Ch 141
အဖွားကြီးကျောက်၊ ကျောက်ရှောင်ဟွေ့နဲ့ ကုချင်းရုံတို့အပါအဝင် အားလုံး ထိတ်လန့်သွားကြပြီး ကုချင်းယောင်ကို ထပ်ပြီး မစော်ကားရဲတော့ပေ။ ထိုအချိန်တွင် ကျောက်အဖိုးကြီးနဲ့ သူသားနှစ်ယောက်တို့က ကျောက်ရှောင်ဟွေ့နဲ့ ကုချင်းရုံတို့ကဲ့ ပစ္စည်းအားလုံးကို နွားလှည်းပေါ် ပြောင်းပြီးသွားပြီဖြစ်သည်။
ဒီနွားလှည်းက တကယ်တော့ လက်တွန်းလှည်းဖြစ်သည်။ ဝမ်မင်တောက်က ဒီအချိန်မှာ ကျောက်မိသားစုကို တပ်မဟာရဲ့ နွားလှည်းကို မငှားမှာ သေချာသည်။
ထို့ကြောင့် ကျောက်မိသားစုက လှည်းကို ကိုယ်တိုင်ဆွဲရသည်။
အားလုံးထုပ်ပိုးပြီးသွားတဲ့အခါ အဖွားကြီးကျောက်နဲ့ ကျောက်ရှောင်ဟွေ့တို့က ရုန်းရင်းဆန်ခတ် မလုပ်ရဲတော့ဘဲ တခြားသူများနှင့် အမြန်ထွက်သွားကြသည်။
မီးဖိုချောင်ထဲက အသားကိုတောင် လောဘမတတ်ရဲပေ။
ကုချင်းယောင်က မျက်ခုံးပင့်လိုက်ပြီး ဂုဏ်ယူစွာနဲ့ "ရှင်တို့ကို ဆေးမကုပေးတော့ဘူး။"
"ဟားး..." မိုဖေးဟန်က ရယ်မောလိုက်သည်။
ကုချင်းယောင် "...."
သူမက မိုဖေးဟန်ကို လှည့်ကြည့်လိုက်သည်။ ထို့အချိန်မှပင် သူမက သူမအကြောင်း အလွန်အကျွံဖော်ပြခဲ့သလားဟု တွေးမိနေသည်။
သူမရဲ့စန်းကောနဲ့ ဖခင်ကို တစ်ချက်ကြည့်လိုက်တော့ သူတို့နှစ်ယောက်လုံး သူမကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေကြတာကို သူမ တွေ့လိုက်ရသည်....
(စန်းကော = တတိယမြောက်အစ်ကို)
အာ့....
"အဖေ...." ခဏလောက်ကြာတော့ ကုချင်းယောင်က သူမကိုယ်သူမ ဘယ်လိုရှင်းပြရမယ်ဆိုတာ မသိတော့ပေ။
ဒါပေမယ့် ကုယန်ရှန်က သူ့သမီးငယ်ရဲ့ ဝမ်းနည်းနေတဲ့အမူအရာကိုမြင်တဲ့အခါ ရယ်မောလိုက်သည်။ "ခုဏက လုပ်တာ မဆိုးဘူး။ အဲ့လိုလုပ်သင့်တာ။ သမီး သွားပြီး ချက်ပြုတ်ပါ။ သမီးအဘိုးနဲ့ အဘွားက အရမ်းစိတ်မကောင်းဖြစ်နေတယ်။ သူတို့အတွက် ဟင်းများများချက်ပေးလိုက်။"
ကုချုံးဟွား "....."
ဝမ်ရူယွီ "....."
"ဒါနဲ့ အရက်ရှိလား။ အဖေ ဒီနေ့ ကွာရှင်းလိုက်တာ အရမ်းဝမ်းနည်းတယ်။ ဝမ်းနည်းတာကို ဖြေဖျောက်ဖို့ သောက်ရမယ်!"
ကုကျင်းလင် "...."
မိုဖေးဟန် "....."
ကုချင်းယောင်က ပျော်ရွှင်စွာဖြင့် "ကောင်းပြီ!" သူမက ရွှင်လန်းစွာဖြင့် မီးဖိုချောင်ထဲ ဝင်သွားသည်။ ဘေးမှာ ရပ်ကြည့်နေတဲ့ မိုဖေးဟန်က ရယ်လွန်းလို့ အသံထွက်လုနီးပါးဖြစ်သွားသည်။
သူ့အနာဂတ်ဇနီးလေးကို ကူညီဖို့ မီးဖိုချောင်ထဲကို အမြန်လိုက်သွားခဲ့သည်။
ကုကျင်းလင်က ခြံဝင်းထဲတွင် တစ်ယောက်တည်း ကျန်နေခဲ့သည်။ သူက ပင်မအခန်းကို ကြည့်လိုက်ပြီးနောက် မီးဖိုချောင်ကို ကြည့်လိုက်သည်။ ငါက ဘယ်သူလဲ? ငါက ဘယ်ရောက်နေတာလဲ?
မီးဖိုချောင်ထဲမှ ခုတ်ထစ်သံများ ထွက်ပေါ်လာသည်။ ကုကျင်းလင်က မီးဖိုချောင်ထဲတိတ်တဆိတ် ဝင်သွားပြီး စားပွဲဘေးမှာ အလုပ်ရှုပ်နေတဲ့ ကောင်မလေးကို ကြည့်လိုက်သည်။
သူရဲ့နူးညံ့သိမ်မွေ့ပြီး နာခံမှုရှိသော ဝမ်းကွဲညီမလေးပင်။
"ညီမလေး...."
ကုချင်းယောင် "အာ?"
ကုကျင်းလင်က ငုံ့ကြည့်ပြီး သူမကို စိုက်ကြည့်ကာ "ညီမက တခြားတစ်ယောက်နဲ့ နေရာပြောင်းခံလိုက်ရတာလား"
ကုချင်းယောင်က "အခု ညီမ ချစ်စရာကောင်းလား"
သူမစကားပြောနေစဉ်တွင် ကုချင်းယောင်က သူ့ကို တမင်တကာ မျက်စောင်းထိုးလိုက်သည်။
ကုကျင်းလင် "....."
ကုချင်းယောင်က ရယ်ပြီး "စန်းကော ခုဏက ညီမ မိုက်လား။ အရ်ုတုန်းက သူတို့က ညီမကို အမြဲတမ်း အနိုင်ကျင့်ခဲ့တယ်။ ဒီနေ့ အရမ်းကောင်းတယ်။ ညီမ ဒါကို အောင်ပွဲခံရမယ်။ ဒါက လောက်မလောက် ညီမကို ပြောအုံး။ နောက်ထပ် ဘာစားချင်သေးလဲ။"
ဒါကိုကြားတော့ ကုကျင်းလင်က စားပွဲကို တစ်ချက်ကြည့်လိုက်ရာ ကြက်၊ ငါး၊ အသားနဲ့ ဥအကုန်စားပွဲပေါ်မှာ ရှိနေတာကို တွေ့လိုက်ရာ မျက်လုံးပြူးသွားသည်။
"F* ညီမလေး ချမ်းသာသွားတာလား။"
များလိုက်တဲ့ အသား!
ကုချင်းယောင်က ရယ်မောပြီး "ဒါတွေအားလုံးက ကောအတွက် ညီမလုပ်ထားတာ။ ဒါနဲ့ ညီမအဖေ ဒီနေ့ စိတ်အခြေအနေ မကောင်းဘူး။ အရက်သောက်ချင်နေတာ။ သူနဲ့အတူ အဖော်သောက်ပေးအုံး"
ကုကျင်းလင် "....."
သူ့ဝမ်းနည်းမှု ပျောက်ဖို့ အရက်သောက်မယ်? ဒါက အခမ်းအနားတစ်ခုနဲ့ တူသလိုပဲ။
ကုကျင်းလင်က ဒီလိုသွက်လတ်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ဝမ်းကွဲညီမလေးကို တကယ် ဘဘောကျသည်။ စားပွဲပေါ်ရှိ စားစရာများအပေါ် အာရုံစိုက်လိုက်သည်။
ဒီလို ဟင်းကောင်းတွေကို မစားရတာ ကြာပြီ။
မှောင်စပြုလာပြီး နှင်းတွေ ကျလာပြန်သည်။ မြောက်လေက တဟူးဟူး တိုက်ခတ်နေပြီး အိမ်ထဲမှာ လူအားလုံး စုပြုံနေခဲ့သည်။ အပြင်ဘက်မှာ လေအေးတွေ တိုက်ခတ်နေသည်။ ဒါပေမယ့် ကုအိမ်ရဲ့ မီးဖိုချောင်က အလုပ်များနေပြီး နွေးထွေးနေသည်။
ကုကျင်းလင်က အသက်ပြင်းပြင်းရှူရင်း လေထဲမှာ မွှေးရနံ့ကို ရှူရှိုက်ရင်း "ညီမလေး ဟင်းချက်တာ အရမ်းကောင်းတယ်။ အနံ့ကလည်း မွှေးနေတာဘဲ။ အဆင်သင့်ဖြစ်ပြီလား"
Ch 142
ဒီနေ့တွင် တားမြစ်ချက်တစ်စုံတစ်ရာမှ မရှိတာကြောင့် ကုချင်းယောင်က ဟင်းပွဲတိုင်းကို အကောင်းဆုံးကြိုးစားထားသည်။
ဝက်အူချောင်းတွေကို ပြုတ်ပြီး ထုတ်လာချိန်မှာတော့ ပူနေသေးသည်။ လှီးဖြတ်လိုက်တဲ့အခါ မွေးပျံ့လာပြီး ကုကျင်းလင် ကြည့်ရင်း သရည်ယိုလာသည်။
ဘေကွန်ကို အာလူးနဲ့ ရောကြော်ပြီးနောက် ထွက်လာတဲ့ အနံ့က စွဲမက်ဖွယ်ကောင်းလှသည်။
ငါးခြောက်ကို ရေစိမ်ပြီး လှီးဖြတ်ပြီး ပဲငံပြာရည်နဲ့ ရောကြော်လိုက်သည်။ လေသလပ်ခံထားတဲ့ ကြက်သားခြောက်ကိုလည်း ပဲငံပြာရည်နဲ့ ရောကြော်လိုက်သည်။ဆောင်းတွင်းမှာ အစပ်စားတာက အရမ်းကို စိတ်ကျေနပ်စေသည်။
မီးဖိုပေါ်ရှိ သိုးသားကို မချက်ပြုတ်ခင် အတုံးတုံးပြီး ဟင်းချို လုပ်ပြီး ဂေါ်ဖီထုပ်နှင့် ကြာဇံတို့ကိုမှာ ထည့်ထားသည်။
သက်ကြီးရွယ်အို နှစ်ယောက်က ဘေကွန်ကို ပိုကြိုက်တယ်လို့ သူမက ယူဆထားတာကြောင့် ဘေကွန်ကို သိပ်မစပ်အောင် လုပ်လိုက်သည်။
ထို့နောက် သူမက ကြက်ဥတစ်လုံးကို ကြော်လိုက်သည်။ အခွံနွှာထားတဲ့ မြေပဲကို ပန်းကန်ပြားတစ်ချပ်ထဲ ထည့်လိုက်သည်။ အဓိကအစားအစာက ကြက်သွန်မြိတ်ပလာတာ ဖြစ်သည်။ ဒီနေ့ လူများတာကြောင့် ကြက်သွန်မြိတ်ပလာတာကို လေးအိုးလုပ်လိုက်သည်။

ကြက်သွန်မြိတ်ပလာတာ ပလာတာနဲ့ တူတူပါဘဲ အထဲက ကြက်သွန်မြိတ် ထည့်ထားရုံပါ
သူမက ပလာတာကို သေးသေးဖြတ်ပြီး ခြင်းတောင်းတစ်ခုထဲတွင် ထားကာ ပင်မခန်းရှိ စားပွဲပေါ်တွင် တင်လိုက်သည်။
စားပွဲကို ခင်းကျင်းပြီးတဲ့အခါ ကုကျင်းလင်ရဲ့မျက်လုံးများက သူ့ခေါင်းမှ ထွက်လုနီးပါး ဖြစ်သွားသည်။ ကြက်၊ ငါး၊ အသား၊ ဥ အကုန်တင်ထားပြီး သိုးသားဟင်းချိုအိုးကြီးလည်း ရှိကာ အခွံခွှာထားတဲ့ မြေပဲများလည်း ရှ်ိသည်။
အခွံခွာထားတဲ့ မြေပဲများက အလွန်ရှားပါးသည်။ အရမ်းအရေးကြီးတဲ့ လူကြီးများပင် ၎င်းတို့ကို မရနိုင်ပေ။
မဟုတ်ဘူး။ တကယ်တော့ စားပွဲပေါ်မှာ ရှားပါးပစ္စည်းတွေ ပြည့်နေတာ။
ကုကျင်းလင် သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် ဆီများစွာဖြင့် တောက်ပြောင်နေတဲ့ ကြက်သွန်မြိတ်ပလာတာကို စားဖူးတာ ဖြစ်ပြီး တံထွေးမမျိူချဘဲ မနေနိုင်ပေ။
နောက်ဆုံးတွင် ကုချင်းယောင်က မောက်ထိုက်တစ်ပုလင်းကို ထုတ်လာ၍ ကုကျင်းလင်ရဲ့မျက်လုံးက ပိုကျယ်လာသည်။

အခု

မောက်ထိုက် 1970
ကုချင်းယောင်က "ထိုင် စားရအောင်!"
ကုချုံးဟွား၊ ဝမ်ရူယွီ၊ ကုယန်ရှန်၊ မိုဖေးဟန်၊ ကုကျင်းလင်နဲ့ ကုချင်းယောင်တို့ ခြောက်ယောက်စလုံးက စားပွဲသေးသေးလေးမှာ ဝင်ထိုင်ပြီး အနည်းငယ် စည်ကားနေသည်။
ပူပူနွေးနွေး သိုးသားဟင်းချိုပန်းကန်လုံးကြီးက အလယ်မှာဖြစ်ပြီး ရေပန်းအစားဆုံးဖြစ်သည်။ သိုးသားက အပူဒဏ်ခံနိုင်တဲ့ အစားအစာဖြစ်ပြီး နှင်းထူထပ်တဲ့နေ့တွင် သိုးသားဟင်းချိုသောက်ရင်း နွေးနွေးထွေးထွေး ဖြစ်စေသည်။
ဟင်းချိုမှာ ဂေါ်ဖီထုပ်နဲ့ ကြာဇံတွေ အများကြီးပါတာကြောင့် အရွက်ဟင်းအဖြစ် သတ်မှတ်နိုင်သည်။
အစားအသောက်ကောင်းကောင်းနဲ့ ဝိုင်တွေပြည့်နေတဲ့ စားပွဲတစ်လုံးကြောင့် စိတ်အခြေအနေ မကောင်းဖို့ ခက်ခဲသည်။
လူတိုင်းက ထိုင်နေကြပြီး သူတို့ရဲ့ တူတွေက တရွေ့ရွေ့ ရွေ့လျားနေပြီး စားပြီးနောက်မှာတော့ ကြက်သွန်မြိန်ပလာတာက အကုန်ကုန်သွားပြီ လောက်ပင် မလောက်ပေ။ ဒါပေမယ့် ကုယန်ရှန်က ကုချင်းယောင်ကို ထပ်ချက်ဖို့ ခွင့်မပြုတော့ပေ။ ညဉ့်နက်နေပြီး နည်းနည်းစားတာဖြစ်စေ များများစားတာဖြစ်စေ မထူးခြားပေ။
အားလုံးက သိုးသားဟင်းချိုကို သောက်ပြီး ဟင်းပွဲတွေ စားကြတယ်။ နောက်ဆုံးမှာ စားပွဲပေါ်က ဟင်းပွဲတွေ အကုန်ပြောင်ရှင်းနေပြီး သိုးသားဟင်းချိုပါ မကျန်ပေ။
ကုကျင်းလင်က ကြီးပြင်းလာပြီးနောက် ဒါက သူ့ဘဝရဲ့ ကျေနပ်စရာ အကောင်းဆုံး အစားအစာလို့ ခံစားလိုက်ရသည်။
ထပ်မစားနိုင်တော့ကာ တစ်ဇွန်းတောင် မကျန်ပေ။ "နှမြောစရာကြီး!"
လူတော်တော်များများက တစ်နှစ်ပတ်လုံး ဒီလို စားကောင်းတဲ့ အရာတွေ မရကြပေ။
ကုချင်းယောင် "....."
မိုဖေဟန် "....."
အပြင်ဘက်တွင် လုံးဝမှောင်နေသည်။ ဒီနေ့ လေအရမ်းတိုက်ပြီး ဖရိုဖရဲဖြစ်နေသည်။ ကုချင်းယောင်က ဟင်းအမယ်များစွာကို ပြုလုပ်ထားတာကြောင့် အနံ့က လေထဲ ပျံ့သွားခဲ့ပြီ။
နောက်ကျနေပြီး မိုဖေးဟန်က အိမ်ပြန်ဖို့ လိုသည်။ ကုချင်းယောင်က အိုးထဲမှာ ကျန်ထားတဲ့ သိုးသားဟင်းချိုကို အိုးထဲထည့်ပြီး အလုံပိတ်ကာ မိုဖေးဟန်ကို ပေးလိုက်သည်။
"အန်တီကျန်းနဲ့ ကလေးနှစ်ယောက်အတွက် ပြင်ထားပေးတာ။ နွေးနေတုန်းပဲ။ ပြန်ယူသွားပြီး သူတို့ကို ပေးလိုက်"
မိုဖေးဟန်က မငြင်းပေ။ ကိုင်ထားကို ကြည့်ပြီး သူမကို တစ်ချက်ကြည့်လိုက်သည်။ ဒီကလေးမလေးက အသက် ၁၆ နှစ် ပြည့်ဖို့ ၆ ရက်ဘဲ လိုတော့တာကို စိတ်ထဲကနေ တွက်ချက်လိုက်သည်။
"ခဏနေပါဦး ညီမ အစ်ကိုကို ပေးစရာ ကျန်သေးတယ်"
ကုချင်းယောင်က မိုဖေးဟန်ကို စောင့်ခိုင်းထားပြီး အခန်းထဲ ပြေးသွားပြီး ပဝါတစ်ထည်နဲ့ ပါဆယ်တစ်ထုပ်ကို ယူလာခဲ့သည်။ သူမက အနက်ရောင်ပဝါနဲ့ မိုဖေးဟန်ကို ပတ်လိုက်ပြီး ပါဆယ်ထုပ်ကို ပေးကာ "ပဝါက အစ်ကိုအတွက်။ ပါဆယ်ထုပ်ထဲမှာ အင်္ကျီတွေ ပါတယ်။ ချိန်ဟူးနဲ့ ချိန်ရွှေ့အတွက်နဲ့ အန်တီကျန် အတွက် မာဖလာတစ်ခု ပါတယ်။ ဆောင်းရာသီက အရမ်းအေးတယ်။"
ပုံက ထည့်လို့မရလို့ပါ။
Paid မှာ ၂၁၀ ထိ တင်ပြီးပါပြီ။