကလေးရဲ့။
"ဘယ်သူ့ကိုမှ မစောင့်ပါဘူး။Hyung ပြန်တော့လေ။နောက်ကျနေမယ်"
အတူတူရှိနေပေးချင်ပေမဲ့ မနေစေလိုသူကြောင့် သူ Tae Hyungကို နှုတ်ဆက်ကာပင် ထွက်လာခဲ့လိုက်တော့သည်။ရင်ထဲမှာတော့ ခံစားရခက်သား။
NamJoon Hyungကို မုန့်လုပ်မယ်လို့ ပြောလိုက်ပေမဲ့ လက်တွေ့မှာတော့ မလုပ်ဖြစ်ပါ။ဘာမှရေရေရာရာမလုပ်ပဲ ထိုင်ခုံပေါ်မှာ ထိုင်ရင်း အချိန်ဖြုန်းနေမိသည်။
(၇)နာရီ(၁၅)မိနစ်။
(၁၅)မိနစ်ကြာအောင် အချိန်ဖြုန်းနေခဲ့ပေမဲ့ ဘာမှထူးခြားမလာ။အချိန်ဖြုန်းနေတယ်ဆိုတာထက် Hyungပြောခဲ့သလို တစ်စုံတစ်ယောက်ကို စောင့်နေတယ်ဆိုရင် ပိုမှန်မည်။သူများတွေကို လိမ်နိုင်မယ်ဆိုရင်တောင် ကို်ယ့်စိတ်ကိုယ်တော့ လှည့်စားနိုင်မှာမဟုတ်။
ထို်င်နေရတာ ပျင်းလာတာကြောင့် သူဆိုင်ထဲမှာ လှည့်ပတ်ကာ လမ်းလျှောက်နေမိသည်။ထို့နောက် မုန့်ခန်းထဲသို့ ဝင်ကာ လိုအပ်သည်တို့ကို စစ်ဆေးနေပြန်သည်။နောက်ဆုံး သန့်ရှင်းပြီးသား စားပွဲခုံတွေကို ရေစိုဝတ်နဲ့ သုတ်ရင်း ဆက်လက်စောင့်စားနေလိုက်သသည်။
"တော်လောက်ပြီ။ဒီလောက်ဆို တော်ရောပေါ့"
ဦးနှောက်က အချက်ပေးလာတာကြောင့် Tae Hyung ထိုနေရာမှ အမြန်ဆုံးထွက်သွားချင်လာသည်။မီးအန္တရာယ်ကင်းဝေးရန် ဆိုင်ခန်းတစ်ခုလုံးကို တစ်ခါတည်း မိန်းချပစ်လိုက်သည်။ထို့နောက် သော့ကို သေချာခတ်ကာ ဘတ်စ်ကားဂိတ်သို့ ထွက်လာခဲ့သည်။
"(၈)နာရီတောင် ထိုးပြီပဲ"
အိမ်ပြန်လမ်းတစ်လျှောက်လုံးတွင် သူ့စိတ်တို့ ရှုပ်ထွေးနေရသည်။စိတ်လည်း မကြည်ချင်။
အပေါ်ထပ် တက်ကာနီးမှ Jiminနဲ့ Yoongiကို သတိရလာတာသည်။သူဒီနေ့ တစ်ဝိုင်းကျွေးမယ် ပြောထားတာပဲ။
Jiminတို့ရဲ့ ခေါင်မိုးထပ်လေးဆီ တက်ကာ ပိတ်ထားသည့် အခန်းတံခါးရှေ့ မတ်တပ်ရပ်လိုက်သည်။
ထို့နောက် တံခါးကို ခေါက်ရင်း ...
"Jiminနဲ့ YoonGiရေ...Hyungလာတယ်။တံခါး လာဖွင့်ပေးပါဦး"
အထဲက ဘာသံမှ မကြားရပေ။တံခါးဖွင့်မပေးသေးတာကြောင့် ထပ်ခေါ်ဖို့ပြင်တုန်း ဂျောက်ခနဲ အသံနဲ့အတူ Yoongiကို မြင်လိုက်ရသည်။
ပြုံးပြလာတဲ့ Yoongiက Jiminကုတင်ပေါ်ကိုလက်ညှိုးထိုးကာ...
"ကောက်စိန်ကို ချော့လိုက်ဦး Hyungေရ"
Yoongi စကားအတိုင်း ကောက်နိုင်လွန်းသည့် ကောက်စိန်လေးကို သူအတော်ချော့ယူရသည်။ကုတင်ပေါ်မှာ သူ့ကို ကျောပေးပြီး အိပ်နေကာ ဆန္ဒပြနေသည့် Jiminကို YoonGiကလည်း ရယ်ရင်း ကြည့်နေသည်။
အချိန်အတော်ကြာ ချော့မှပင် စိတ်ကောက်ပြေလေတဲ့ Jiminက တကယ့်ကို မလွယ်ကြောလေး။
စိတ်ကောက်ပြေတော့လည်း လိုက်တိုက်ခိုင်းနေတာကြောင့် သူကပဲ အလျှော့ပေးကာ ဆိုဂျူဆိုင်သို့ သုံးယောက်အတူ ချီတက်ရတော့သည်။
"Hyung...Minie မမူးသေးဘူးနော်...ထပ်သောက်အုံးမှာ"
"တော်တော့ Jimin။မင်းမူးနေပြီ"
"Gi Gi...Gi Gi မင်းငါ့ကို ဆရာလာမလုပ်နဲ့။ငါမမူးဘူး မင်းသာမူးေနတာ"
နှစ်ယောက်စလုံးက ကြွက်တွင်းလေးတွေ ဖြစ်ကြပေမဲ့ Yoongiရဲ့စကေးကို Jiminလိုက်လို့ မမီှပါ။နှစ်ယောက်အပြိုင်သောက်ရင်း အခုတော့Jiminမှာ ပလပ်ကျွတ်နေချေပြီ။အာလေးလျှာလေးနဲ့ သူမမူးကြောင်း ပြောနေသည်မှ အသည်းယားစရာ။
YoonGiကို ကြည့်တော့လည်း မျက်လုံးမဖွင့်တော့။
"တော်တော့။ပြန်ကြရအောင် မင်းတို့သောက်တာ ပုလင်း(၂၀)ကျော်နေပြီ"
အကြီးဖြစ်တဲ့ Tae hyungကပင် ဝိုင်းသိမ်းကာ အိမ်ကို ပြန်ဖို့ ဆောဩရတော့သည်။
Yoongiကတော့ မျက်လုံးမဖွင့်ပေမဲ့ မတ်တပ်ထရပ်ရှာပါရဲ့။Jiminကတော့ မှောက်နေလေပြီ။
ဆိုင်ရှင်ကို ငွေရှင်းကာ အသေးလေးJiminကို သူ့ကျောပေါ် တင်လိုက်သည်။သူကသာသေးတာ ဝိတ်ကမနည်း။ယောကျာ်းလေး အချင်းချင်းဆိုတော့ သူ့မှာ အင့်ခနဲပင်။
"ရုပ်ရှင်တွေထဲကလိုဆို ငါ့ကျောပေါ်မှာ မင်းသမီးချောချောလေး ရှိနေရမှာ"
"မင်းသမီး...ဘယ်မှာလဲ မင်းသမီး။ဘယ်မှာလဲ အခုထွက်လာစမ်း"
မူးကြောင်ရူးကြောင်နဲ့ ပါးစပ်ထဲရှိရာ လျှောက်ပြောနေသည့် Yoongiကို သူ့မှာ လက်တစ်ဖက်နဲ့အတင်းဆွဲထားရသည်။ဒါတောင် သူက လက်ညှိုးတထိုးထိုးနဲ့ လျှောက်အော်နေသေးတာ။
"ပြန်မယ် လာ။မျက်စိဖွင့်ပြီး လျှောက်နော် Yoongi။ခလုတ်တိုက်မယ်"
ကျောပေါ်က Jiminကို လက်တစ်ဖက်နဲ့ ထိန်းပွေ့ပြီး ကျန်လက်တစ်ဖက်ကတော့ Yoongiကို ဆွဲထားရသည်။အခုသူ့ပုံစံက ကလေးထိန်းကြီး တစ်ယောက်လို။တကယ်ပင် ဗရုတ်သုတ်ခဖြစ်နေသည်။
သူကိုယ်တိုင်လည်း အနည်းငယ် ယောင်ချာချာဖြစ်နေပြီ။အများကြီး မသောက်ခဲ့လိုသာ တော်တော့သည်။
"ကဲ အိပ်ကြပေတော့"
နှစ်ယောက်လုံးကို သူတို့ကုတင်ပေါ်ထိ အရောက်ပို့ကာ သူ့တာဝန်သူ ကျေအောင် ထမ်းဆောင်လိုက်သည်။တစ်လမ်းလုံး Jiminကို ကျောပိုးခဲ့ရတာကြောင့် ခါးတွေတောင် နာချင်နေပြီ။
လှေကားခပ်ကျဉ်းကျဉ်းကို တစ်ထစ်ချင်းနင်းကာ အပေါ်ထပ်သို့ ခပ်ဖြေးဖြေး တက်လာလိုက်သည်။ညောင်းညာနေသည့် ပုခုံးကိုလည်း ပြင်းပြင်းနှိပ်မိပါရဲ့။
အပေါ်ကိုရောက်တော့ အခန်းရှေ့ရှိ ကွပ်ပျစ်ပေါ်တွင် ဒူးလေးပိုက်လျှက် စောင့်နေသူကြောင့် အမူးတောင် ပြေသွားသလို။
ဒူးနှစ်ဖက်ကြား မျက်နှာအပ်ကာ ငိုက်နေသည်မှာ ချစ်စရာအတိ။
"Jung...Jung kook"
အံ့ဩစိတ်ကြောင့် သူ့နာမည်ကိုရေရွတ်လိုက်မိတော့ ငိုက်နေသည့် JungKookဟာ ဆတ်ခနဲ
ထလာသည်။မှိတ်ထားခဲ့သည့် မျက်ဝန်းတွေဟာ အခုတော့ ဒေါသရိပ်တွေနှင်။ချစ်စရာကောင်းသည့် ဟန်ပန်တို့ဟာ ရုတ်ခြည်းကွယ်ပျောက်သွားကာ မူလအသွင် ဂျစ်ကန်ကန်ကောင်လေးအဖြစ် ပြောင်းလဲသွားသည်။
"Kim Tae Hyung...ဘယ်တွေ သွားနေတာလဲ။ဟမ်...ဖြေလေ ဘယ်ရောက်နေတာလဲလို့"
Tae hyungပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အော်ဟစ်မေးမြန်းနေသည့် JungKookမှာ လန့်စရာကောင်းလှသည်။သူ့မျက်နှာပေါ်တွင် ဒေါသရိပ်တွေနဲ့အတူ စိတ်ပူမှုတွေပါ ထင်ဟပ်နေသည်။
"Jung kook"
"ကိုယ့်နာမည်ကိုပဲ ရွတ်မနေနဲ့...မင်းဘယ်ရောက်နေတာလဲ၊ဘယ်ကပြန်လာတာလဲဆိုတာကိုပဲ အရင်ဖြေစမ်းပါ"
ပခုံးနှစ်ဖက်က နာကျင်မှုကြောင့် Tae Hyung ဒေါသထွက်လာရသည်။မာနကို ထိခိုက်လာသလို ခံစားရတော့ ရှက်ပင်ရှက်မိပါရဲ့။
"အာ့...နာတယ် လွှတ်စမ်း Jeon Jung Kook...လာမရိုင်းနဲ့။အခုချက်ချင်း ထွက်သွား"
JungKookဘက်က ငြိမ်ကျသွားသည်ကို အခွင့်ကောင်းယူကာ Tae hyung JungKookကို တွန်းလွှတ်လိုက်သည်။
Jung Kookကိုယ်တိုင်လည်း Tae Hyungအပြူအမူကြောင့် တုန်လှုပ်လျက်။
"Tae hyung မောင်က...မောင်က မင်းကို စိတ်ပူလို့လေ။မင်း မောင့်ကို ဒီလောက်တောင် မုန်းနေတာလား...မမြင်ချင်လောက်အောင်ကို မုန်းနေတာလား"
ဝန်မခံချင်ပေမဲ့ Jung Kookအသံတို့ဟာ တုန်ရီနေသည်။ဝမ်းနည်းရိပ်သန်းနေသည့် မျက်ဝန်းတို့ဟာလည်းအနည်းငယ် စိုစွတ်လျက်။ မျက်ရည်မကျသည့်တိုင် မျက်ဝန်းတို့ဟာ နီရဲလာလေသည်။ဒါဟာ ဒေါသစိတ်ကြောင့်လည်း ဖြစ်နိုင်ပါ၏။
သူချစ်ရသူက သူ့ကို ခါးခါးသီးသီးဖြစ်နေတာကြောင့် သူရင်နာမိပါသည်။Seok Jinတို့ ပြောတဲ့ 'ဝဋ်'ဆိုတာ ဒါလား။
သူ့ခြေထောက်အစုံဟာ အားနည်းလာသလို ခံစားရသည်။ကွပ်ပျစ်ပေါ်သို့ ခြေပစ်လက်ပစ်ထိုင်ချလိုက်တော့ ထိန်းထားရသည့် ဝန်အချို့ လျှော့နည်းသွားသလိုပင်။
မျက်စိကို မှိတ်ချရင်း စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။ထို့နောက် ပျက်ယွင်းနေသည့် မျက်နှာကို ပြုပြင်ကာ...
"အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။အတတ်နိုင်ဆုံး မင်းရှေ့ကို ပေါ်မလာမိအောင် ကိုယ်နေပါ့မယ်"
ပထမဆုံးနဲ့ နောက်ဆုံးအနေနဲ့ မာနတွေကို ခဝါချကာ သူတောင်းပန်လိုက်သည်။ဒီလောက်ပဲ။ဒါ သူချစ်မိတဲ့ လူအတွက် အကောင်းဆုံး ကြိုးစားခဲ့တာ။Kim Tae Hyungသာ မဟုတ်ခဲ့ရင် သူဒီလောက် သည်းခံနိုင်မယ် မထင်။
သို့သော် Kim Tae Hyungဆိုသည့် ခေါင်းစဉ်အောက်တွင်လည်း နောက်ဆုံး အလျှောပေးခြင်းပင်။
ပြဿနာတွေ ပိုမကြီးလာခင် သူTae Hyungရှေ့က အမြန်ထွက်လာလိုက်သည်။
အခုတော့ သူလည်း ခံစားတတ်နေပြီထင်ပါရဲ့။
"ထွက်မသွားပါနဲ့ Jung Kook"
ကျောခိုင်းကာ ထွက်လာမိစဉ် သူ့လက်ကို ဆွဲပြီး သူ့ကို တားလာသည့် Tae Hyung။
"ဘာဖြစ်လို့လဲ Tae hyung။ကိုယ့်ကို မုန်းတဲ့အကြောင်းတွေ ပြောပြမလို့လား"
"ဟင့်အင်း...မဟုတ်ဘူး။ကျွန်တော် Jung Kookကို မမုန်းပါဘူး"
ခပ်ရွဲ့ရွဲ့မေးလိုက်သော်လည်း Tae hyungဆီမှ ကြားလိုက်ရတဲ့ အဖြေကြောင့် သူတင်းထားသမျှ ပြေကျသွားရသည်။
Tae hyungက သူ့ကို မမုန်းဘူးတဲ့။ဒါဆို...
"Tae hyung...တကယ်ပြောနေတာလား...ကိုယ့်ကို တကယ် မမုန်းဘူးလား။ကိုယ့်ကို လှည်စားဖို့တော့ မကြိုးစားနဲ့နော်"
"အင်း...ကျွန်တော် မောင့်ကို မမုန်းဘူး"
'မောင်…မောင်…မောင်…'
မောင်ဆိုသည့် နာမ်စားသာ သူ့နားထဲတွင် ကြီးစိုးနေသည်။ပထမဆုံးအနေနဲ့ တစ်စုံတစ်ယောက်ဆီက ကြားရသည့် နာမ်စား၊ပထမဆုံးအနေနဲ့ Tae hyung နှုတ်က ထွက်လာသည့် နာမ်စား။ဒါက သူ့အတွက် Tae hyungရဲ့ အဖြေများလား။
"မောင့်ကို...လက်ခံပေးတာလား Tae hyung။အခု Tae hyungက မောင့်ရဲ့ သက်ဆိုင်သူ ဖြစ်ပြီမလား"
မဝံ့မရဲမေးနေသည်မှာ သူမဟုတ်သလို။အချစ်က အရာရာကို ပြောင်းလဲစေတာလား။
'အင်း'ဟု ဆိုကာ ရှက်ဝဲဝဲနှင့် ခေါင်းငြိမ့်ပြလာသူကြောင့် ထိုနေရာမှာပင် သူခုန်ပေါက်နေမိသည်။သူသိပ်ကို ပျော်မိသည်။ပြောမပြတတ်လောက်အောင်ပင် ပျော်ရွှင်ရသည်။
သု့အဖြစ်က ပထမဆုံးအကြိမ် ရည်းစားထားတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်လို။
လက်ဖျားခြေဖျားတွေပါ တဆတ်ဆတ်တုန်လာရသည်။ရင်ထဲကလည်း တဒိတ်ဒိတ်နဲ့။တစ်သက်လုံး တည်ငြိမ်လာခဲ့သမျှ အခုတော့ ပျက်စီးလေပြီ။ရည်းစားတွေ ထည်လွဲတွဲခဲ့ဖူးသည့် Jeon Jung Kookမဟုတ်သလိုပင်။
အရင်က ပြောခဲ့ဖူးသလို သူက Kim Tae Hyungကုိ ကစားနိုင်ဖို့တော့ မမြင်ပါ။Kim Tae Hyungကသာသူ့ကို ချုပ်ကိုင်သွားနိုင်သည်။
Kim Tae Hyungဆိုသည့် နွံထဲတွင် သူ့နှလုံးသား တစ်ခုလုံး နစ်မြုပ်စပြုနေပါပြီ။
ချစ်ရပါသော မောင့်အသက်ရေ
မင်းတစ်ဘဝလုံး မောင့်အနားမှာပဲ ရှိနေပေးပါ။
မောင့်စိတ်ကို မောင်မယုံပေမဲ့ မင်းကိုတော့ ယုံကြည်ပေးထားမယ်။
မင်းက မောင့်ယုံကြည်မှုနဲ့တန်အောင် မောင့်အပိုင်လေးအဖြစ် တစ်သက်လုံးရှိနေပေး။
မင်းကိုတော့ မောင်အပိုင်လိုချင်တယ်။
_______We and Our cafe_______
10.5.2022
____________________________
For zawgyi
စိတ္ေကာက္ၿပီး ဆိုင္ကို ေရာက္မလာေတာ့သည့္ ညီငယ္ေလးကို သူေခ်ာ့ရအုံးမည္။
တစ္ဝိုင္းေကြၽးပါ့မယ္လို႔ ေျပာထားတာေတာင္ ေပၚမလာသည့္ Jiminဟာ သူ႕ကို အတည္ႀကီး စိတ္ဆိုးေနပုံပင္။
ဒီလိုဆိုမွ ဂ်စ္ပစီေလးလည္း ဒီေန႕ေပၚမလာသည္ကို သတိရမိသည္။မနက္ကလည္းမလာ၊ေန႕လည္မွာလည္း မေတြ႕ရ။အခုထိေတာင္ ေပၚမလာတာက ဟုတ္ေတာ့မဟုတ္ေသး။အလုပ္မ်ား ရႈပ္ေနသလား၊ေနမ်ားမေကာင္းလို႔လား။
Jeon Jung Kookဆိုတဲ့ ေကာင္ဆိုးေလးကို ေမွ်ာ္ေနမိသည့္ သူ႕ကိုယ္သူလည္း နားမလည္နိုင္ပါ။အင္း ဒါလည္း ျဖစ္သင့္ပါတယ္။သုံးလလုံးလုံး တစ္ရက္မပ်က္ သူ႕အနားမွာ ရွိေနခဲ့သည့္ ေကာင္ေလးကို မေတြ႕ရလို႔ ႐ုတ္တရက္ ေမွ်ာ္လိုက္မိတာ သူ႕အမွားေတာ့ မဟုတ္ပါဘူး။သံေယာဇဥ္မမည္တဲ့ သံေယာဇဥ္ေလးေပါ့။
ဘယ္လိုပဲျဖစ္ျဖစ္ ဒီလူဆိုးေလးကို သူေဝးေဝးေရွာင္ရမည္။Jeon Jung Kookက သိပ္ကို အႏၲရာယ္မ်ားလြန္းတယ္ေလ။
"Tae hyungေရ (၇)နာရီ ထိုးကာနီးၿပီေနာ္"
ဟုတ္ပါရဲ႕ (၇)နာရီေတာင္ မတ္တင္းၿပီပဲ။NamJoon hyungေျပာမွ နာရီၾကည့္မိေတာ့တယ္။
"ဒါဆိုရင္ သန႔္ရွင္းေရးလုပ္ၾကတာေပါ့"
သန႔္ရွင္းေရးလုပ္ေနရင္း ဆိုင္ျပင္ကုိ တၾကည့္ၾကည့္လုပ္ေနသည့္ Tae hyungကို NamJoon သတိထားမိသည္။သက္ျပင္းခ်ရင္း မသိခ်င္ေယာင္ေဆာင္ဖို႔ ႀကိဳးစားမိေပမယ့္ Tae hyungေျပာလိုက္သည့္ စကားေၾကာင့္ သူ႕မထိန္းနိုင္စြာပင္ မ်က္ႏွာပ်က္မိသည္။
"Hyungျပန္ႏွင့္ေလ။ကြၽန္ေတာ္ မုန႔္ေလးနည္းနည္း ႀကိဳလုပ္ထားမလို႔။ခဏေနမွပဲ ျပန္ေတာ့မယ္"
"Tae hyung တစ္ေယာက္ေယာက္ကို ေစာင့္ေနတာလား"
သူ႕အေမးေၾကာင့္ သူခိုးလူမိသြားသလို ရွိုးတိုးရွန႔္တန႔္ျဖစ္သြားသည့္ Tae hyung၏မ်က္ႏွာကို သူအကဲခတ္မိလိုက္ပါသည္။
ဘာလို႔ ဒီေလာက္ေတာင္ အမူအယာပ်က္ေနရတာလဲ ေကာင္ေလးရယ္။Hyungကေတာ့ မင္းကို Jeon Jung Kookနဲ႕ လုံးဝ စိတ္မခ်နိဳင္ဘူး။မင္းက ျဖဴစင္လြန္းေတာ့ အေရာင္ဆိုးဖို႔ လြယ္ကူလြန္းတယ္ ကေလးရဲ႕။
"ဘယ္သူ႕ကိုမွ မေစာင့္ပါဘူး။Hyung ျပန္ေတာ့ေလ။ေနာက္က်ေနမယ္"
အတူတူရွိေနေပးခ်င္ေပမဲ့ မေနေစလိုသူေၾကာင့္ သူ Tae Hyungကို ႏႈတ္ဆက္ကာပင္ ထြက္လာခဲ့လိုက္ေတာ့သည္။ရင္ထဲမွာေတာ့ ခံစားရခက္သား။
NamJoon Hyungကို မုန႔္လုပ္မယ္လို႔ ေျပာလိုက္ေပမဲ့ လက္ေတြ႕မွာေတာ့ မလုပ္ျဖစ္ပါ။ဘာမွေရေရရာရာမလုပ္ပဲ ထိုင္ခုံေပၚမွာ ထိုင္ရင္း အခ်ိန္ျဖဳန္းေနမိသည္။
(၇)နာရီ(၁၅)မိနစ္။
(၁၅)မိနစ္ၾကာေအာင္ အခ်ိန္ျဖဳန္းေနခဲ့ေပမဲ့ ဘာမွထူးျခားမလာ။အခ်ိန္ျဖဳန္းေနတယ္ဆိုတာထက္ Hyungေျပာခဲ့သလို တစ္စုံတစ္ေယာက္ကို ေစာင့္ေနတယ္ဆိုရင္ ပိုမွန္မည္။သူမ်ားေတြကို လိမ္နိုင္မယ္ဆိုရင္ေတာင္ ကို္ယ့္စိတ္ကိုယ္ေတာ့ လွည့္စားနိုင္မွာမဟုတ္။
ထို္င္ေနရတာ ပ်င္းလာတာေၾကာင့္ သူဆိုင္ထဲမွာ လွည့္ပတ္ကာ လမ္းေလွ်ာက္ေနမိသည္။ထို႔ေနာက္ မုန႔္ခန္းထဲသို႔ ဝင္ကာ လိုအပ္သည္တို႔ကို စစ္ေဆးေနျပန္သည္။ေနာက္ဆုံး သန႔္ရွင္းၿပီးသား စားပြဲခုံေတြကို ေရစိုဝတ္နဲ႕ သုတ္ရင္း ဆက္လက္ေစာင့္စားေနလိုက္သသည္။
"ေတာ္ေလာက္ၿပီ။ဒီေလာက္ဆို ေတာ္ေရာေပါ့"
ဦးေႏွာက္က အခ်က္ေပးလာတာေၾကာင့္ Tae Hyung ထိုေနရာမွ အျမန္ဆုံးထြက္သြားခ်င္လာသည္။မီးအႏၲရာယ္ကင္းေဝးရန္ ဆိုင္ခန္းတစ္ခုလုံးကို တစ္ခါတည္း မိန္းခ်ပစ္လိုက္သည္။ထို႔ေနာက္ ေသာ့ကို ေသခ်ာခတ္ကာ ဘတ္စ္ကားဂိတ္သို႔ ထြက္လာခဲ့သည္။
"(၈)နာရီေတာင္ ထိုးၿပီပဲ"
အိမ္ျပန္လမ္းတစ္ေလွ်ာက္လုံးတြင္ သူ႕စိတ္တို႔ ရႈပ္ေထြးေနရသည္။စိတ္လည္း မၾကည္ခ်င္။
အေပၚထပ္ တက္ကာနီးမွ Jiminနဲ႕ Yoongiကို သတိရလာတာသည္။သူဒီေန႕ တစ္ဝိုင္းေကြၽးမယ္ ေျပာထားတာပဲ။
Jiminတို႔ရဲ႕ ေခါင္မိုးထပ္ေလးဆီ တက္ကာ ပိတ္ထားသည့္ အခန္းတံခါးေရွ႕ မတ္တပ္ရပ္လိုက္သည္။
ထို႔ေနာက္ တံခါးကို ေခါက္ရင္း ...
"Jiminနဲ႕ YoonGiေရ...Hyungလာတယ္။တံခါး လာဖြင့္ေပးပါဦး"
အထဲက ဘာသံမွ မၾကားရေပ။တံခါးဖြင့္မေပးေသးတာေၾကာင့္ ထပ္ေခၚဖို႔ျပင္တုန္း ေဂ်ာက္ခနဲ အသံနဲ႕အတူ Yoongiကို ျမင္လိုက္ရသည္။
ၿပဳံးျပလာတဲ့ Yoongiက Jiminကုတင္ေပၚကိုလက္ညွိုးထိုးကာ...
"ေကာက္စိန္ကို ေခ်ာ့လိုက္ဦး Hyungေရ"
Yoongi စကားအတိုင္း ေကာက္နိုင္လြန္းသည့္ ေကာက္စိန္ေလးကို သူအေတာ္ေခ်ာ့ယူရသည္။ကုတင္ေပၚမွာ သူ႕ကို ေက်ာေပးၿပီး အိပ္ေနကာ ဆႏၵျပေနသည့္ Jiminကို YoonGiကလည္း ရယ္ရင္း ၾကည့္ေနသည္။
အခ်ိန္အေတာ္ၾကာ ေခ်ာ့မွပင္ စိတ္ေကာက္ေျပေလတဲ့ Jiminက တကယ့္ကို မလြယ္ေၾကာေလး။
စိတ္ေကာက္ေျပေတာ့လည္း လိုက္တိုက္ခိုင္းေနတာေၾကာင့္ သူကပဲ အေလွ်ာ့ေပးကာ ဆိုဂ်ဴဆိုင္သို့ သုံးေယာက္အတူ ခ်ီတက္ရေတာ့သည္။
"Hyung...Minie မမူးေသးဘူးေနာ္...ထပ္ေသာက္အုံးမွာ"
"ေတာ္ေတာ့ Jimi။မင္းမူးေနၿပီ"
"Gi Gi...Gi Gi မင္းငါ့ကို ဆရာလာမလုပ္နဲ႕။ငါမမူးဘူး မင္းသာမူးေနတာ"
ႏွစ္ေယာက္စလုံးက ႂကြက္တြင္းေလးေတြ ျဖစ္ၾကေပမဲ့ Yoongiရဲ႕စေကးကို Jiminလိုက္လို႔ မမီွပါ။ႏွစ္ေယာက္အၿပိဳင္ေသာက္ရင္း အခုေတာ့Jiminမွာ ပလပ္ကြၽတ္ေနေခ်ၿပီ။အာေလးလွ်ာေလးနဲ႕ သူမမူးေၾကာင္း ေျပာေနသည္မွ အသည္းယားစရာ။
YoonGiကို ၾကည့္ေတာ့လည္း မ်က္လုံးမဖြင့္ေတာ့။
"ေတာ္ေတာ့။ျပန္ၾကရေအာင္ မင္းတို႔ေသာက္တာ ပုလင္း(၂၀)ေက်ာ္ေနၿပီ"
အႀကီးျဖစ္တဲ့ Tae hyungကပင္ ဝိုင္းသိမ္းကာ အိမ္ကို ျပန္ဖို႔ ေဆာဩရေတာ့သည္။
Yoongiကေတာ့ မ်က္လုံးမဖြင့္ေပမဲ့ မတ္တပ္ထရပ္ရွာပါရဲ႕။Jiminကေတာ့ ေမွာက္ေနေလၿပီ။
ဆိုင္ရွင္ကို ေငြရွင္းကာ အေသးေလးJiminကို သူ႕ေက်ာေပၚ တင္လိုက္သည္။သူကသာေသးတာ ဝိတ္ကမနည္း။ေယာက်ာ္းေလး အခ်င္းခ်င္းဆိုေတာ့ သူ႕မွာ အင့္ခနဲပင္။
"႐ုပ္ရွင္ေတြထဲကလိုဆို ငါ့ေက်ာေပၚမွာ မင္းသမီးေခ်ာေခ်ာေလး ရွိေနရမွာ"
"မင္းသမီး...ဘယ္မွာလဲ မင္းသမီး။ဘယ္မွာလဲ အခုထြက္လာစမ္း"
မူးေၾကာင္႐ူးေၾကာင္နဲ႕ ပါးစပ္ထဲရွိရာ ေလွ်ာက္ေျပာေနသည့္ Yoongiကို သူ႕မွာ လက္တစ္ဖက္နဲ႕အတင္းဆြဲထားရသည္။ဒါေတာင္ သူက လက္ညွိုးတထိုးထိုးနဲ႕ ေလွ်ာက္ေအာ္ေနေသးတာ။
"ျပန္မယ္ လာ။မ်က္စိဖြင့္ၿပီး ေလွ်ာက္ေနာ္ Yoongi။ခလုတ္တိုက္မယ္"
ေက်ာေပၚက Jiminကို လက္တစ္ဖက္နဲ့ ထိန္းေပြ႕ၿပီး က်န္လက္တစ္ဖက္ကေတာ့ Yoongiကို ဆြဲထားရသည္။အခုသူ႕ပုံစံက ကေလးထိန္းႀကီး တစ္ေယာက္လို။တကယ္ပင္ ဗ႐ုတ္သုတ္ချဖစ္ေနသည္။
သူကိုယ္တိုင္လည္း အနည္းငယ္ ေယာင္ခ်ာခ်ာျဖစ္ေနၿပီ။အမ်ားႀကီး မေသာက္ခဲ့လိုသာ ေတာ္ေတာ့သည္။
"ကဲ အိပ္ၾကေပေတာ့"
ႏွစ္ေယာက္လုံးကို သူတို႔ကုတင္ေပၚထိ အေရာက္ပို႔ကာ သူ႕တာဝန္သူ ေက်ေအာင္ ထမ္းေဆာင္လိုက္သည္။တစ္လမ္းလုံး Jiminကို ေက်ာပိုးခဲ့ရတာေၾကာင့္ ခါးေတြေတာင္ နာခ်င္ေနၿပီ။
ေလွကားခပ္က်ဥ္းက်ဥ္းကို တစ္ထစ္ခ်င္းနင္းကာ အေပၚထပ္သို႔ ခပ္ေျဖးေျဖး တက္လာလိုက္သည္။ေညာင္းညာေနသည့္ ပုခုံးကိုလည္း ျပင္းျပင္းႏွိပ္မိပါရဲ႕။
အေပၚကိုေရာက္ေတာ့ အခန္းေရွ႕ရွိ ကြပ္ပ်စ္ေပၚတြင္ ဒူးေလးပိုက္လွ်က္ ေစာင့္ေနသူေၾကာင့္ အမူးေတာင္ ေျပသြားသလို။
ဒူးႏွစ္ဖက္ၾကား မ်က္ႏွာအပ္ကာ ငိုက္ေနသည္မွာ ခ်စ္စရာအတိ။
"Jung...Jung kook"
အံ့ဩစိတ္ေၾကာင့္ သူ႕နာမည္ကိုေရ႐ြတ္လိုက္မိေတာ့ ငိုက္ေနသည့္ JungKookဟာ ဆတ္ခနဲ
ထလာသည္။မွိတ္ထားခဲ့သည့္ မ်က္ဝန္းေတြဟာ အခုေတာ့ ေဒါသရိပ္ေတြႏွင္။ခ်စ္စရာေကာင္းသည့္ ဟန္ပန္တို႔ဟာ ႐ုတ္ျခည္းကြယ္ေပ်ာက္သြားကာ မူလအသြင္ ဂ်စ္ကန္ကန္ေကာင္ေလးအျဖစ္ ေျပာင္းလဲသြားသည္။
"Kim Tae Hyung...ဘယ္ေတြ သြားေနတာလဲ။ဟမ္...ေျဖေလ ဘယ္ေရာက္ေနတာလဲလို႔"
Tae hyungပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ ေအာ္ဟစ္ေမးျမန္းေနသည့္ JungKookမွာ လန႔္စရာေကာင္းလွသည္။သူ႕မ်က္ႏွာေပၚတြင္ ေဒါသရိပ္ေတြနဲ႕အတူ စိတ္ပူမႈေတြပါ ထင္ဟပ္ေနသည္။
"Jung kook"
"ကိုယ့္နာမည္ကိုပဲ ႐ြတ္မေနနဲ႕...မင္းဘယ္ေရာက္ေနတာလဲ၊ဘယ္က ျပန္လာတာလဲဆိုတာကိုပဲ အရင္ေျဖစမ္းပါ"
ပခုံးႏွစ္ဖက္က နာက်င္မႈေၾကာင့္ Tae Hyung ေဒါသထြက္လာရသည္။မာနကို ထိခိုက္လာသလို ခံစားရေတာ့ ရွက္ပင္ရွက္မိပါရဲ႕။
"အာ့...နာတယ္ လႊတ္စမ္း Jeon Jung Kook...လာမရိုင္းနဲ႕။အခုခ်က္ခ်င္း ထြက္သြား"
JungKookဘက္က ၿငိမ္က်သြားသည္ကို အခြင့္ေကာင္းယူကာ Tae hyung JungKookကို တြန္းလႊတ္လိုက္သည္။
Jung Kookကိုယ္တိုင္လည္း Tae Hyungအျပဴအမူေၾကာင့္ တုန္လႈပ္လ်က္။
"Tae hyung ေမာင္က...ေမာင္က မင္းကို စိတ္ပူလို႔ေလ။မင္း ေမာင့္ကို ဒီေလာက္ေတာင္ မုန္းေနတာလား...မျမင္ခ်င္ေလာက္ေအာင္ကို မုန္းေနတာလား"
ဝန္မခံခ်င္ေပမဲ့ Jung Kookအသံတို႔ဟာ တုန္ရီေနသည္။ဝမ္းနည္းရိပ္သန္းေနသည့္ မ်က္ဝန္းတို႔ဟာလည္းအနည္းငယ္ စိုစြတ္လ်က္။ မ်က္ရည္မက်သည့္တိုင္ မ်က္ဝန္းတို႔ဟာ နီရဲလာေလသည္။ဒါဟာ ေဒါသစိတ္ေၾကာင့္လည္း ျဖစ္နိုင္ပါရဲ႕။
သူခ်စ္ရသူက သူ႕ကို ခါးခါးသီးသီးျဖစ္ေနတာေၾကာင့္ သူရင္နာမိပါသည္။Seok Jinတို႔ ေျပာတဲ့ ဝဋ္ဆိုတာ ဒါလား။
သူ႕ေျခေထာက္အစုံဟာ အားနည္းလာသလို ခံစားရသည္။ကြပ္ပ်စ္ေပၚသို႔ ေျခပစ္လက္ပစ္ထိုင္ခ်လိဳက္ေတာ့ ထိန္းထားရသည့္ ဝန္အခ်ိဳ႕ ေလွ်ာ့နည္းသြားသလိုပင္။
မ်က္စိကို မွိတ္ခ်ရင္း စိတ္ၿငိမ္ေအာင္ ႀကိဳးစားလိုက္သည္။ထို႔ေနာက္ ပ်က္ယြင္းေနသည့္ မ်က္ႏွာကို ျပဳျပင္ကာ...
"အေႏွာက္အယွက္ေပးမိလို႔ ေတာင္းပန္ပါတယ္။အတတ္နိုင္ဆုံး မင္းေရွ႕ကို ေပၚမလာမိေအာင္ ကိုယ္ေနပါ့မယ္"
ပထမဆုံးနဲ႕ ေနာက္ဆုံးအေနနဲ႕ မာနေတြကို ခဝါခ်ကာ သူေတာင္းပန္လိုက္သည္။ဒီေလာက္ပဲ။ဒါ သူခ်စ္မိတဲ့ လူအတြက္ အေကာင္းဆုံး ႀကိဳးစားခဲ့တာ။Kim Tae Hyungသာ မဟုတ္ခဲ့ရင္ သူဒီေလာက္ သည္းခံနိုင္မယ္ မထင္။
သို႔ေသာ္ Kim Tae Hyungဆိုသည့္ ေခါင္းစဥ္ေအာက္တြင္လည္း ေနာက္ဆုံး အေလွ်ာေပးျခင္းပင္။
ျပႆနာေတြ ပိုမႀကီးလာခင္ သူTae Hyungေရွ႕က အျမန္ထြက္လာလိုက္သည္။
အခုေတာ့ သူလည္း ခံစားတတ္ေနၿပီထင္ပါရဲ႕။
"ထြက္မသြားပါနဲ႕ Jung Kook"
ေက်ာခိုင္းကာ ထြက္လာမိစဥ္ သူ႕လက္ကို ဆြဲၿပီး သူ႕ကို တားလာသည့္ Tae Hyung။
"ဘာျဖစ္လို႔လဲ Tae hyung။ကိုယ့္ကို မုန္းတဲ့အေၾကာင္းေတြ ေျပာျပမလို႔လား"
"ဟင့္အင္း...မဟုတ္ဘူး။ကြၽန္ေတာ္ Jung Kookကို မမုန္းပါဘူး"
ခပ္႐ြဲ႕႐ြဲ႕ေမးလိုက္ေသာ္လည္း Tae hyungဆီမွ ၾကားလိုက္ရတဲ့ အေျဖေၾကာင့္ သူတင္းထားသမွ် ေျပက်သြားရသည္။
Tae hyungက သူ႕ကို မမုန္းဘူးတဲ့။ဒါဆို...
"Tae hyung...တကယ္ေျပာေနတာလား...ကိုယ့္ကို တကယ္ မမုန္းဘူးလား"
"အင္း...ကြၽန္ေတာ္ ေမာင့္ကို မမုန္းဘူး"
'ေမာင္…ေမာင္…ေမာင္…'
ေမာင္ဆိုသည့္ နာမ္စားသာ သူ႕နားထဲတြင္ ႀကီးစိုးေနသည္။ပထမဆုံးအေနနဲ႕ တစ္စုံတစ္ေယာက္ဆီက ၾကားရသည့္ နာမ္စား၊ပထမဆုံးအေနနဲ႕ Tae hyung ႏႈတ္က ထြက္လာသည့္ နာမ္စား။ဒါက သူ႕အတြက္ Tae hyungရဲ႕ အေျဖမ်ားလား။
"ေမာင့္ကို...လက္ခံေပးတာလား Tae hyung။အခု Tae hyungက ေမာင့္ရဲ႕ သက္ဆိုင္သူ ျဖစ္ၿပီမလား"
မဝံ့မရဲေမးေနသည္မွာ သူမဟုတ္သလို။အခ်စ္က အရာရာကို ေျပာင္းလဲေစတာလား။
'အင္း'ဟု ဆိုကာ ရွက္ဝဲဝဲႏွင့္ ေခါင္းၿငိမ့္ျပလာသူေၾကာင့္ ထိုေနရာမွာပင္ သူခုန္ေပါက္ေနမိသည္။သူသိပ္ကို ေပ်ာ္မိသည္။ေျပာမျပတတ္ေလာက္ေအာင္ပင္ ေပ်ာ္႐ႊင္ရသည္။
သု႔အျဖစ္က ပထမဆုံးအႀကိမ္ ရည္းစားထားတဲ့ ဆယ္ေက်ာ္သက္ေလး တစ္ေယာက္လို။
လက္ဖ်ားေျခဖ်ားေတြပါ တဆတ္ဆတ္တုန္လာရသည္။ရင္ထဲကလည္း တဒိတ္ဒိတ္နဲ႕။တစ္သက္လုံး တည္ၿငိမ္လာခဲ့သမွ် အခုေတာ့ ပ်က္စီးေလၿပီ။ရည္းစားေတြထည္လြဲတြဲခဲ့ဖူးသည့္ Jeon Jung Kookမဟုတ္သလိုပင္။
အရင္က ေျပာခဲ့ဖူးသလို သူက Kim Tae Hyungကုိ ကစားနိုင္ဖို႔ေတာ့ မျမင္ပါ။Kim Tae Hyungကသာသူ႕ကို ခ်ဳပ္ကိုင္သြားနိုင္သည္။
Kim Tae Hyungဆိုသည့္ ႏြံထဲတြင္ သူ႕ႏွလုံးသား တစ္ခုလုံး နစ္ျမဳပ္စျပဳေနပါၿပီ။
ခ်စ္ရပါေသာ ေမာင့္အသက္ေရ
မင္းတစ္ဘဝလုံး ေမာင့္အနားမွာပဲ ရွိေနေပးပါ။
ေမာင့္စိတ္ကို ေမာင္မယုံေပမဲ့ မင္းကိုေတာ့ ယုံၾကည္ေပးထားမယ္။
မင္းက ေမာင့္ယုံၾကည္မႈနဲ႕တန္ေအာင္ ေမာင့္အပိုင္ေလးအျဖစ္ တစ္သက္လုံးရွိေနေပး။
မင္းကိုေတာ့ ေမာင္အပိုင္လိုခ်င္တယ္။
_______We and Our cafe_______
10.5.2022
____________________________