For Unicode
အမှောင်ထုတို့ အုပ်စိုးနေတဲ့ ညကောင်းကင်က ဒီနေ့မှ ပိုပြီးအကျည်းတန်နေသလို။
ပျားပန်းခတ်အောင် သွားလာလှုပ်ရှားနေတဲ့လူတွေနဲ့ ဆန့်ကျင်စွာ ကိုယ်ကပဲ အထီးကျန်နေရတာလား။နာကျင်နေရတာက ဘဝပဲလား။
ပိုင်လည်းမပိုင်သလို ဆိုင်လည်းမဆိုင်တဲ့လူတစ်ယောက်အတွက် အော်ဟစ်ငိုကြွေးဖို့ အခွင့်အရေးရော ကျွန်တော့်မှာရှိရဲ့လား။
နာကျင်လိုက်တာ။နှလုံးသားတစ်ခုလုံး စုတ်ပြတ်သွားမတတ်ဘဲ။သောက်ခဲ့တဲ့ မူးယစ်စေတဲ့အရာအမျိုးမျိုးက ကျွန်တော့်ကို ချာချာလည်အောင် မူးစေပေမယ့် သွက်သွက်ခါတဲ့ထိ ရူးအောင်တော့ မစွမ်းနိုင်ဘူးထင်ပါရဲ့။
ပုခုံးချင်းတိုက်မိလို့ ဒေါသထွက်ပြီးကျန်ခဲ့တဲ့လူတွေရဲ့ ဒေါသသံခပ်ပြင်းပြင်းနဲ့ နှာခေါင်းရှုံ့နေကြတဲ့လူတွေရဲ့ အကြည့်တွေ။လောလောဆယ်တော့ ချစ်ရသူရဲ့ အပြုံးတွေလောက် ကျွန်တော့်ကိုနာကျင်အောင်လုပ်နိုင်တဲ့အရာ မရှိသေးဘူးထင်ပါရဲ့။
"Hyungလည်း မင်းကို သိပ်ချစ်ခဲ့တာပဲလေ...ဘာလို့မမြင်ခဲ့တာလဲ။ဒါမှမဟုတ် မဖော်ပြမိတဲ့ ဒီလူရဲ့အမှားပဲလား"
လမ်းဆက်မလျှောက်နိုင်တော့တာကြောင့် လမ်းမီးတိုင်လေးအောက် ငုတ်တုတ်ထိုင်ရင်း နာကျင်မှုတွေကို စကားလုံးအဖြစ်ပြောင်းလဲပြီး နှုတ်ကထွက်စေကာ ချစ်ရသူကို တိုင်တည်ရင်း ကမ္ဘာကြီးကို ရင်ဖွင့်နေမိသည်။
"ဒါပေါ့...Hyungရဲ့အမှားပါပဲ။Hyungသိပ်ချစ်တဲ့ ကောင်ငယ်ေလးက ဘယ်တုန်းကမှ မမှားခဲ့ပါဘူး...တကယ်ဆို ညီလေးတစ်ယောက်လိုပဲဖြူဖြူစင်စင်ချစ်ပေးခဲ့သင့်တာ...KimNamJoon မင်းအသုံးမကျတာ...မင်းပဲမှားနေတာ။မင်းကြောင့်..."
ကိုယ့်ကိုယ်ကိုယ်ထုရိုက်ရင်း အပြစ်ပြောနေမိသော်လည်း ခံစားရတာက တကယ်ကို စို့စို့နင့်နင့်။
"အား... ရင်ထဲကနာတယ်"
နှလုံးသားကို ဦးနှောက်က ေလှာင်ရယ်နေသည်။'အသုံးမကျတဲ့လူက နာကျင်ရမှာပေါ့'ဆိုလား။
"အဟက်"
ပြုံးလိုက်ရယ်လိုက်နှင့် အော်ဟစ်နေတဲ့ အမူးသမားတစ်ယောက်ကို ဖြတ်သွားဖြတ်လာ လူအများကတော့ အထင်သေးသလို လက်ညှိုးထိုးသွားကြသည်။
"ဟား...ဟား...ဟား"
ဖုန်းမျက်နှာပြင်က လူနှစ်ယောက်ရဲ့ ပုံရိပ်လေးကို ငေးမောရင်း အကြောင်းရင်းမရှိရယ်မောနေမိပြန်၏။ကျဆင်းနေတဲ့ မျက်ရည်တွေကိုတော့ လျစ်လျူရှုလိုက်တော့မည်။
"Hyungရဲ့ ဝက်ဝံပေါက်လေး အခုတော့ ပျော်နေလောက်ပြီမလား...အသုံးမကျတဲ့ Hyungအချစ်တွေကို အတတ်နိုင်ဆုံး ကြိုးစားပြီး ဖျက်ဆီးပေးမယ်နော် ကလေးလေး...ဒါမှ မင်းမထိခိုက်ရမှာ...JeonJungKookရဲ့ သဝန်တိုစိတ်ကြောင့် မင်းကိုထိခိုက်ရမှာ မလိုလားဘူး။တရားခံက Hyungဖြစ်နေမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် မုန်းမိမှာ တကယ်ပါ"
...
အသားကိုထိနေတဲ့ တစ်စုံတစ်ရာရဲ့ အထိအတွေ့။နူးညံ့ပြီးပူနွေးနေတာကြောင့် မနေတတ်သဖြင့် အိပ်နေရာမှထကြည့်ဖို့ ကြိုးစားမိသည်။သို့သော် မအောင်မြင်။
ခါးပေါ်က လေးလံမှုက မောင့်လက်တစ်ဖက်ရဲ့ ထွေးဖက်ထားမှုကြောင့်။ဖယ်ဖို့ကြိုးစားလေ တင်းကြပ်လာလေဖြစ်တဲ့ မောင့်လက်။အိပ်နေရင်းနဲ့တောင် မောင်က ဗီဇပြသည်။ဂျစ်ကန်ကန်နဲ့ သူ့အမျိုးသားလေးကို တကယ်တော့ သူသိပ်ချစ်ပါ၏။
ကျောပြင်က အထိအတွေ့ကို လှည့်ကြည့်စရာမလိုဘဲ TaeHyungသဘောပေါက်လိုက်ပြီ။ဒါဟာ မောင့်နှုတ်ခမ်းတွေ။ကျောပေးထားတဲ့ သူ့ကို မောင်က အနောက်ကနေ ပွေ့ဖက်ထားပြီး မောင်နှုတ်ခမ်းတွေကတော့ သူ့ဂုတ်နဲ့ ကျောပြင်စပ်မှာ တို့တို့ထိထိ။
မောင့်ရဲ့ တောင့်တင်းတဲ့ရင်အုပ်ကလည်း TaeHyungရဲ့ ကျောပြင်နဲ့ထိစပ်နေသေးတာ။
နွေးထွေးတာမှန်ပေမယ့် စိမ်းသက်နေဆဲအထိအတွေ့က TaeHyungကို အနေခက်စေသည်။အရှက်သည်းတတ်သူမဟုတ်သော်လည်း မျက်နှာတွေက ဘာကြောင့် ပူထူလာရသလဲ။
"မောင် ခဏဖယ်အုံး...JungKook ဖယ်ပါအုံးလို့"
TaeHyungစကားကို မကြားတာလား မကြားချင်ယောင်ဆောင်တာလားမသိပေမယ့် JungKookလက်တွေက ဖယ်ခွာမသွားခဲ့။
"JeonJungKook..."
ခပ်ဆောင့်ဆောင့်အော်လိုက်တဲ့အသံကြားမှ လန့်သွားတဲ့မောင်က အိပ်ချင်မူးတူးနဲ့ပင် တောက်တစ်ချက်ခေါက်ပြီး သူ့ကိုကျောပေးသွားသည်။ဒါက သူအိပ်နေတာကို နှောက်ယှက်မိလို့ စိတ်တိုသွားတာပေါ့လေ။
"မောင်က ချစ်ဖို့ကောင်းလိုက်တာ"
TaeHyungကုတင်ပေါ်မှာ တင်ပါးလွှဲလေးထိုင်ရင်း ထဖို့အားယူနေလိုက်သည်။နံရံပေါ်ကနာရီလေးကိုကြည့်လိုက်တော့ ရှစ်နာရီ ဆယ့်ငါးမိနစ်။သူအရမ်းနောက်ကျတဲ့ထိ အိပ်လိုက်မိတာပဲ။
အိပ်ယာထစဖြစ်လို့ ညစ်ပတ်နေတာကြောင့် ရေတစ်ခါတည်းချိုးလိုက်သည်။အဓိကကတော့ လူကမလန်းမဆန်းဖြစ်နေတာကြောင့်။ခပ်နွေးနွေးရေလေးထဲ (၁၀)မိနစ်နီးပါးလောက် စိမ်နေခဲ့တော့ စိတ်ရော၊လူေရာပါ တက်ကြွလာသလို။
အဝတ်ဗီဒိုထဲက ယူလာခဲ့သည့် ဆင်စွယ်ရောင် တီရှပ်လက်ရှည်လေးနဲ့ ချည်သားဘောင်းဘီလေးကို တွဲဖက်ဝတ်ဆင်လိုက်သည်။ဒါဟာ သူ့ရဲ့ အိမ်နေရင်းစတိုင်။အမြဲတမ်းနီးပါး ရှပ်အင်္ကျီနဲ့ စတိုင်ပန့်သာဝတ်တတ်တဲ့ TaeHyungက အခုလိုလေးလည်း တစ်မျိုးကြည့်ကောင်းနေပြန်သည်။
အိပ်နေတဲ့ မောင့်ကိုတွေ့တော့ နှိုးသင့်လား မနှိုးသင့်လား စဉ်းစားရခက်လေပြီ။အခုမှ ပထမဆုံး အိမ်ထောင်ကျဖူးတာဆိုတော့ လူကကြောင်တောင်တောင်ဖြစ်နေရ၏။
အတွေ့အကြုံမရှိတာကြောင့် ဖြစ်မည်။
မထူးတော့တာကြောင့် မနှိုးတော့ဘူး မီးဖိုခန်းထဲဝင်ကာ ချက်ပြုတ်ဖို့ ပြင်ဆင်လိုက်သည်။
အသီးအရွက်တွေနဲ့ အသားငါးက လိုအပ်သလောက် အပြည့်ထည့်ထားပြီးဖြစ်တာကြောင့် စိတ်ပူစရာမလို။ကိုယ့်အိမ်ကိုယ့်ယာမဟုတ်တာကြောင့် အခက်အခဲတော့ အနည်းငယ်ရှိသည်။
ချက်ပြုတ်ပြီးသည့်နောက် မောင့်ကို အိပ်ယာကနှိုးတော့ မောင်က မထချင်ထချင်နဲ့ ထလာရှာ၏။မျက်နှာကြီးစူပုပ်နေပြီး ဒေါသထွက်နေတဲ့မောင်က သူ့ကိုတွေ့တော့ တစ်ချက်ငြိမ်သွားသည်။ထို့နောက် ရှက်ပြုံးလေးနဲ့ သူ့ဂုတ်ပိုးလေးသူ ပွတ်သပ်နေရင်း ရုတ်ချည်းဆိုသလိုပဲ TaeHyungပါးလေးကို ဖြတ်ခနဲ နမ်းသည်။
'မောင်ယောက်ျားရပြီးပြီဆိုတာကို မေ့နေလို့' ဆိုတဲ့ မောင့်စကားကြောင့် အူတက်မတက် ရယ်မောလိုက်ရသေးတာ။
မနက်စာစားသောက်ပြီးတဲ့အထိ ကြင်စဦးဇနီးမောင်နှံလေးနှစ်ယောက်က ကြည်ကြည်နူးနူး။ဘာစကားမှမပြောသော်လည်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးရယ်နေမိကြ၏။
"မောင်တို့ Honeymoonထွက်ကြမလား အချစ်"
"ဆိုင်က သုံးရက်ပဲပိတ်ထားတာလေ"
"ဆိုင်ကအရေးကြီးလား မောင်ကအရေးကြီးလား"
ကလေးဆန်လွန်းတဲ့ မောင်။ကတ်သတ်ကပ်သတ်စကားတွေလည်း ပြောတတ်သေး၏။
"ဆိုင်ပေါ့"
စိတ်မဆိုးသော်လည်း စိတ်ဆိုးချင်ဟန်ဆောင်ကာ JungKookမျက်နှာမဲ့လိုက်သည်။
"အဲ့ဆိုင်က ကိုယ့်ထက် အရေးပါတယ်ပေါ့လေ...အဟွန်း KimTaeHyungကြီးနော် အပြစ်ပေးခံချင်လို့လား"
"ပေါက်ကရတွေတော့ ပြောပြီ"
သူကလာစနေတဲ့ အချစ်လက်နုနုလေးကို သွားနဲ့ ခပ်ဖွဖွကိုက်လိုက်တော့ လက်မှာ သွားရာလေးကအထင်းသား။အချစ်ကတော့ မျက်စောင်းထိုးနေပြီ။
"ဟဲဟဲ အသည်းယားလို့"
ယုန်သွားလေးပေါ်အောင် ပြုံးပြကာ မျက်နှာချိုသွေးပြလိုက်တော့ မနိုင်ဘူးဆိုတဲ့အကြည့်နဲ့သာကြည့်ကာ ဘာမှမပြောတော့တဲ့အချစ်။သူကတော့ အချစ်ကို ရင်ခွင်ထဲဆွဲယူထည့်ပြီး အနွေးဓါတ်ကိုရယူနေလိုက်သည်။
"မင်းကို မောင်သိပ်ချစ်တာပဲ အချစ်ရယ်"
...
"အချစ် မောင်ကူညီပေးမယ်လေ..."
ညစာချက်နေတဲ့အနားကို ရောက်လာတဲ့မောင်။ကူညီပေးမယ်သာပြောပြီး လူက TaeHyungဘေးကမခွာ။
"ကူညီမယ်ဆိုရင်လည်း တစ်ခုခုလုပ်ပေးလေ...ရပ်ကြည့်နေရုံနဲ့ ဟင်းခွက်တွေက အလိုလိုဖြစ်လာမလား"
TaeHyungပြောတာကိုလည်း ဂရုမစိုက်ဘဲ ပြီတီတီရပ်ကြည့်နေတဲ့ JungKook။
ရပ်ကြည့်နေရုံမက တရွတ်ရွတ်နမ်းလာတော့ TaeHyungတို့ စိတ်တိုရပြီ။
"မကူညီချင်လည်း လာမနှောက်ယှက်နဲ့...သွား စားပွဲမှာပဲ ထိုင်ပြီးစောင့်နေ...အနားလုံးဝကပ်မလာနဲ့"
ထမင်းစားပွဲက ခြေတံရှည်စားပွဲဝိုင်းကြီးကို လက်ညှိုးထိုးကာ TaeHyungဆူပူရင်းပြောလိုက်တော့ လူဆိုးလေးက ဟန်ဆောင်ပန်ဆောင် မျက်နှာငယ်ပြသည်။
"သူ့ကို energyတွေပေးပြီးလည်း ကူညီရသေးတယ်"တဲ့။တကယ် အံ့ဩမိပါရဲ့။
သူယူထားတဲ့ JeonJungKookက ဒီလိုလည်း ပြောတတ်သေးတာလား။
ခြေဆောင့်ပြီးထွက်သွားပုံက ငါးနှစ်သားလေးလို။Jeonjungkookက မျက်နှာများလိုက်တာ။သိပ်လည်း အမူပိုတတ်တာပဲ။
"Hyung...မနက်ဖြန် အလုပ်ဆင်းတော့မှာလား...ဆိုင်ကပြန်ဖွင့်တော့မှာလား"
"ဘာလာလုပ်ပြန်တာလဲ...သွားပါဆို"
"မေးတာပဲဖြေကွာ...ဆိုင်ကပြန်ဖွင့်တော့မှာလား"
"အင်းပေါ့...မဖွင့်ရင် ကျွန်တော့်ဆိုင်အရင်းပြုတ်သွားမှာပေါ့..."
"မောင်နဲ့ပဲနေပေးကွာ...ပိုက်ဆံကမောင်ပဲရှာမယ်လေ...အချစ်က မောင့်ဝေယျာဝစ္စပဲလုပ်ပေးပြီး အိမ်မှာကျော့ကျော့လေးနေပေါ့"
တစ်ခုခု လွဲမှားနေပုံရတဲ့ မောင့်စကားတွေ။အခုကတည်းက သေချာရှင်းပြသင့်တယ်လို့ထင်တာကြောင့် မောင်နဲ့မျက်နှာချင်းဆိုင်မှာ နေရာယူလိုက်သည်။
"မောင်ယူထားတာက မိန်းမမှမဟုတ်ဘဲ...နောက်ပြီး ကျွန်တော်က ကျွန်တော့်ဆိုင်လေးကို သိပ်မြတ်နိုးတာ။ကျွန်တော့်အိပ်မက်လေးမလို့ အမြဲတမ်း ကြိုးစားသွားချင်တယ်။မောင်က နားလည်ပေးနော်။နောက်ပြီး ယောကျာ်းနှစ်ယောက် အတူတူပိုက်ဆံရှာကြတော့ ပိုသုံးနိုင်တာပေါ့ ဟုတ်တယ်မလား"
အချစ်ရဲ့ တည်တံ့တံ့မျက်နှာလေးကြောင့် လက်မခံချင်ပေမယ့်လည်း JungKookကပဲ အလျှော့ပေးရသည်။
"အင်းပါ...အချစ်သဘောပါပဲ။ဆိုင်အသွားအပြန်ကို မောင့်ဆိုင်ကယ်လေးနဲ့ လိုက်ပို့မယ်လေ မောင့်နောက်ကလိုက်ရဲတယ်မလား"
"ဆန္ဒရှိရင် ကမ္ဘာအဆုံးထိခေါ်သွားလို့လည်း ရပါတယ်မောင်"
စကားလုံးတွေက ထက်လွန်းတော့ ဒီနှလုံးသားကိုအနိုင်ယူဖို့ လက်နက်ကြီးကြီးတောင် မလိုတော့။နက်ရှိုင်းတဲ့ အကြည့်တွေမှာတင် အကြိမ်ကြိမ်ပြိုလဲခဲ့ပြီးသားမလို့ စကားလုံးတွေနဲ့ပါ ထပ်မသတ်ပါနဲ့လား။
ချစ်ရလွန်းလို့ မောင်ရူးတော့မယ်။
...
"မောင်ရေ...မောင် မြန်မြန်လုပ်လေ...ပြောတော့ ကျွန်တော့်ကို ကိုယ်တိုင်လိုက်ပို့မှာဆို...စိတ်မရှည်ရင် ကိုယ့်ဘာကိုယ်ထသွားလိုက်မှာဗျ"
အအိပ်ကြီးတဲ့ ကိုယ်တော်ချောကို ခက်ခက်ခဲခဲနှိုးထားပြီးတဲ့နောက် ရေချိုးခန်းထဲကထွက်မလာတာကြောင့် အော်ရပြန်ပြီ။
ီအတူနေခဲ့တဲ့ သုံးရက်အတွင်း မောင့်အကြောင်းကို အရင်ထက်ပိုသိနေပြီဖြစ်လို့ ဒီလိုဖြစ်မယ်ဆိုတာ တွေးထားပြီးသား။
အဲ့တာကြောင့် ညကတည်းက စောစောအိပ်ဖို့ပြောခဲ့ပေမယ့် မောင်က သူ့စကားဆိုလက်မခံ။အခုလည်း ရေချိုးခန်းထဲမှာ ငိုက်နေပြန်ပြီထင်ပါရဲ့။
ရေချိုးခန်းထဲမှာ ရေချိုးရင်း ခိုးအိပ်နေတဲ့ JungKookတစ်ယောက် ယောကျာ်းဖြစ်သူရဲ့ အသံကြားမှ ကပျာကယာနဲ့ Bathtubထဲက ထလာရသည်။
Bathrobeတစ်ထည်နဲ့ ထွက်လာပြီး အချစ်ထုတ်ပေးထားတဲ့ အဝတ်အစားကို လဲလှယ်နေတဲ့ အချိန်ထိ အချစ်က ဘေးမှာ လက်ပိုက်လို့ မျက်စိဒေါက်ထောက်ကြည့်နေဆဲ။ပွစိပွစိမပြောတတ်တဲ့ ယောကျာ်းမလို့သာ တော်ပါတော့သည်။အကြည့်တစ်ချက်မှာတင် ပြာကျချင်စရာကောင်းနေတာကတော့ ထူးထွေလို့ပြောမနေတော့ပါဘူး။
"သွားကြမယ် အချစ်"
"ဘယ်သွားမှာလဲ...စောသေးတယ်နော် မနက်ဖြန်လောက်မှသွားမယ်ထင်နေတာ"
"မောင်နဲ့Taeရဲ့ ကော်ဖီဆိုင်လေးပေါ့"
နူးနူးညံ့ညံ့ တီတီတာတာသိပ်မတတ်သော်ငြား JungKookကြိုးစားပြီးပြောလိုက်သည်။လူကြမ်းကြီးဖြစ်တာကြောင့် ကိုယ်အပြောနဲ့ကို်ယ် ရှက်ရွံ့မိတာကို အချစ်သိရင် သဘောတကျရယ်နေဦးမလား။
ကလေးဆန်တဲ့ နာမကြောင့် TaeHyung ခါးလေးမတ်သွားရသည်။
"Taeဟုတ်လား"
"ဟုတ်...ဟုတ်တယ်လေ။အချစ်က မကြိုက်လို့လား"
"တကယ်ပါပဲ ကလေးကလားနဲ့"
TaeHyungရဲ့ စကားကြောင့် JungKookစိတ်ထဲက ရာသီဥတုလေးဟာ ညို့မှိုင်းသွားရသည်။
ကျောခိုင်းပြီး အခန်းပြင်ထွက်သွားတဲ့ TaeHyungရဲ့ အပြုံးကို မမြင်တွေ့လိုက်ရရှာသူက ဝမ်းနည်းသည်ဟုမဆိုနိုင်သော်လည်း တိတ်ဆိတ်သွားတာကတော့ အသေချာ။
ဆိုင်ကယ်ပေါ်တက်ခါနီး TaeHyungကို Helmetကအစသေချာတက်ပေးနေတဲ့ JungKookကို ကြည့်ကာ TaeHyungရင်ထဲ လိပ်ပြာလေးတွေပျံဝဲနေသလိုပင်။
ခပ်ကြမ်းကြမ်းမောင်းနှင်နေတဲ့ ဆိုင်ကယ်လေးက လေဟုန်ကိုဆန်နေသလို။ထိတ်လန့်မိတာကြောင့် မောင့်ခါးကအင်္ကျီစကို တင်းတင်းဆွဲမိလေ မောင်က အရှိန်တင်လေနဲ့ TaeHyung ကို ကျီစားနေသည်။
ဆိုင်ရှေ့ရောက်တဲ့ထိ TaeHyungမှာ အသက်ဝဝမရှုနိုင်သေး။ဆိုင်ကယ်ပေါ်က ဆင်းဆင်းချင်း လုပ်မိတာကို မောင့်ပုခုံးကို လက်သီးနဲ့ခပ်ဖွဖွထိုးမိခြင်းပင်။လူကတကယ်စိတ်ဆိုးချင်လာသည်။မောင်ကတော့ ရယ်ကျဲကျဲနဲ့။
"နောက်တစ်ခါ ဆိုင်ကယ်နဲ့လိုက်ပို့မယ်ဆိုလို့ကတော့ မင်းကို ဆိုလ်းကနေ ဘူဆန်ထိရောက်အောင် ကန်ချပစ်မယ်"
ဘေးဘီမကြည့်ဘဲ အသံကျယ်ကျယ်နဲ့ အော်ရယ်နေတဲ့ JungKook။
"ရယ်မနေနဲ့ တကယ်ပြောတာ...ရော့ မောင့်ဟာကြီး ပြန်ယူ...အိမ်ပြန်အိပ်အုံးမှာဆိရင်လည်း အိပ်တော့..."
"အချစ်အထဲဝင်တာကြည့်ပြီးမှ ပြန်မယ်"
စိတ်ဆိုးကြောင်းပြကာ မောင့်ကိုဘာမှပြန်မပြောဘဲ လှည့်ထွက်ခဲ့လိုက်သည်။
"TaeHyungလေး...လာပြီလား"
နှုတ်ဆက်နေတဲ့ အစ်မနှစ်ယောက်ကို အပြုံးလေးနဲ့ နှုတ်ခွန်းဆက်သလိုက်သည်။
"Bearလေး နေကောင်းလား...အဆင်ပြေတယ်မလား..."
Hyungကို ကြောင်တောင်တောင်လေးနဲ့ပဲ ခေါင်းညိတ်ပြလိုက်သည်။အဆင်မပြေစရာတော့မရှိဘူးမလား။
မတွေ့ရတဲ့ ရက်ပိုင်းအတွင်း အနည်းငယ်ပိန်သွားတဲ့ Hyung။ကျန်းမာရေးများ မကောင်းလို့လား။
ဆိုင်ရှေ့ဆီသို့အကြည့်ပို့လိုက်တော့ သူ့ကိုလက်ပြနှုတ်ဆက်နေတဲ့ လူဆိုးလေးကို တွေ့ရသည်။အရှိန်ပြင်းပြင်းမောင်းထွက်သွားတဲ့ဆိုင်ကယ်လေးက်ု မျက်စိတစ်ဆုံးလိုက်ကြည့်မိသေးပါ၏။
"မောင်နဲ့ Taeရဲ့ ကော်ဖီဆိုင်လေးတဲ့လား"
ချစ်ရသူကြောင့် ဖြစ်တည်လာခဲ့တဲ့ ကြည်နူးစရာ ခံစားချက်လေးဟာ အဖိုးတန်လွန်းသည်။
မောင်နဲ့ Taeရဲ့ ကော်ဖီဆိုင်လေးကို ပိုပြီးလှပအောင် ကျွန်တော်တို့အတူတူ ဖန်တီးကြမလား မောင်။
သေချာစဉ်းစားကြည့်ရင် ဒီနေရာလေးက ကျွန်တော်တို့ တွေ့ဆုံမှုရဲ့ အစပဲမဟုတ်လား။
Doppioကို ကြိုက်တဲ့မောင်၊နားလည်ရခက်တဲ့မောင်၊တက်တူးအပြည့်နဲ့မောင်။
ကျွန်တော်မကြိုက်တဲ့အရာတွေကိုပဲ မောင်က သဘောကျတတ်တာလား။
မောင့်ကိုချစ်ပြီးကတည်းက ကျွန်တော့်စိတ်ထဲ ကြိတ်ပြီး ဖြစ်ချင်ခဲ့တဲ့ ရူးကြောင်ကြောင်ဆန္ဒသေးသေးလေးတစ်ခုရှိတယ်မောင်။
မောင်နဲ့တွေ့မှပဲ ကျွန်တော်ကလေးဆန်တတ်တော့တယ်ဆိုတာ မောင်ယုံမလား။
ဟာသမဟုတ်တဲ့ ဟာသလေးတစ်ခုကို ကျွန်တော်ပြောပြမယ်။
မောင့်နှုတ်ခမ်းက Lip piercingလေး ဖြစ်ချင်တယ်...။
...
"ဒုတိယနှစ်လည်း အဆုံးသတ်သွားပြန်ပြီ..."
စာမေးပွဲများစွာကို ဖြတ်သန်းပြီးနောက် ဒုတိယနှစ်ဆိုတာကြီးလည်း ပြီးဆုံးသွားပြီဖြစ်သည်။အမှတ်မကောင်းရင်တောင် အောင်ဖို့ကတော့ သေချာပြီးသား။ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်အပြည့်ပင်။
"YoonGi...သွားသောက်ကြရအောင်"
ပုခုံးဖက်ကာ သွားသောက်ကြဖို့ ဆော်ဩနေတဲ့ သူငယ်ချင်းတစ်စု။
သူငယ်ချင်းတွေလို့ ပြောစရာမလို သောက်ဖို့ဆို အမြဲစည်းလုံးညီပြီးသား။
"အာ... jiminရော လိုက်ဦးမလားမသိဘူး"
"သူလည်း သူ့သူငယ်ချင်းတွေနဲ့ သူသွားမှာပေါ့ကွာ...စိတ်ပူမနေပါနဲ့"
စိတ်ပူမနေနဲ့ဆိုသော်လည်း နောက်မှ ရန်ရှာမခံရစေဖို့အရေး ဖုန်းတစ်ချက်တော့ ဆက်မေးလိုက်ရသေးသည်။
'MinYoonGiက ငကြောက်ပါ' ဆိုတဲ့ သူငယ်ချင်းတွေရဲ့ စနောက်သံတွေကို ဘေးချိတ်ပြီးပေါ့။
Jiminကလည်း သူ့အဖွဲ့နဲ့သူ သွားမယ်ဆိုတော့ ကိုယ့်သူငယ်ချင်းတွေနဲ့ကိုယ်ပဲ အဝသောက်ခဲ့လိုက်သည်။
မနက်ဖြန်နေ့လည်ဆို ဘူဆန်ကို ပြန်တော့မယ့် Jimin။
အိမ်ကထွက်ပြေးတော့မလို လောကိုေလာလွန်းသည်။သူကတော့ တစ်ရက်နှစ်ရက်နေမှ ပြန်ဖြစ်လောက်မည်။
TaeHyung hyungကလည်း အိမ်ထောင်ကျသွားပြီဖြစ်ပြီး Jiminကလည်း စောစောပြန်မည်ဆိုတော့ သူလည်းတစ်ယောက်တည်း ကြာကြာတော့ ကျန်မနေချင်ပါ။
တွေးလည်းတွေး သောက်လည်းသောက်နဲ့ပင် ညအတော်နက်ခဲ့ပြီ။လူကလည်း မထနိုင်တဲ့အထိ ဂျုံးဂျုံးကျနေပြီ။တခြားလူတွေကိုကြည့်တော့လည်း သိပ်မကွာလှ။
"Hello...Ji and Min...Jimin ငါ့ကို လာေခါ်ပါ...ကမ္ဘာကြီး ချာချာလည်နေပြီ...အခုချက်ချင်း လာခေါ်စမ်း"
မူးမူးရူးရူးနဲ့ ဖုန်းဆက်ခေါ်နေတဲ့ Yoongiကြောင့် Jimin စုတ်သပ်မိသည်။မနက်ဖြန်ခရီးသွားစရာရှိလို့ ကိုယ့်ဘာကိုယ်တောင် လျှော့သောက်ပြီး စောစောနားနေပါတယ်ဆို အမူးသမားက ရစ်ဦးမယ်။
"အခုမလာရင် မင်းနဲ့ငါ သေခန်းပြတ်နော်...အမေနဲ့ မိတ်ဆက်မပေးဘဲ နေလိုက်တော့မှာ"
ခိုင်းတာတောင် အကျောကြီးနဲ့ ခိုင်းနေပုံက ပစ်ထားလိုက်ချင်စရာ။မရှိတဲ့ စေတနာတောင် ပျက်သည်။
"မလာဘူးကွာ...လမ်းမလျှောက်နိုင်လဲ လေးဘက်သာထောက်ပြီးပြန်လာခဲ့"
"ကျေးဇူးပဲ...Jiminလေး...ငါအခုရောက်နေတာက ဟိုဆိုင်မှာ...နေပါဦး ဘာဆိုင်ပါလိမ့်...အဒေါ်ကြီးရေ ဒီဆိုင်နာမည်က ဘာကြီးလဲဟင်...ဪ AQ(အေကျူ)...ကြားတယ်မလား Jiminieငါစောင့်နေမယ်နော်"
ပြောချင်ရာပြော လုပ်ချင်ရာလုပ်ပြီး ဖုန်းချသွားတဲ့လူနောက်ကို သူလိုက်ရဦးမည်။ပစ်ထားလိုက်ချင်ပေမယ့် သူ့အလှည့်ကိုယ့်အလှည့်ဆိုတာ ရှိနေတော့လည်း မကောင်းတတ်လို့ ဂရုစိုက်ရပြန်ရော။
ဆိုင်ကိုရောက်တော့ တွေ့ပါပြီ။စားပွဲပေါ် မျက်နှာအပ်နေတဲ့ အဘိုးကြီးပေါက်စ။
ဂုတ်ပိုးကို တစ်ချက်ရိုက်လိုက်တော့ အော်ဆဲနေတာ လူကြားလို့မကောင်း။
Taxiငှားပြီး ကားထဲပစ်ထည့်လိုက်သည်။ဒီခန္ဓာကိုယ်ကို မ-လာရတာမောလှပြီ။ဆိုက်တူဂိုက်တူဆိုပေမယ့် ဒီကောင်က သူ့ထက်ပိုလေးသလို။အင်းပေါ့...ကိုယ့်ကိုယ်ကို်ယ်မှ မချီဖူးပဲ။
လမ်းထိပ်ရောက်တော့ ကားပေါ်ကဆင်းက Yoongiကိုတွဲရင်း အိပဲ့အိပဲ့နဲ့ လမ်းလျှောက်လာရသည်။Hyungအခန်းလွတ်လေးကိုတွေ့တော့လည်း Hyungကို လွမ်းမိသား။
ခေါင်မိုးထပ်ဖြစ်လို့ အပေါ်အထိ သူ့ကိုတွဲရင်းတက်လာရတာ တော်တန်ရုံဒုက္ခများတာတော့မဟုတ်။
"MinYoonGiရေ...မပြန်ခင်လေ အမှီနှိပ်စက်လိုက်ဦးဟ...တော်ကြာ ငါ့ကိုမနှိပ်စက်လိုက်ရလို့ဆိုပြီး စားမဝင်အိပ်မပေါ်ဖြစ်နေဦးမယ်"
ပွစိပွစိပြောရင်းနှင့်ပင် အပေါ်ဝတ်၊ဖိနပ်နဲ့ ခြေအိပ်တွေကို ချွတ်ပေးကာ မှောက်ယက်အိပ်နေသူရဲ့ တင်ပါးကို ခပ်ပြင်းပြင်းကန်ခဲ့လိုက်သည်။
'အား'ဆိုပြီး အသံထွက်လာတော့လည်း စိတ်မကောင်း။သို့သော် ရယ်မိတာကတော့ မတတ်နိုင်။စိတ်မကောင်းတာကစိတ်မကောင်းတာ ရယ်တာကရယ်တာပဲမလား။
"အိမ်မခေါ်ဘဲ နေလိုက်မှာနော်...အမေနဲ့မိတ်ဆက်မပေးဘဲ နေလိုက်မှာ"
ယောင်တာတောင် သူ့ကိုစလို့မပြီးတာကြောင့် ခါးထောက်ရင်းသာ မျက်ထောင့်နီနဲဲ့ကြည့်နေမိတော့သည်။အိပ်ချင်စိတ်တို့ဟာလည်း လေလွင့်သွားပြီ။
သေချာပါတယ်။MinYoonGiနဲ့ ParkJimin ဒီတစ်သက်တော့ ဘယ်တော့မှ တည့်မှာမဟုတ်ဘူး။
________We and Our Cafe________
6.9.2022
ချစ်လွန်းလို့ရူးရတဲ့လူနဲ့ နာကျင်လွန်းလို့ရူးရတဲ့လူ။ဘယ်သူ့အရူးက ပိုသာလောက်မလဲ။
___________________________
For zawgyi
အေမွာင္ထုတို႔ အုပ္စိုးေနတဲ့ ညေကာင္းကင္က ဒီေန႕မွ ပိုၿပီးအက်ည္းတန္ေနသလို။
ပ်ားပန္းခတ္ေအာင္ သြားလာလႈပ္ရွားေနတဲ့လူေတြနဲ႕ ဆန႔္က်င္စြာ ကိုယ္ကပဲ အထီးက်န္ေနရတာလား။နာက်င္ေနရတာက ဘဝပဲလား။
ပိုင္လည္းမပိုင္သလို ဆိုင္လည္းမဆိုင္တဲ့လူတစ္ေယာက္အတြက္ ေအာ္ဟစ္ငိုေႂကြးဖို႔ အခြင့္အေရးေရာ ကြၽန္ေတာ့္မွာရွိရဲ႕လား။
နာက်င္လိုက္တာ။ႏွလုံးသားတစ္ခုလုံး စုတ္ျပတ္သြားမတတ္ဘဲ။ေသာက္ခဲ့တဲ့ မူးယစ္ေစတဲ့အရာအမ်ိဳးမ်ိဳးက ကြၽန္ေတာ့္ကို ခ်ာခ်ာလည္ေအာင္ မူးေစေပမယ့္ သြက္သြက္ခါတဲ့ထိ ႐ူးေအာင္ေတာ့ မစြမ္းနိုင္ဘူးထင္ပါရဲ႕။
ပုခုံးခ်င္းတိုက္မိလို႔ ေဒါသထြက္ၿပီးက်န္ခဲ့တဲ့လူေတြရဲ႕ ေဒါသသံခပ္ျပင္းျပင္းနဲ႕ ႏွာေခါင္းရႈံ႕ေနၾကတဲ့လူေတြရဲ႕ အၾကည့္ေတြ။ေလာေလာဆယ္ေတာ့ ခ်စ္ရသူရဲ႕ အၿပဳံးေတြေလာက္ ကြၽန္ေတာ့္ကိုနာက်င္ေအာင္လုပ္နိုင္တဲ့အရာ မရွိေသးဘူးထင္ပါရဲ႕။
"Hyungလည္း မင္းကို သိပ္ခ်စ္ခဲ့တာပဲေလ...ဘာလို႔မျမင္ခဲ့တာလဲ။ဒါမွမဟုတ္ မေဖာ္ျပမိတဲ့ ဒီလူရဲ႕အမွားပဲလား"
လမ္းဆက္မေလွ်ာက္နိုင္ေတာ့တာေၾကာင့္ လမ္းမီးတိုင္ေလးေအာက္ ငုတ္တုတ္ထိုင္ရင္း နာက်င္မႈေတြကို စကားလုံးအျဖစ္ေျပာင္းလဲၿပီး ႏႈတ္ကထြက္ေစကာ ခ်စ္ရသူကို တိုင္တည္ရင္း ကမာၻႀကီးကို ရင္ဖြင့္ေနမိသည္။
"ဒါေပါ့...Hyungရဲ႕အမွားပါပဲ။Hyungသိပ္ခ်စ္တဲ့ ေကာင္ငယ္ေလးက ဘယ္တုန္းကမွ မမွားခဲ့ပါဘူး...တကယ္ဆို ညီေလးတစ္ေယာက္လိုပဲျဖဴျဖဴစင္စင္ခ်စ္ေပးခဲ့သင့္တာ...KimNamJoon မင္းအသုံးမက်တာ...မင္းပဲမွားေနတာ။မင္းေၾကာင့္..."
ကိုယ့္ကိုယ္ကိုယ္ထုရိုက္ရင္း အျပစ္ေျပာေနမိေသာ္လည္း ခံစားရတာက တကယ္ကို စို႔စို႔နင့္နင့္။
"အား... ရင္ထဲကနာတယ္"
ႏွလုံးသားကို ဦးေႏွာက္က ေလွာင္ရယ္ေနသည္။'အသုံးမက်တဲ့လူက နာက်င္ရမွာေပါ့'ဆိုလား။
"အဟက္"
ၿပဳံးလိုက္ရယ္လိုက္ႏွင့္ ေအာ္ဟစ္ေနတဲ့ အမူးသမားတစ္ေယာက္ကို ျဖတ္သြားျဖတ္လာ လူအမ်ားကေတာ့ အထင္ေသးသလို လက္ညွိုးထိုးသြားၾကသည္။
"ဟား...ဟား...ဟား"
ဖုန္းမ်က္ႏွာျပင္က လူႏွစ္ေယာက္ရဲ႕ ပုံရိပ္ေလးကို ေငးေမာရင္း အေၾကာင္းရင္းမရွိရယ္ေမာေနမိျပန္၏။က်ဆင္းေနတဲ့ မ်က္ရည္ေတြကိုေတာ့ လ်စ္လ်ဴရႈလိုက္ေတာ့မည္။
"Hyungရဲ႕ ဝက္ဝံေပါက္ေလး အခုေတာ့ ေပ်ာ္ေနေလာက္ၿပီမလား...အသုံးမက်တဲ့ Hyungအခ်စ္ေတြကို အတတ္နိုင္ဆုံး ႀကိဳးစားၿပီး ဖ်က္ဆီးေပးမယ္ေနာ္ ကေလးေလး...ဒါမွ မင္းမထိခိုက္ရမွာ...JeonJungKookရဲ႕ သဝန္တိုစိတ္ေၾကာင့္ မင္းကိုထိခိုက္ရမွာ မလိုလားဘူး။တရားခံက Hyungျဖစ္ေနမယ္ဆိုရင္ေတာ့ ကိုယ့္ကိုယ္ကိုယ္ မုန္းမိမွာ တကယ္ပါ"
...
အသားကိုထိေနတဲ့ တစ္စုံတစ္ရာရဲ႕ အထိအေတြ႕။ႏူးညံ့ၿပီးပူေႏြးေနတာေၾကာင့္ မေနတတ္သျဖင့္ အိပ္ေနရာမွထၾကည့္ဖို႔ ႀကိဳးစားမိသည္။သို႔ေသာ္ မေအာင္ျမင္။
ခါးေပၚက ေလးလံမႈက ေမာင့္လက္တစ္ဖက္ရဲ႕ ေထြးဖက္ထားမႈေၾကာင့္။ဖယ္ဖို႔ႀကိဳးစားေလ တင္းၾကပ္လာေလျဖစ္တဲ့ ေမာင့္လက္။အိပ္ေနရင္းနဲ႕ေတာင္ ေမာင္က ဗီဇျပသည္။ဂ်စ္ကန္ကန္နဲ႕ သူ႕အမ်ိဳးသားေလးကို တကယ္ေတာ့ သူသိပ္ခ်စ္ပါ၏။
ေက်ာျပင္က အထိအေတြ႕ကို လွည့္ၾကည့္စရာမလိုဘဲ TaeHyungသေဘာေပါက္လိုက္ၿပီ။ဒါဟာ ေမာင့္ႏႈတ္ခမ္းေတြ။ေက်ာေပးထားတဲ့ သူ႕ကို ေမာင္က အေနာက္ကေန ေပြ႕ဖက္ထားၿပီး ေမာင္ႏႈတ္ခမ္းေတြကေတာ့ သူ႕ဂုတ္နဲ႕ ေက်ာျပင္စပ္မွာ တို႔တို႔ထိထိ။
ေမာင့္ရဲ႕ ေတာင့္တင္းတဲ့ရင္အုပ္ကလည္း TaeHyungရဲ႕ ေက်ာျပင္နဲ႕ထိစပ္ေနေသးတာ။
ေႏြးေထြးတာမွန္ေပမယ့္ စိမ္းသက္ေနဆဲအထိအေတြ႕က TaeHyungကို အေနခက္ေစသည္။အရွက္သည္းတတ္သူမဟုတ္ေသာ္လည္း မ်က္ႏွာေတြက ဘာေၾကာင့္ ပူထူလာရသလဲ။
"ေမာင္ ခဏဖယ္အုံး...JungKook ဖယ္ပါအုံးလို႔"
TaeHyungစကားကို မၾကားတာလား မၾကားခ်င္ေယာင္ေဆာင္တာလားမသိေပမယ့္ JungKookလက္ေတြက ဖယ္ခြာမသြားခဲ့။
"JeonJungKook..."
ခပ္ေဆာင့္ေဆာင့္ေအာ္လိုက္တဲ့အသံၾကားမွ လန႔္သြားတဲ့ေမာင္က အိပ္ခ်င္မူးတူးနဲ႕ပင္ ေတာက္တစ္ခ်က္ေခါက္ၿပီး သူ႕ကိုေက်ာေပးသြားသည္။ဒါက သူအိပ္ေနတာကို ေႏွာက္ယွက္မိလို႔ စိတ္တိုသြားတာေပါ့ေလ။
"ေမာင္က ခ်စ္ဖို႔ေကာင္းလိုက္တာ"
TaeHyungကုတင္ေပၚမွာ တင္ပါးလႊဲေလးထိုင္ရင္း ထဖို႔အားယူေနလိုက္သည္။နံရံေပၚကနာရီေလးကိုၾကည့္လိုက္ေတာ့ ရွစ္နာရီ ဆယ့္ငါးမိနစ္။သူအရမ္းေနာက္က်တဲ့ထိ အိပ္လိုက္မိတာပဲ။
အိပ္ယာထစျဖစ္လို႔ ညစ္ပတ္ေနတာေၾကာင့္ ေရတစ္ခါတည္းခ်ိဳးလိုက္သည္။အဓိကကေတာ့ လူကမလန္းမဆန္းျဖစ္ေနတာေၾကာင့္။ခပ္ေႏြးေႏြးေရေလးထဲ (၁၀)မိနစ္နီးပါးေလာက္ စိမ္ေနခဲ့ေတာ့ စိတ္ေရာ၊လူေရာပါ တက္ႂကြလာသလို။
အဝတ္ဗီဒိုထဲက ယူလာခဲ့သည့္ ဆင္စြယ္ေရာင္ တီရွပ္လက္ရွည္ေလးနဲ႕ ခ်ည္သားေဘာင္းဘီေလးကို တြဲဖက္ဝတ္ဆင္လိုက္သည္။ဒါဟာ သူ႕ရဲ႕ အိမ္ေနရင္းစတိုင္။အၿမဲတမ္းနီးပါး ရွပ္အကၤ်ီနဲ႕ စတိုင္ပန႔္သာဝတ္တတ္တဲ့ TaeHyungက အခုလိုေလးလည္း တစ္မ်ိဳးၾကည့္ေကာင္းေနျပန္သည္။
အိပ္ေနတဲ့ ေမာင့္ကိုေတြ႕ေတာ့ ႏွိုးသင့္လား မႏွိုးသင့္လား စဥ္းစားရခက္ေလၿပီ။အခုမွ ပထမဆုံး အိမ္ေထာင္က်ဖဴးတာဆိုေတာ့ လူကေၾကာင္ေတာင္ေတာင္ျဖစ္ေနရ၏။
အေတြ႕အႀကဳံမရွိတာေၾကာင့္ ျဖစ္မည္။
မထူးေတာ့တာေၾကာင့္ မႏွိုးေတာ့ဘူး မီးဖိုခန္းထဲဝင္ကာ ခ်က္ျပဳတ္ဖို႔ ျပင္ဆင္လိုက္သည္။
အသီးအ႐ြက္ေတြနဲ႕ အသားငါးက လိုအပ္သေလာက္ အျပည့္ထည့္ထားၿပီးျဖစ္တာေၾကာင့္ စိတ္ပူစရာမလို။ကိုယ့္အိမ္ကိုယ့္ယာမဟုတ္တာေၾကာင့္ အခက္အခဲေတာ့ အနည္းငယ္ရွိသည္။
ခ်က္ျပဳတ္ၿပီးသည့္ေနာက္ ေမာင့္ကို အိပ္ယာကႏွိုးေတာ့ ေမာင္က မထခ်င္ထခ်င္နဲ႕ ထလာရွာ၏။မ်က္ႏွာႀကီးစူပုပ္ေနၿပီး ေဒါသထြက္ေနတဲ့ေမာင္က သူ႕ကိုေတြ႕ေတာ့ တစ္ခ်က္ၿငိမ္သြားသည္။ထို႔ေနာက္ ရွက္ၿပဳံးေလးနဲ႕ သူ႕ဂုတ္ပိုးေလးသူ ပြတ္သပ္ေနရင္း ႐ုတ္ခ်ည္းဆိုသလိုပဲ TaeHyungပါးေလးကို ျဖတ္ခနဲ နမ္းသည္။
'ေမာင္ေယာက္်ားရၿပီးၿပီဆိုတာကို ေမ့ေနလို႔' ဆိုတဲ့ ေမာင့္စကားေၾကာင့္ အူတက္မတက္ ရယ္ေမာလိုက္ရေသးတာ။
မနက္စာစားေသာက္ၿပီးတဲ့အထိ ၾကင္စဦးဇနီးေမာင္ႏွံေလးႏွစ္ေယာက္က ၾကည္ၾကည္ႏူးႏူး။ဘာစကားမွမေျပာေသာ္လည္း တစ္ေယာက္မ်က္ႏွာတစ္ေယာက္ၾကည့္ကာ ၿပဳံးရယ္ေနမိၾက၏။
"ေမာင္တို႔ Honeymoonထြက္ၾကမလား အခ်စ္"
"ဆိုင္က သုံးရက္ပဲပိတ္ထားတာေလ"
"ဆိုင္ကအေရးႀကီးလား ေမာင္ကအေရးႀကီးလား"
ကေလးဆန္လြန္းတဲ့ ေမာင္။ကတ္သတ္ကပ္သတ္စကားေတြလည္း ေျပာတတ္ေသး၏။
"ဆိုင္ေပါ့"
စိတ္မဆိုးေသာ္လည္း စိတ္ဆိုးခ်င္ဟန္ေဆာင္ကာ JungKookမ်က္ႏွာမဲ့လိုက္သည္။
"အဲ့ဆိုင္က ကိုယ့္ထက္ အေရးပါတယ္ေပါ့ေလ...အဟြန္း KimTaeHyungႀကီးေနာ္ အျပစ္ေပးခံခ်င္လို႔လား"
"ေပါက္ကရေတြေတာ့ ေျပာၿပီ"
သူကလာစေနတဲ့ အခ်စ္လက္ႏုႏုေလးကို သြားနဲ႕ ခပ္ဖြဖြကိုက္လိုက္ေတာ့ လက္မွာ သြားရာေလးကအထင္းသား။အခ်စ္ကေတာ့ မ်က္ေစာင္းထိုးေနၿပီ။
"ဟဲဟဲ အသည္းယားလို႔"
ယုန္သြားေလးေပၚေအာင္ ၿပဳံးျပကာ မ်က္ႏွာခ်ိဳေသြးျပလိုက္ေတာ့ မနိုင္ဘူးဆိုတဲ့အၾကည့္နဲ႕သာၾကည့္ကာ ဘာမွမေျပာေတာ့တဲ့အခ်စ္။သူကေတာ့ အခ်စ္ကို ရင္ခြင္ထဲဆြဲယူထည့္ၿပီး အေႏြးဓါတ္ကိုရယူေနလိုက္သည္။
"မင္းကို ေမာင္သိပ္ခ်စ္တာပဲ အခ်စ္ရယ္"
...
"အခ်စ္ ေမာင္ကူညီေပးမယ္ေလ..."
ညစာခ်က္ေနတဲ့အနားကို ေရာက္လာတဲ့ေမာင္။ကူညီေပးမယ္သာေျပာၿပီး လူက TaeHyungေဘးကမခြာ။
"ကူညီမယ္ဆိုရင္လည္း တစ္ခုခုလုပ္ေပးေလ...ရပ္ၾကည့္ေန႐ုံနဲ႕ ဟင္းခြက္ေတြက အလိုလိုျဖစ္လာမလား"
TaeHyungေျပာတာကိုလည္း ဂ႐ုမစိုက္ဘဲ ၿပီတီတီရပ္ၾကည့္ေနတဲ့ JungKook။
ရပ္ၾကည့္ေန႐ုံမက တ႐ြတ္႐ြတ္နမ္းလာေတာ့ TaeHyungတို႔ စိတ္တိုရၿပီ။
"မကူညီခ်င္လည္း လာမေႏွာက္ယွက္နဲ႕...သြား စားပြဲမွာပဲ ထိုင္ၿပီးေစာင့္ေန...အနားလုံးဝကပ္မလာနဲ႕"
ထမင္းစားပြဲက ေျခတံရွည္စားပြဲဝိုင္းႀကီးကို လက္ညွိုးထိုးကာ TaeHyungဆူပူရင္းေျပာလိုက္ေတာ့ လူဆိုးေလးက ဟန္ေဆာင္ပန္ေဆာင္ မ်က္ႏွာငယ္ျပသည္။
"သူ႕ကို energyေတြေပးၿပီးလည္း ကူညီရေသးတယ္"တဲ့။တကယ္ အံ့ဩမိပါရဲ႕။
သူယူထားတဲ့ JeonJungKookက ဒီလိုလည္း ေျပာတတ္ေသးတာလား။
ေျခေဆာင့္ၿပီးထြက္သြားပုံက ငါးႏွစ္သားေလးလို။Jeonjungkookက မ်က္ႏွာမ်ားလိုက္တာ။သိပ္လည္း အမူပိုတတ္တာပဲ။
"Hyung...မနက္ျဖန္ အလုပ္ဆင္းေတာ့မွာလား...ဆိုင္ကျပန္ဖြင့္ေတာ့မွာလား"
"ဘာလာလုပ္ျပန္တာလဲ...သြားပါဆို"
"ေမးတာပဲေျဖကြာ...ဆိုင္ကျပန္ဖြင့္ေတာ့မွာလား"
"အင္းေပါ့...မဖြင့္ရင္ ကြၽန္ေတာ့္ဆိုင္အရင္းျပဳတ္သြားမွာေပါ့..."
"ေမာင္နဲ႕ပဲေနေပးကြာ...ပိုက္ဆံကေမာင္ပဲရွာမယ္ေလ...အခ်စ္က ေမာင့္ေဝယ်ာဝစၥပဲလုပ္ေပးၿပီး အိမ္မွာေက်ာ့ေက်ာ့ေလးေနေပါ့"
တစ္ခုခု လြဲမွားေနပုံရတဲ့ ေမာင့္စကားေတြ။အခုကတည္းက ေသခ်ာရွင္းျပသင့္တယ္လို႔ထင္တာေၾကာင့္ ေမာင္နဲ႕မ်က္ႏွာခ်င္းဆိုင္မွာ ေနရာယူလိုက္သည္။
"ေမာင္ယူထားတာက မိန္းမမွမဟုတ္ဘဲ...ေနာက္ၿပီး ကြၽန္ေတာ္က ကြၽန္ေတာ့္ဆိုင္ေလးကို သိပ္ျမတ္နိုးတာ။ကြၽန္ေတာ့္အိပ္မက္ေလးမလို႔ အၿမဲတမ္း ႀကိဳးစားသြားခ်င္တယ္။ေမာင္က နားလည္ေပးေနာ္။ေနာက္ၿပီး ေယာက်ာ္းႏွစ္ေယာက္ အတူတူပိုက္ဆံရွာၾကေတာ့ ပိုသုံးနိုင္တာေပါ့ ဟုတ္တယ္မလား"
အခ်စ္ရဲ႕ တည္တံ့တံ့မ်က္ႏွာေလးေၾကာင့္ လက္မခံခ်င္ေပမယ့္လည္း JungKookကပဲ အေလွ်ာ့ေပးရသည္။
"အင္းပါ...အခ်စ္သေဘာပါပဲ။ဆိုင္အသြားအျပန္ကို ေမာင့္ဆိုင္ကယ္ေလးနဲ႕ လိုက္ပို႔မယ္ေလ ေမာင့္ေနာက္ကလိုက္ရဲတယ္မလား"
"ဆႏၵရွိရင္ ကမာၻအဆုံးထိေခၚသြားလို႔လည္း ရပါတယ္ေမာင္"
စကားလုံးေတြက ထက္လြန္းေတာ့ ဒီႏွလုံးသားကိုအနိုင္ယူဖို႔ လက္နက္ႀကီးႀကီးေတာင္ မလိုေတာ့။နက္ရွိုင္းတဲ့ အၾကည့္ေတြမွာတင္ အႀကိမ္ႀကိမ္ၿပိဳလဲခဲ့ၿပီးသားမလို႔ စကားလုံးေတြနဲ႕ပါ ထပ္မသတ္ပါနဲ႕လား။
ခ်စ္ရလြန္းလို႔ ေမာင္႐ူးေတာ့မယ္။
...
"ေမာင္ေရ...ေမာင္ ျမန္ျမန္လုပ္ေလ...ေျပာေတာ့ ကြၽန္ေတာ့္ကို ကိုယ္တိုင္လိုက္ပို႔မွာဆို...စိတ္မရွည္ရင္ ကိုယ့္ဘာကိုယ္ထသြားလိုက္မွာဗ်"
အအိပ္ႀကီးတဲ့ ကိုယ္ေတာ္ေခ်ာကို ခက္ခက္ခဲခဲႏွိုးထားၿပီးတဲ့ေနာက္ ေရခ်ိဳးခန္းထဲကထြက္မလာတာေၾကာင့္ ေအာ္ရျပန္ၿပီ။
ီအတူေနခဲ့တဲ့ သုံးရက္အတြင္း ေမာင့္အေၾကာင္းကို အရင္ထက္ပိုသိေနၿပီျဖစ္လို႔ ဒီလိုျဖစ္မယ္ဆိုတာ ေတြးထားၿပီးသား။
အဲ့တာေၾကာင့္ ညကတည္းက ေစာေစာအိပ္ဖို႔ေျပာခဲ့ေပမယ့္ ေမာင္က သူ႕စကားဆိုလက္မခံ။အခုလည္း ေရခ်ိဳးခန္းထဲမွာ ငိုက္ေနျပန္ၿပီထင္ပါရဲ႕။
ေရခ်ိဳးခန္းထဲမွာ ေရခ်ိဳးရင္း ခိုးအိပ္ေနတဲ့ JungKookတစ္ေယာက္ ေယာက်ာ္းျဖစ္သူရဲ႕ အသံၾကားမွ ကပ်ာကယာနဲ႕ Bathtubထဲက ထလာရသည္။
Bathrobeတစ္ထည္နဲ႕ ထြက္လာၿပီး အခ်စ္ထုတ္ေပးထားတဲ့ အဝတ္အစားကို လဲလွယ္ေနတဲ့ အခ်ိန္ထိ အခ်စ္က ေဘးမွာ လက္ပိုက္လို႔ မ်က္စိေဒါက္ေထာက္ၾကည့္ေနဆဲ။ပြစိပြစိမေျပာတတ္တဲ့ ေယာက်ာ္းမလို႔သာ ေတာ္ပါေတာ့သည္။အၾကည့္တစ္ခ်က္မွာတင္ ျပာက်ခ်င္စရာေကာင္းေနတာကေတာ့ ထူးေထြလို႔ေျပာမေနေတာ့ပါဘူး။
"သြားၾကမယ္ အခ်စ္"
"ဘယ္သြားမွာလဲ...ေစာေသးတယ္ေနာ္ မနက္ျဖန္ေလာက္မွသြားမယ္ထင္ေနတာ"
"ေမာင္နဲ႕Taeရဲ႕ ေကာ္ဖီဆိုင္ေလးေပါ့"
ႏူးႏူးညံ့ညံ့ တီတီတာတာသိပ္မတတ္ေသာ္ျငား JungKookႀကိဳးစားၿပီးေျပာလိုက္သည္။လူၾကမ္းႀကီးျဖစ္တာေၾကာင့္ ကိုယ္အေျပာနဲ႕ကို္ယ္ ရွက္႐ြံ႕မိတာကို အခ်စ္သိရင္ သေဘာတက်ရယ္ေနဦးမလား။
ကေလးဆန္တဲ့ နာမေၾကာင့္ TaeHyung ခါးေလးမတ္သြားရသည္။
"Taeဟုတ္လား"
"ဟုတ္...ဟုတ္တယ္ေလ။အခ်စ္က မႀကိဳက္လို႔လား"
"တကယ္ပါပဲ ကေလးကလားနဲ႕"
TaeHyungရဲ႕ စကားေၾကာင့္ JungKookစိတ္ထဲက ရာသီဥတုေလးဟာ ညို႔မွိုင္းသြားရသည္။
ေက်ာခိုင္းၿပီး အခန္းျပင္ထြက္သြားတဲ့ TaeHyungရဲ႕ အၿပဳံးကို မျမင္ေတြ႕လိုက္ရရွာသူက ဝမ္းနည္းသည္ဟုမဆိုနိုင္ေသာ္လည္း တိတ္ဆိတ္သြားတာကေတာ့ အေသခ်ာ။
ဆိုင္ကယ္ေပၚတက္ခါနီး TaeHyungကို Helmetကအစေသခ်ာတက္ေပးေနတဲ့ JungKookကို ၾကည့္ကာ TaeHyungရင္ထဲ လိပ္ျပာေလးေတြပ်ံဝဲေနသလိုပင္။
ခပ္ၾကမ္းၾကမ္းေမာင္းႏွင္ေနတဲ့ ဆိုင္ကယ္ေလးက ေလဟုန္ကိုဆန္ေနသလို။ထိတ္လန႔္မိတာေၾကာင့္ ေမာင့္ခါးကအကၤ်ီစကို တင္းတင္းဆြဲမိေလ ေမာင္က အရွိန္တင္ေလနဲ႕ TaeHyung ကို က်ီစားေနသည္။
ဆိုင္ေရွ႕ေရာက္တဲ့ထိ TaeHyungမွာ အသက္ဝဝမရႈနိုင္ေသး။ဆိုင္ကယ္ေပၚက ဆင္းဆင္းခ်င္း လုပ္မိတာကို ေမာင့္ပုခုံးကို လက္သီးနဲ႕ခပ္ဖြဖြထိုးမိျခင္းပင္။လူကတကယ္စိတ္ဆိုးခ်င္လာသည္။ေမာင္ကေတာ့ ရယ္က်ဲက်ဲနဲ႕။
"ေနာက္တစ္ခါ ဆိုင္ကယ္နဲ႕လိုက္ပို႔မယ္ဆိုလို႔ကေတာ့ မင္းကို ဆိုလ္းကေန ဘူဆန္ထိေရာက္ေအာင္ ကန္ခ်ပစ္မယ္"
ေဘးဘီမၾကည့္ဘဲ အသံက်ယ္က်ယ္နဲ႕ ေအာ္ရယ္ေနတဲ့ JungKook။
"ရယ္မေနနဲ႕ တကယ္ေျပာတာ...ေရာ့ ေမာင့္ဟာႀကီး ျပန္ယူ...အိမ္ျပန္အိပ္အုံးမွာဆိရင္လည္း အိပ္ေတာ့..."
"အခ်စ္အထဲဝင္တာၾကည့္ၿပီးမွ ျပန္မယ္"
စိတ္ဆိုးေၾကာင္းျပကာ ေမာင့္ကိုဘာမွျပန္မေျပာဘဲ လွည့္ထြက္ခဲ့လိုက္သည္။
"TaeHyungေလး...လာၿပီလား"
ႏႈတ္ဆက္ေနတဲ့ အစ္မႏွစ္ေယာက္ကို အၿပဳံးေလးနဲ႕ ႏႈတ္ခြန္းဆက္သလိုက္သည္။
"Bearေလး ေနေကာင္းလား...အဆင္ေျပတယ္မလား..."
Hyungကို ေၾကာင္ေတာင္ေတာင္ေလးနဲ႕ပဲ ေခါင္းညိတ္ျပလိုက္သည္။အဆင္မေျပစရာေတာ့မရွိဘူးမလား။
မေတြ႕ရတဲ့ ရက္ပိုင္းအတြင္း အနည္းငယ္ပိန္သြားတဲ့ Hyung။က်န္းမာေရးမ်ား မေကာင္းလို႔လား။
ဆိုင္ေရွ႕ဆီသို႔အၾကည့္ပို႔လိုက္ေတာ့ သူ႕ကိုလက္ျပႏႈတ္ဆက္ေနတဲ့ လူဆိုးေလးကို ေတြ႕ရသည္။အရွိန္ျပင္းျပင္းေမာင္းထြက္သြားတဲ့ဆိုင္ကယ္ေလးက္ု မ်က္စိတစ္ဆုံးလိုက္ၾကည့္မိေသးပါ၏။
"ေမာင္နဲ႕ Taeရဲ႕ ေကာ္ဖီဆိုင္ေလးတဲ့လား"
ခ်စ္ရသူေၾကာင့္ ျဖစ္တည္လာခဲ့တဲ့ ၾကည္ႏူးစရာ ခံစားခ်က္ေလးဟာ အဖိုးတန္လြန္းသည္။
ေမာင္နဲ႕ Taeရဲ႕ ေကာ္ဖီဆိုင္ေလးကို ပိုၿပီးလွပေအာင္ ကြၽန္ေတာ္တို႔အတူတူ ဖန္တီးၾကမလား ေမာင္။
ေသခ်ာစဥ္းစားၾကည့္ရင္ ဒီေနရာေလးက ကြၽန္ေတာ္တို႔ ေတြ႕ဆုံမႈရဲ႕ အစပဲမဟုတ္လား။
Doppioကို ႀကိဳက္တဲ့ေမာင္၊နားလည္ရခက္တဲ့ေမာင္၊တက္တူးအျပည့္နဲ႕ေမာင္။
ကြၽန္ေတာ္မႀကိဳက္တဲ့အရာေတြကိုပဲ ေမာင္က သေဘာက်တတ္တာလား။
ေမာင့္ကိုခ်စ္ၿပီးကတည္းက ကြၽန္ေတာ့္စိတ္ထဲ ႀကိတ္ၿပီး ျဖစ္ခ်င္ခဲ့တဲ့ ႐ူးေၾကာင္ေၾကာင္ဆႏၵေသးေသးေလးတစ္ခုရွိတယ္ေမာင္။
ေမာင္နဲ႕ေတြ႕မွပဲ ကြၽန္ေတာ္ကေလးဆန္တတ္ေတာ့တယ္ဆိုတာ ေမာင္ယုံမလား။
ဟာသမဟုတ္တဲ့ ဟာသေလးတစ္ခုကို ကြၽန္ေတာ္ေျပာျပမယ္။
ေမာင့္ႏႈတ္ခမ္းက Lip piercingေလး ျဖစ္ခ်င္တယ္...။
...
"ဒုတိယႏွစ္လည္း အဆုံးသတ္သြားျပန္ၿပီ..."
စာေမးပြဲမ်ားစြာကို ျဖတ္သန္းၿပီးေနာက္ ဒုတိယႏွစ္ဆိုတာႀကီးလည္း ၿပီးဆုံးသြားၿပီျဖစ္သည္။အမွတ္မေကာင္းရင္ေတာင္ ေအာင္ဖို႔ကေတာ့ ေသခ်ာၿပီးသား။ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္ခ်က္အျပည့္ပင္။
"YoonGi...သြားေသာက္ၾကရေအာင္"
ပုခုံးဖက္ကာ သြားေသာက္ၾကဖို႔ ေဆာ္ဩေနတဲ့ သူငယ္ခ်င္းတစ္စု။
သူငယ္ခ်င္းေတြလို႔ ေျပာစရာမလို ေသာက္ဖို႔ဆို အၿမဲစည္းလုံးညီၿပီးသား။
"အာ... jiminေရာ လိုက္ဦးမလားမသိဘူး"
"သူလည္း သူ႕သူငယ္ခ်င္းေတြနဲ႕ သူသြားမွာေပါ့ကြာ...စိတ္ပူမေနပါနဲ႕"
စိတ္ပူမေနနဲ႕ဆိုေသာ္လည္း ေနာက္မွ ရန္ရွာမခံရေစဖို႔အေရး ဖုန္းတစ္ခ်က္ေတာ့ ဆက္ေမးလိုက္ရေသးသည္။
'MinYoonGiက ငေၾကာက္ပါ' ဆိုတဲ့ သူငယ္ခ်င္းေတြရဲ႕ စေနာက္သံေတြကို ေဘးခ်ိတ္ၿပီးေပါ့။
Jiminကလည္း သူ႕အဖြဲ႕နဲ႕သူ သြားမယ္ဆိုေတာ့ ကိုယ့္သူငယ္ခ်င္းေတြနဲ႕ကိုယ္ပဲ အဝေသာက္ခဲ့လိုက္သည္။
မနက္ျဖန္ေန႕လည္ဆို ဘူဆန္ကို ျပန္ေတာ့မယ့္ Jimin။
အိမ္ကထြက္ေျပးေတာ့မလို ေလာကိုေလာလြန္းသည္။သူကေတာ့ တစ္ရက္ႏွစ္ရက္ေနမွ ျပန္ျဖစ္ေလာက္မည္။
TaeHyung hyungကလည္း အိမ္ေထာင္က်သြားၿပီျဖစ္ၿပီး Jiminကလည္း ေစာေစာျပန္မည္ဆိုေတာ့ သူလည္းတစ္ေယာက္တည္း ၾကာၾကာေတာ့ က်န္မေနခ်င္ပါ။
ေတြးလည္းေတြး ေသာက္လည္းေသာက္နဲ႕ပင္ ညအေတာ္နက္ခဲ့ၿပီ။လူကလည္း မထနိုင္တဲ့အထိ ဂ်ဳံးဂ်ဳံးက်ေနၿပီ။တျခားလူေတြကိုၾကည့္ေတာ့လည္း သိပ္မကြာလွ။
"Hello...Ji and Min...Jimin ငါ့ကို လာေခၚပါ...ကမာၻႀကီး ခ်ာခ်ာလည္ေနၿပီ...အခုခ်က္ခ်င္း လာေခၚစမ္း"
မူးမူး႐ူး႐ူးနဲ႕ ဖုန္းဆက္ေခၚေနတဲ့ Yoongiေၾကာင့္ Jimin စုတ္သပ္မိသည္။မနက္ျဖန္ခရီးသြားစရာရွိလို႔ ကိုယ့္ဘာကိုယ္ေတာင္ ေလွ်ာ့ေသာက္ၿပီး ေစာေစာနားေနပါတယ္ဆို အမူးသမားက ရစ္ဦးမယ္။
"အခုမလာရင္ မင္းနဲ႕ငါ ေသခန္းျပတ္ေနာ္...အေမနဲ႕ မိတ္ဆက္မေပးဘဲ ေနလိုက္ေတာ့မွာ"
ခိုင္းတာေတာင္ အေက်ာႀကီးနဲ႕ ခိုင္းေနပုံက ပစ္ထားလိုက္ခ်င္စရာ။မရွိတဲ့ ေစတနာေတာင္ ပ်က္သည္။
"မလာဘူးကြာ...လမ္းမေလွ်ာက္နိုင္လဲ ေလးဘက္သာေထာက္ၿပီးျပန္လာခဲ့"
"ေက်းဇူးပဲ...Jiminေလး...ငါအခုေရာက္ေနတာက ဟိုဆိုင္မွာ...ေနပါဦး ဘာဆိုင္ပါလိမ့္...အေဒၚႀကီးေရ ဒီဆိုင္နာမည္က ဘာႀကီးလဲဟင္...ဪ AQ(ေအက်ဴ)...ၾကားတယ္မလား Jiminieငါေစာင့္ေနမယ္ေနာ္"
ေျပာခ်င္ရာေျပာ လုပ္ခ်င္ရာလုပ္ၿပီး ဖုန္းခ်သြားတဲ့လူေနာက္ကို သူလိုက္ရဦးမည္။ပစ္ထားလိုက္ခ်င္ေပမယ့္ သူ႕အလွည့္ကိုယ့္အလွည့္ဆိုတာ ရွိေနေတာ့လည္း မေကာင္းတတ္လို႔ ဂ႐ုစိုက္ရျပန္ေရာ။
ဆိုင္ကိုေရာက္ေတာ့ ေတြ႕ပါၿပီ။စားပြဲေပၚ မ်က္ႏွာအပ္ေနတဲ့ အဘိုးႀကီးေပါက္စ။
ဂုတ္ပိုးကို တစ္ခ်က္ရိုက္လိုက္ေတာ့ ေအာ္ဆဲေနတာ လူၾကားလို႔မေကာင္း။
Taxiငွားၿပီး ကားထဲပစ္ထည့္လိုက္သည္။ဒီခႏၶာကိုယ္ကို မ-လာရတာေမာလွၿပီ။ဆိုက္တူဂိုက္တူဆိုေပမယ့္ ဒီေကာင္က သူ႕ထက္ပိုေလးသလို။အင္းေပါ့...ကိုယ့္ကိုယ္ကို္ယ္မွ မခ်ီဖူးပဲ။
လမ္းထိပ္ေရာက္ေတာ့ ကားေပၚကဆင္းက Yoongiကိုတြဲရင္း အိပဲ့အိပဲ့နဲ႕ လမ္းေလွ်ာက္လာရသည္။Hyungအခန္းလြတ္ေလးကိုေတြ႕ေတာ့လည္း Hyungကို လြမ္းမိသား။
ေခါင္မိုးထပ္ျဖစ္လို႔ အေပၚအထိ သူ႕ကိုတြဲရင္းတက္လာရတာ ေတာ္တန္႐ုံဒုကၡမ်ားတာေတာ့မဟုတ္။
"MinYoonGiေရ...မျပန္ခင္ေလ အမွီႏွိပ္စက္လိုက္ဦးဟ...ေတာ္ၾကာ ငါ့ကိုမႏွိပ္စက္လိုက္ရလို႔ဆိုၿပီး စားမဝင္အိပ္မေပၚျဖစ္ေနဦးမယ္"
ပြစိပြစိေျပာရင္းႏွင့္ပင္ အေပၚဝတ္၊ဖိနပ္နဲ႕ ေျခအိပ္ေတြကို ခြၽတ္ေပးကာ ေမွာက္ယက္အိပ္ေနသူရဲ႕ တင္ပါးကို ခပ္ျပင္းျပင္းကန္ခဲ့လိုက္သည္။
'အား'ဆိုၿပီး အသံထြက္လာေတာ့လည္း စိတ္မေကာင္း။သို႔ေသာ္ ရယ္မိတာကေတာ့ မတတ္နိုင္။စိတ္မေကာင္းတာကစိတ္မေကာင္းတာ ရယ္တာကရယ္တာပဲမလား။
"အိမ္မေခၚဘဲ ေနလိုက္မွာေနာ္...အေမနဲ႕မိတ္ဆက္မေပးဘဲ ေနလိုက္မွာ"
ေယာင္တာေတာင္ သူ႕ကိုစလို႔မၿပီးတာေၾကာင့္ ခါးေထာက္ရင္းသာ မ်က္ေထာင့္နီနဲဲ့ၾကည့္ေနမိေတာ့သည္။အိပ္ခ်င္စိတ္တို႔ဟာလည္း ေလလြင့္သြားၿပီ။
ေသခ်ာပါတယ္။MinYoonGiနဲ႕ ParkJimin ဒီတစ္သက္ေတာ့ ဘယ္ေတာ့မွ တည့္မွာမဟုတ္ဘူး။
________We and Our Cafe________
6.9.2022
ခ်စ္လြန္းလို႔႐ူးရတဲ့လူနဲ႕ နာက်င္လြန္းလို႔႐ူးရတဲ့လူ။ဘယ္သူ႕အ႐ူးက ပိုသာေလာက္မလဲ။
__________________________