Call Out My Name

By _TAGU_

901 127 33

BINTHEW FANFIC "ဟျောင်းကျွန်တော့အပေါ် အရမ်းကြီးနစ်မဝင်စေချင်ဘူး.. ဟျောင်းပင်ပန်းလိမ့်မယ်" "ပင်ပန်းရင်လည်းရတယ်... More

Episode - 1
Episode - 2
Episode - 4
Episode - 5

Episode - 3

199 26 13
By _TAGU_

အခန်း ()

၇နာရီ။

*တီ........ တီ............ တီ........

ဖုန်းခေါ်နေသော အသံကိုနားထောင်ရင်း ဟန်ဘင်း သူ့လက်သည်းများကို အကြောင်းမဲ့ ဖိကိုက်နေမိသည်။ မက်သရူးနှင့် ည၇နာရီတိုင်း ဖုန်းပြောနေခဲ့သည်မှာ ယခုဆိုလျှင် တပတ်ခန့်ပင်ရှိတော့မည် ခုချိန်ထိ ဟန်ဘင်း နှလုံးသားလေးမှာ အသားမကျနိုင်သေး။ မက်သရူးကို ဖုန်းခေါ်လေတိုင်း အမြဲတစေ လှုပ်ခါနေတတ်ဆဲပင်။

"ဟယ်လို"

တနေ့တာ ပင်ပန်းမှုမှန်သမျှကို ပြေပျောက်နိုင်စေလေသော မက်သရူးရဲ့ အသံကြည်ကြည်လေး။ ဟန်ဘင်း​၏ စိတ်နှလုံးကို ငြိမ်းအေးစေလေသော ထိုအသံ။ အသံပိုင်ရှင်လေးနှင့် ဖုန်းထဲမှ မဟုတ်ပဲ အပြင်မှာသာ လူချင်းတွေ့၍ စကားပြောလိုက်ရလျှင် ဆောင်းဟန်ဘင်းတို့ ရင်ခုန်ရလွန်း၍ သေများသွားမလားပင်မသိနိုင်။

"ဟယ်လို မက်ချူးလေး"

ရင်းနှီးလာရာမှ အရဲစွန့်ကာခေါ်ခဲ့သော "မက်ချူး" ဆိုသော နာမ်စားလေး။ မက်သရူးဘက်မှ ငြူစူခြင်းမရှိစွာ လက်ခံခဲ့သဖြင့် ထိုနာမည်လေးကိုပင် ဟန်ဘင်း ဆက်လက်၍ ခေါ်ဆိုနေမိတော့သည်။

"ဒီနေ့ရော အလုပ်မှာ အဆင်ပြေရဲ့လား ဟျောင်း.. ဘယ်သူတွေနဲ့ဘာတွေ ဖြစ်လာသေးလဲ"

အမြဲလိုလို ဖုန်းဆက်တိုင်း ဟန်ဘင်းက သူ့အလုပ်မှ အကြောင်းများကို မက်သရူးအား ပြောပြလေ့ရှိ၍ မေးလာခြင်းဖြစ်သည်။

ဟန်ဘင်းကသာ တနေ့တာ ဖြစ်ပျက်သမျှ အလုံးစုံကို ထမင်းကို ဘာဟင်းနှင့် စားသည်မှစကာ အလုပ်မှာ ဘယ်သူနှင့် စကားများခဲ့သည်အဆုံး ပြောပြတတ်သော်လည်း မက်သရူးကတော့ သူ့အကြောင်းများကို သိပ်မပြောပြတတ်။ ဟန်ဘင်းက ထုတ်မေးမှ ပြန်ဖြေတာမျိုးသာရှိသည်။ သို့သော်လည်း မက်သရူးအဖြေတွေက ရေရာတာမျိုး သိပ်မရှိကြောင်း ဟန်ဘင်းရိပ်မိလေသည်။ လျှို့ဝှက်ချက်များလွန်းသော ကောင်လေးပင်။

"ဒီနေ့တော့ ဘာမှမဖြစ်လာပါဘူး.. ဒါပေမဲ့ ကိုယ့်ကိုကြိုက်နေတဲ့ ဟိုတစ်ယောက်လေ.."

"ဆံပင်အနီရောင်နဲ့ကောင်မလေးလား"

"အင်း ဟုတ်တယ်.. သူကစကားတွေလာပြောနေတာကွာ.. ကိုယ်က အလုပ်ရှုပ်နေတာကို.. တကယ်ပါပဲ.. အဲ့တစ်ခုတော့ စိတ်ရှုပ်လာတယ်"

"အော်.."

"ထမင်းကတော့ ဒီနေ့ ကင်မ်ချီကျီကဲနဲ့စားလာတယ်.. ကိုယ်တို့အလုပ်နားမှာ ဆိုင်အသစ်ဖွင့်လို့ သွားစားကြည့်တာ. ဆိုးတော့ မဆိုးပါဘူး"

"အော်.."

"အဟင်း.."

"ဘာရယ်တာလဲ"

"ကိုယ်ကလေ တအော်အော်နဲ့ စကားပြောတဲ့လူတွေကို သိပ်မုန်းတာ.. ဒါပေမဲ့ မက်ချူးပြောနေတာလေးကျ ချစ်ဖို့ကောင်းတယ်လို့ မြင်နေမိတယ်.. ထူးဆန်းလိုက်တာ.."

အနှောင့်မလွတ် အသွားမလွတ်သော စကားကို ပြောလိုက်မိပြီးမှ မက်သရူး တမျိုးမြင်သွားမှာကို ဟန်ဘင်း တွေးကြောက်မိသွားပြန်​၏။ ပုံမှန်ဆို ပြောလေ့ပြောထမရှိသော အီစီကလီ စကားများကို မက်သရူးနှင့်ကျ ပြောချင်နေသည့် သူ့ကိုယ်သူလည်း ဟန်ဘင်း နားမလည်နိုင်တော့။

"အော်.. အာ.. မကြိုက်ဘူးဆိုကာမှ ပြောမိသွားပြန်ပြီ.. နောက်ဆို ဟျောင်းရှေ့မှာ မပြောမိအောင် သတိထားမယ်နော်"

"မဟုတ်တာ.. ကိုယ့်ကိုယ်ကိုယ် မပြောင်းလဲပါနဲ့။ ကိုယ့်အတွက် မက်ချူးလေးက အရာအားလုံးမှာ ခြွင်းချက်လေးမလို့ ဘယ်အရာမဆို မက်ချူးသာဆို အဆင်ပြေတယ်.. မက်ချူးလုပ်သမျှ အကုန်သဘောကျတယ်"

"အာ.. ကျွန်တော်က ဟျောင်းရဲ့ အထူးဖြစ်တည်မှုတစ်ခုလို မပြောပါနဲ့.. တကယ်ထင်ပြီး ကျွန်တော်က မြောက်မိသွားတော့မယ်"

"တကယ်ပါဗျာ.. ဘေဘီက ကိုယ့်အတွက်တော့ အမြဲတမ်းအတွက် ခြွင်းချက်ပဲ.."

သူ့ထံမှ "ဘေဘီ"ဆိုသော အသုံးအနှုန်းကို ကြားလိုက်ရ၍ မက်သရူးမှာ လန့်သွားပုံရသည်။ ခဏလောက် တိတ်ဆိတ်နေခဲ့ပြီးမှ စကားပြန်ပြောလာ​ခဲ့၏။

"မက်ချူးကနေ ဘယ်လိုဖြစ်ပြီး ဘေဘီဖြစ်သွားတာတုန်း"

"ကိုယ့်ထက်အငယ်ပဲဟာကို.. ပြီးတော့ ဘေဘီက ကလေးလေးလိုပဲ သိပ်ချစ်ဖို့ကောင်းတယ်လေ.. အဲ့ဒါကြောင့်..။ ဘာလဲ ခေါ်လို့မရဘူးလား"

"ခေါ်ပါ.. ကလေးလို့ သတ်မှတ်ထားရင် ကျွန်တော်ကဆိုးမှာနော်"

"ဆိုးချင်သလောက်ဆိုး ကိုယ်က သည်းခံမှာပေါ့"

"ဟျောင်းက စကားပြောရင် 'ကိုယ်' ဆိုပြီးထည့်ထည့်ပြောတော့ တခါတလေ 'ကိုကို' လို့တောင် ခေါ်ချင်မိတယ်"

မက်သရူး စကားကြောင့် ဟန်ဘင်းမှာ အသက်ကိုမနည်းပင် ပြန်ရှုလိုက်ရသည်။ ဒီကောင်လေး ခုလိုမျိုး flirt လိုက်တိုင်း ဟန်ဘင်းမှာ အလဲလဲအပြိုပြိုဖြစ်လို့သွားရသည်။

အောက်နှုတ်ခမ်းများကို ဖိကိုက်ရင်း အသံမထွက်အောင် သတိထား၍ ပြုံးရယ်လိုက်ပြီးမှ ဟန်ဘင်း စကားဆက်လိုက်သည်။

"ခေါ်ချင်လည်း ခေါ်ပေါ့ ဘယ်သူက တားနေလို့လဲ"

"ဟားဟား.. ဟျောင်းနဲ့လည်း မလွယ်ဘူး"

မက်သရူးက ထိုအတိုင်းပင်။ သူ့ဘက်မှစကာ flirt လာပြီး ဟန်ဘင်းဘက်က လက်ခံ၍ ရှေ့တဆင့်တက်ဖို့ အလားအလာရှိသည့် စကားများနှင့် တုံ့ပြန်ပြောဆိုလိုက်လျှင် ခုလိုပဲ လျှောချသွားတတ်သည်။

အတော်လည်သော မြေခွေးလေးပင်။

"ကျွန်တော်တို့နှစ်ယောက် ရင်းနှီးသွားတာ အရမ်းမြန်နေသလိုပဲနော်"

"အင်း.. ရှေးဘဝ ရေစက်တွေကြောင့်နေမှာပေါ့.. ပြီးတော့ ကိုယ်တို့နှစ်ယောက်ကြားမှာ တူတာတွေလည်း အရမ်းများတယ်လေ"

သူနှင့် မက်သရူးကြားတွင် ထူးဆန်းစွာပင် တူညီိမှုများစွာရှိ​၏။ သူ့အလုပ်ရှိသောနေရာနှင့် မက်သရူးနေသောနေရာမှာ တစ်မြို့နယ်တည်းဖြစ်နေပြီး နှစ်ယောက်​သား၏အကြိုက် အတော်များများမှာလည်း တူညီကြသည်။ တောင်တက်ခြင်းအပါအဝင် အစားအသောက် ကြိုက်တာချင်းလည်း တူတာများလေသည်။

ထပ်တူညီမှုများစွာထဲကမှ အထူးဆန်းဆုံးမှာ MBTI မှအစ တူနေတာဖြစ်ပြီး zodiac sign တွင်လည်း Gemini ချင်းတူညီနေခြင်းပင်။

"ဟျောင်း ကံကြမ္မာကိုယုံလားဟင်"

"အင်း.. ယုံတယ်.. ဆုံဖို့ရှိရမဲ့ လူနှစ်ယောက်က တချိန်ချိန်မှာ ဆုံကိုဆုံရမှာမျိုးလေ.. ခုကိုယ်တို့နှစ်ယောက်လိုပေါ့"

"ကျွန်တော်တို့နှစ်ယောက်က ဘာဖြစ်လို့လဲ"

"တနေရာတည်းမှာ အတူတူရှိနေခဲ့ပြီး ခုမှရင်းနှီးခဲ့ကြလို့လေ.. ကိုယ်ထင်တယ်သိလား.. ကိုယ်တို့နှစ်ယောက်က twin flame တွေများ ဖြစ်နေမလားလို့လေ"

ပြောပြီးမှ ဟန်ဘင်း နောင်တရသွားသည်။ မက်သရူးစိတ်ဆိုးသွားရင် ဘယ်လိုလုပ်မလဲဆိုသည့် စိုးရိမ်စိတ်က ခေါင်းထဲမှာ ပြည့်ကျပ်လာသောကြောင့်ပင်။ မက်သရူးပြန်ပြောလာမည့်စကားကို ဟန်ဘင်း ရင်တထိတ်ထိတ်ဖြင့် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရာမှ ခဏအကြာတွင်တော့ မက်သရူးထံမှ စကားသံတချို့ ထွက်ပေါ်လာလေ​၏။

"twin flame ဆိုတော့ တွဲလိုက်ကြမလား"

ဒီကောင်လေး သူ့ကိုရူးအောင်လုပ်ဖို့များ ပြင်ဆင်ထားလေသလား။ ပြောလိုက်သည့် စကားတခွန်းဆိုတခွန်း လူကသေမလိုဖြစ်ဖြစ်သွားရသည်။ ခုန်လိုက်ရသည့် နှလုံးမှာလည်း အမောပင် ဖောက်လုပြီ။

"ဟိတ်.. တာဝန်မယူနိုင်ပဲ လာမစပါနဲ့ ဒီလူရဲ့နှလုံးသားလေးက နုတယ်"

"ဟား ဟား.. စလို့ကိုမရဘူးနော်..။ ဒါနဲ့ဟျောင်း မနက်ဖြန် တောင်တက်ဖို့လာမှာလား"

"အင်း.. လာမှာပေါ့ ဘေဘီလည်း လာမယ်မလားဟင်"

"ဟုတ်.. အဲ့ဒါဆို မနက်ဖြန်မှတွေ့ကြမယ်နော်"

"ကောင်းပါပြီခင်ဗျာ"

ဖုန်းချပြီးသည်အထိ ဟန်ဘင်းနှုတ်ခမ်းထက်မှ အပြုံးများမှာ မှိန်ဖျော့မသွားသေး။ စကားလုံးတိုင်းမှာ ညှို့ဓါတ်များပါနေသည့်အလား တစ်ရက်နှင့်တစ်ရက် မက်သရူးရဲ့ စကားသံတွေကြား ဟန်ဘင်းတစ်ယောက် ဆေးမိနေသည့်လူလို ယစ်မူးနေမိတော့သည်။

ဒီကောင်လေးအပေါ် ရင်းနှီးချင်မိတဲ့ သူ့စိတ်တွေက ရိုးမှရိုးရဲ့လား..။

ခေါင်းထဲမှာ ပေါ်လာသော မေးခွန်းတစ်စက ဟန်ဘင်း​၏ရင်ကို လှုပ်ကာခုန်စေလေသည်။

--------------------------------------------------------

ဘုခန်းတောင်။

ယနေ့မက်သရူးတို့ တက်ရမည့်တောင်မှာ ကျောက်သားတောင်ဖြစ်သည့်အပြင် တောင်ပေါ်ရောက်ဖို့ရန်မှာလည်း အချိန်၂နာရီမှ၃နာရီအထိ ကြာမြင့်နိုင်​သည့် အနည်းငယ် မတ်စောက်သော တောင်ဖြစ်သည်။ သို့သော်လည်း တောင်တက်ရင်းဖြင့် ရှားပါးငှက်မျိုးစိတ်များကို ကြည့်ရှုနိုင်၍ လူကြိုက်များသော တောင်များထဲမှ တစ်ခုအပါအဝင်ဖြစ်လေသည်။

လူကြိုက်များသည့်အလျှောက် တောင်တက်ဖို့ရောက်လာကြသည့်လူများမှာလည်း တောင်ခြေတွင် အများအပြားရှိလို့နေ​၏။

ထိုလူများကို သစ်ပင်အရိပ်တစ်ရိပ်အောက်ရှိ ခုံတန်းတွင်ထိုင်ကာ မက်သရူးငေးမောကြည့်နေမိသည်။

အစိမ်းရောင်များဖြင့် ပြည့်နှက်နေသော တောင်တန်းနောက်ခံမှာ လူရောင်စုံ ဘဝရောင်စုံများက ဘဝဇာတ်ဆရာ အလိုကျ ဆေးစက်ကျရာ အရုပ်ထင်ပေးနေကြသယောင်။

ထိုအရောင်စုံလူများကြား၌ ထင်းထွက်လို့နေသော ဟန်ဘင်းရှိရာဆီသို့ အကြည့်တို့ ရောက်သွားတော့ မက်သရူး နှုတ်ခမ်းမှာ အပြုံးတချို့ တွဲခိုသွား​၏။

ရှုပ်ထွေးနေသော လူရောင်စုံတွေထဲ ဟန်ဘင်း​၏ အရောင်မှာ အဖြူစွတ်စွတ်လေး ဖြစ်မည့်ပုံပင်။ မြင်ရတာနှင့်တင် တဖက်လူရဲ့စိတ်ကို ကြည်လင်သွားစေသည်။ ဟန်ဘင်း​၏ စိတ်ခံစားချက်များကိုလည်း ပကတိအတိုင်းသား မြင်တွေ့နိုင်လေသည်။ မက်သရူးနှင့် ခြားနားစွာ ဟန်ဘင်းဟာ ဖြူစင်လွန်းသည်၊ ရိုးသားလွန်းသည်။

သူ့ကိုချယ်မှုန်းထားသော အရောင်များကြောင့် ရှင်းသန့်ကာ ကြည်လင်နေသည့် ဟန်ဘင်းထံ၌ ညစ်ပေမှုများဖြစ်သွားမည်ကို မက်သရူး တကယ်ပင် စိုးရွံ့နေမိသည်။ ထိုသို့သော စေတနာအရင်းခံသည့်စိတ်ကြောင့် မက်သရူးရင်တွေမှာလည်း မောလို့သွားရပြန်​၏။

"ဟင်း:::"

သက်ပြင်းကို လေးတွဲ့စွာချလိုက်ပြီးနောက် မက်သရူး သူ့အကြည့်တို့ကို ဟန်ဘင်းနှင့်ဝေးရာဆီသို့ ပို့ထားလိုက်သော်လည်း အတွေးတွေကတော့ဖြင့် ရပ်တန့်မသွားခဲ့။

ဟန်ဘင်းနှင့်ဖုန်းပြောသည့်အခိုက် သူ့ဝသီအတိုင်း နှုတ်မှအလိုလို flirt မိနေခြင်းကို နောင်မှသာ မက်သရူးအမြဲနောင်တရနေတတ်ပြီး ဟန်ဘင်းနှင့် စကားပြောလိုက်လျှင် မပြောင်းလဲစွာ flirt လိုက်မိဆဲပင်။ ခုန်နေသော နှလုံးသားကို ဦးနှောက်က မထိန်းချုပ်နိုင်ဘူးထင်​၏။ ကြာလာလျှင် သူဟန်ဘင်းအပေါ် တိမ်းညွတ်မိတော့မည်။

တကယ်တော့ သူ ဟန်ဘင်းအပေါ် နစ်မဝင်ချင်ပါ...။ ကိုယ့်နှလုံးသားကို အလိုလိုက်ရာမှ တခြားသူအပေါ် ဒဏ်ရာများပေးမိသလို ဖြစ်သွားနိုင်ပြီး မက်သရူး ကိုယ်တိုင်လည်း ဒဏ်ရာများ ထပ်မံကာ ရသွားနိုင်လေသည်။

စိတ်ကိုထိန်းထားစမ်းပါ မက်သရူးရယ်.. အရင်တခါလိုသာ ထပ်ကြုံရရင် ခံနိုင်ရည်ရှိနိုင်ပါတော့မလား..။

ခေါင်းထဲမှအတွေးတွေက မက်သရူးရဲ့ စိတ်နှလုံးကို မွန်းကျပ်လာစေ၍ မျက်လုံးများကို မှိတ်ချကာ သက်ပြင်းများကိုသာ ထပ်တလဲလဲ ချနေမိတော့သည်။

ဟုတ်သည်.. ဘယ်သူမှ ထပ်ပြီးမနာကျင်စေဖို့ သူနှလုံးသားကို ရေခဲရိုက်ထားမှသာ ရပေမည်။

"ဘေဘီ"

ရေခဲရိုက်ထားမည့်နှလုံးသားက "ဘေဘီ"ဆိုသော ခေါ်သံလေးနဲ့တင် ရူးမတတ် ခုန်ပေါက်လာလေ​၏။ တော်တော်ဆိုးသော နှလုံးသားပင်။

"ဒီမှာတစ်ယောက်တည်း ဘာထိုင်လုပ်နေတာလဲ"

သူ့ကိုမေးခွန်းထုတ်ရင်း ဘေးနားမှာ ဝင်ထိုင်လာသော ဟန်ဘင်းကို မက်သရူး ငေးကြည့်မိသွားသည်။

ထုံးစံအတိုင်း အနက်ရောင်ဂျက်ကက်နှင့် sport pants အရှည်အနက်ရောင်ကို ဝတ်ဆင်ထားပြီး နက်ပြာရောင်ဦးထုပ်ကို ဆောင်းထားသည့် ဟန်ဘင်း​၏ ပုံစံက ဘာမှထူးခြားဆန်းပြားမနေသော်လည်း မက်သရူးမျက်လုံးထဲတွင်တော့ ကြည့်မဝနိုင်အောင် ချောမောလို့နေ​၏။

ငေးစိုက်ကြည့်နေသော မက်သရူးရဲ့ အကြည့်ရဲရဲများကြောင့် ဟန်ဘင်းမှာ နေရခက်လာ၍ထင်သည်။ ရှက်ရယ်ရယ်လျက် အကြောင်းပြချက်မရှိစွာ ခေါင်းမှဦးထုပ်ကို ပြန်ပြင်ဆောင်းလိုက်ပြီး

"အဟင်း.. ကိုယ်မေးနေတာ ခုထိလည်း ပြန်မဖြေသေးဘူး.. ဖုန်းထဲမှာကျတော့ ဒီလိုမဟုတ်ပါဘူး"

ထိုအခါမှပင် ဟန်ဘင်းမေးထားသည်ကို ပြန်မဖြေရသေးကြောင်း မက်သရူးသတိရသွား​၏။ ထို့ကြောင့် အလျှင်စလိုပင် ဖြေရှင်းချက်ပြန်ပေးလိုက်ရသည်။

"အာ.. ဆောရီး ကျွန်တော် အတွေးနည်းနည်းလွန်သွားလို့.."

"ရပါတယ်"

"လူတွေရှုပ်နေတာနဲ့လေ ဒီမှာထိုင်ပြီး အေးရာအေးကြောင်းနေနေတာ"

"ကိုယ်ရှိနေတာပဲ.. ကိုယ့်ဆီလာတာ မဟုတ်ဘူး.."

"ဟျောင်းက အဖွဲ့ခေါင်းဆောင်ကိုကူရင်း အလုပ်တွေများနေတာလေ.. ကျွန်တော့ကြောင့် ဟျောင်း အလုပ်ပိုရှုပ်သွားမှာစိုးလို့"

"ဟောဗျာ.. ဒီကလာရှုပ်စေချင်နေတာလေ.. ရှုပ်စေချင်တဲ့လူက လာမရှုပ်တော့ ကိုယ်ကစိတ်မကောင်းဖြစ်နေတာ"

"ဟာ.. လာရှုပ်လို့ရတာလား.. အိုကေအိုကေ နောက်ဆိုလာရှုပ်မယ်.. အဲ့ကျမှ မငြိုငြင်နဲ့"

"ဘေဘီကကိုယ့်အတွက် အမြဲခြွင်းချက်ပါဆိုမှ.."

"ဟားဟား"

သဘောတကျရယ်မောနေသော မက်သရူးကို ဟန်ဘင်း တမေ့တမော ငေးမောမိသွား​သည်။ သူဖန်ဆင်းပေးလိုက်သော အပြုံးပန်းတို့က ထိုကောင်လေးနှင့် ပနံရကာ လှပလွန်းနေ​၏။

မက်သရူး တချက်ပြုံးလိုက်တိုင်း သူ့အသက်ပါမသွားအောင် ဟန်ဘင်းမနည်းပင် ထိန်းချုပ်နေရတော့သည်။

စွဲလမ်းစေတတ်သော ယစ်မူးစေတတ်သော အန္တရာယ်များလွန်းသည့် ကောင်လေးပင်..။

--------------------------------------------------------

တောင်ပေါ်တက်ရာလမ်းတလျှောက် မက်သရူးနားကပ်ကာ နေနေခဲ့သော ဟန်ဘင်းမှာ ယခုတောင်ပေါ်ရောက်ချိန်ထိ မက်သရူးအနားတွင် ကော်နှင့်ကပ်ထားသည့်နှယ် ရှိလို့နေဆဲပင်။

တချက်တချက်ရောက်လာသော ထယ်ရယ့်ထံမှ မျက်စောင်းများကို လျစ်လျူရှုရင်း သူ့အာရုံတွေကို မက်သရူးအပေါ်၌သာ ဟန်ဘင်း မြှုပ်နှံထားမိသည်။

တောင်တက်ခဲ့ရသောကြောင့် မောဟိုက်နေသဖြင့် မြင့်ချည်နိမ့်ချည်ဖြစ်လို့နေသော မက်သရူး​၏ ရင်ဘတ်နေရာကို ကြည့်မိရုံနှင့် ဟန်ဘင်းနားရွက်ဖျားလေးများဟာ နီမြန်းလို့လာ​၏။ ထိုမှတဆင့် အကြည့်တို့ကို အပေါ်သို့ရွှေ့လာကာ နီရဲနေသော မက်သရူး​၏ နှုတ်ခမ်းဖူးတို့ဆီသို့အရောက် ဟန်ဘင်းရင်ထဲလှပ်ကနဲ။

ထူးဆန်းလာသည့် သူ့စိတ်တွေကအချစ်ဖြစ်နေမည်ထင်သည်။ ယောကျာ်းလေးတစ်ယောက်အပေါ်  တခါမှရင်မခုန်ခဲ့ဖူးသော ဟန်ဘင်းအတွက် မက်သရူးဟာ ခြွင်းချက်ဖြစ်လို့လာခဲ့ပြီ။ ခုန်နေသောရင်ဘတ်နေရာကို လက်နှင့်ဖိထိန်းရင်း ညှို့ငင်ခံထားရသည့်နှယ် သူ့အကြည့်တွေက မက်သရူးထံသို့သာ ရောက်သွားရပြန်​၏။

ချောမောတဲ့ မျက်နှာလေးနှင့် ပနံရစွာ ဝတ်ဆင်ထားသည့် နားဆွဲလှလှလေးက မက်သရူးရဲ့အလှတွေကို ပိုလို့ထင်ရှားအောင် ထောက်ပံ့ပေးနေကြပြီး လေတိုးလိုက်တိုင်းလှုပ်ယမ်းသွားလေသော ထိုနားဆွဲလေးထက်၌ ဟန်ဘင်း​၏နှလုံးသားလေးမှာလည်း တွဲလွဲခိုကာ ယိမ်းခါလို့နေလေတော့သည်။

ဖြစ်တည်မှု တစ်ခုချင်းစီကိုကအစ သိပ်ကိုမှမြတ်နိုးရပါတယ် အမျိုးသားငယ်လေးရယ်..။

-------------------------------------------------------

tbc >>

Note : ဇာတ်လမ်းက အေးနေလို့ ဖတ်ရတာ ပျင်းစရာကောင်းနေကြပြီလားရှင်။ နောက်ပိုင်းမှာ မထင်ထားတာလေးတွေပါလာမှာမလို့ သည်းခံပြီး ဖတ်ပေးကြပါဦးနော်🥺🩷

*fic update တွေက သင်္ကြန်အပြီးလောက်ဆိုရင်တော့ အရင်အတိုင်း ပုံမှန်ပြန် update နိုင်ပါပြီရှင်။ ဒီကြားထဲမှာတော့ အလျဉ်းသင့်သလို ကြိုကြားကြိုကြား  update သွားပါမယ်နော်..

⬇️ ဒါလေးကတော့ donation project အတွက် တန်ခူးရေးထားတဲ့ OS လေးပါ..။ စာလုံးရေ ၇၀၀၀ကျော်ရေးထားတာမလို့ OS ဆိုပေမဲ့ တဝကြီးဖတ်ရမှာပါ..။ ဖတ်ချင်တဲ့သူလေးတွေက "ငါတို့အိမ်ကသားကရည်းစားများတယ်" ဆိုတဲ့ page မှာ ငလျင်ဘေးအတွက် အလှူငွေထည့်ပြီး ဖတ်လို့ရပါတယ်ရှင်..။ ကျေးဇူးအများကြီးတင်ပါတယ် 🩷

Continue Reading

You'll Also Like

3.7K 476 17
BINTHEW FANFIC (COMPLETE) "နာကျင်ရမယ်မှန်း သိလို့ ရှောင်ပုန်းနေခဲ့ပေမဲ့လည်း အမြဲတမ်းလွမ်းနေမိတော့ သိပ်ခက်တာပဲ ကိုကိုရယ်.. ။ ကျွန်တော်လေ ကိုကို့ကို သိ...
TANGLE By TAGU

Fanfiction

4.6K 525 16
KIM JIWOONG, ZHANG HAO, SUNG HANBIN, SEOK MATTHEW (BINTHEW FANFIC) (COMPLETE) "အချစ်နဲ့စစ်မှာ မတရားတာမရှိဘူး ဘေဘီ... ဒီဇာတ်လမ်းမှာ ကိုယ်ဟာ ဗီလိန်ပဲ...
330K 18.2K 51
When Jungkook married 'mina' just for his father 'kim taehyung'. Kim taehyung who is jungkook's father's friend, visits their house and catches the e...
6.1K 430 10
#Chanhun version #Short story