William:ဘာ!? ဒယ်ဒီကဖောက်ပြန်တယ်!??
Jake:ဟုတ်တယ်ဆရာ။အခု အန်ကယ့်ကိုအန်တီကကွာရှင်းမယ်တောင်လုပ်နေတာ။အန်ကယ်ကလက်မခံလို့။
William:ဟုတ်ရောဟုတ်ရဲ့လား။ဒယ်ဒီကအဲ့လို..။
Jake:တကယ်ပါ ဆရာ။ဆရာ့ကိုကျွန်တော်ပုံတွေပို့ပေးထားပါတယ်။ဆရာကြည့်ကြည့်ပါ။
(william သူ့တပည့်ဖြစ်သူနဲ့ပြောနေရင်း messageများထဲ၀င်ကြည့်တော့ မိန်းမတစ်ယောက်နှင့်ဒယ်ဒီကကုတင်ပေါ်မှာ ၂ယောက်လုံးအိပ်ပျော်လျက်။ကိုယ့်မျက်လုံးပင်ကိုယ်မယုံနိုင်။)
Est:မောင်~
(အိပ်ချင်မူးတူးအသံလေးဖြင့် သူ့ကောင်လေးရဲ့အသံကြားမှwilliamဖုန်းကိုပြန်ပြောမိသည်။)
William:ငါပြီးမှပြန်ခေါ်မယ်jake။ငါ့ကိုအဲ့မိန်းမကဘယ်သူလဲဆိုတာစုံစမ်းပေးထား။
Jake:ဟုတ်ကဲ့ဆရာ။
*တီ..တီ*
Est:မောင်ဘယ်သူနဲ့ပြောနေတာလဲဟင်။
William:အိမ်နဲ့ပါဗျာ။
Est:မောင့်ဒယ်ဒီနဲ့အဆင်ပြေပြီလား။
William:ထင်တာပါပဲကိုကိုရာ။
(အခြားတစ်ဖက်သို့..)
:ဟက်! မင်းဘာတတ်နိုင်သေးလဲ။ငါလိုဆရာကိုမှမင်းကလာစမ်းတာကိုး။မင်းနဲ့ပတ်သက်တဲ့လူတွေအားလုံး မင်းမိသားစုပါမကျန် ဒုက္ခတွေအလီလီရောက်စေရမယ်။မင်းစိတ်ချမ်းသာရမယ်မထင်နဲ့။
(williamတစ်ယောက်ဒုက္ခရောက်မည့်ဟန်။)
Nut:ဟုတ်ရော ဟုတ်လို့လားကွာ။အန်ကယ်ကလေ..ငါတော့မထင်ဘူးနော်။
William:မင်းမပြောနဲ့ ငါ သူ့သားတောင်မယုံနိုင်ဘူး။မာမီ့အပေါ် ဒယ်ဒီလုပ်ရက်လိုက်တာ။
Tui:အန်ကယ်ကစိတ်ညစ်စရာတွေများရှိလို့စိတ်ထွက်ပေါက်ရှာတာများလား။
William:စိတ်ထွက်ပေါက်ဆိုရင်တောင် လုပ်စရာဒါပဲရှိလားကွာ။ငါလို လူငယ်တောင်အဲ့တာတွေမလုပ်ဘူး။ဒယ်ဒီကွာ!
Lego:စိတ်လျှော့ပါကိုကြီးရယ်။ကျွန်တော်တော့ ဖြစ်နိုင်ရင် ကိုကြီးကိုအိမ်ပြန်စေချင်တယ်။သေချာစကားပြောလိုက်ပါ အိမ်နဲ့။
William:ငါသွားရင်..
Tui:အစ်ကိုestကိုစိတ်ချ။ငါတို့ရှိတာပဲ..ငါတို့စောင့်ရှောက်ပေးပါ့မယ်။
Nut:မင်းဟာမင်းသွားစရာရှိတာသာသွား။အစ်ကို့ကိုစိတ်ချ။
William:ဒီကိစ္စတွေကိုကိုမသိစေနဲ့နော်။
All:အေးပါ။
(ထို့နောက်williamတစ်ယောက်တည်းမြို့သို့အမြန်ပြန်ရလေသည်။ကိုကို့ကိုတောင်သေချာမနှုတ်ဆက်လိုက်ရပေ။)
Lego:သူပြန်လာမှာပါ။အစ်ကိုစိတ်မပူနဲ့နော်။
Est:အိမ်နဲ့ပြေလည်ဖို့သွားတာပဲ ဒီလောက်တော့အစ်ကိုနားလည်ပါတယ်။အစ်ကိုစိတ်ပူတာက သူနဲ့သူ့ဒယ်ဒီအဆင်မပြေမှာကိုပါ။
Tui:အဆင်ပြေမှာပါအစ်ကိုရာ။
(Williamမြို့သို့ရောက်သော် ချက်ချင်းပင်အိမ်သို့သွားခဲ့ပြီး ၀င်၀င်ချင်းပင် မျက်ရည်များနှင့်စီးကြိုနေသောအမေ။williamသည် မာမီနှင့်ဒယ်ဒီယှဥ်လျှင် အမေဖြစ်သူနဲ့သာပို၍နည်းကပ်သူဖြစ်သည်။အခုလည်း မာမီကသူ့ကိုမြင်မြင်ချင်း ငိုယိုကာ တင်းနေအောင်ဖက်ထားသည်။သူကတော့ ပြန်သာဖက်ထားရင် ဖခင်ဖြစ်သူကို ဒေါသများထွက်နေရလေသည်။)
William's mom:သား! သားရယ်! မာမီတော့ ရူးချင်နေပြီ။
William:ဒယ်ဒီဘယ်မှာလဲမာမီ။
William's mom:အ..အပေါ်..အပေါ်မှာ။
William:ဒယ်ဒီ!!! ဆင်းခဲ့စမ်းပါဦး!!
(လှေကားပေါ်မှ ခပ်ဖြောင့်ဖြောင့်လူတစ်ဦးဆင်းလာသည်။)
William:ဒယ်ဒီမို့လို့ လုပ်ရက်တယ်နော်။
William's dad:ငါမလုပ်ဘူးwilliam။
William:ဒီလောက်ကြီးကို ဒယ်ဒီကဘယ်လိုမသိတာလဲ။ဘာလဲ ဆေးခပ်ခံလိုက်ရတာလား။
*ခွပ်*
(ဖခင်လုပ်သူဟာ မာန်နှင့်သိက္ခာကိုဦးထိပ်ထားသူဖြစ်သောကြောင့် သားဖြစ်သူစကားကိုသူလက်မခံနိုင်ပေ။တစ်ခါမှမထိုးဘူးသော သားအားထိုးလိုက်မိသည်။)
William's mom:သား!! ရှင်ဒါဘာလုပ်တာလဲ။ဟမ်!
William:ထိုးစမ်းပါ! ဒယ်ဒီထက်ထိုးဦး။ကျွန်တော်ကတော့ပြောစရာရှိတာပြောရမှာပဲ။
William's dad:ငါမလုပ်ဘူးလို့မင်းကိုပြောပြီး..
*ဘုတ်*
William:မာမီ!!
William's dad:မိန်းမ!!
(william၏မိခင်မူးလဲသွားသောကြောင့် ဖခင်ဟာလဲ စိုးရိမ်လျှက်သူ့မိန်းမနားလာသည်။)
William:ဒယ်ဒီမလာနဲ့!! ဆရာ၀န်ခေါ်ပါ။မာမီ့ကိုကျုပ်အပေါ်ခေါ်သွားမယ်။
(ထို့နောက် williamကပင်သူ့အမေကိုမချီကာ အပေါ်သို့တက်နေစဥ် ဖခင်လုပ်သူကဆရာ၀န်ကိုလှမ်းခေါ်လိုက်သည်။)
William:ဒေါက်တာ မာမီ့အခြေအနေက..
Doctor:စိုးရိမ်ရတဲ့အဆင့်တော့မဟုတ်ပါဘူး။အားနည်းပြီးဖြစ်သွားတာပါ။အနားတော့ပေးလိုက်ပါ။တော်ကြာနေ သတိရလာပါလိမ့်မယ်။
William's dad:ဟုတ်ပါပြီ ကျေးဇူးပါ။
Doctor:ကျွန်တော့်ကိုခွင့်ပြုပါဦး။
(ဆရာ၀န်ထွက်သွားတော့ မိခင်ကိုကြည့်နေသော william၏မျက်လုံးများမှာ စူးရှလျက် ဖခင်စီသို့..)
William:အဲ့မိန်းမကိုမုန်းတယ်!
(ပြောကာ အခန်းပြင်သို့ထွက်သွားခဲ့သည်။ဖခင်မှာလဲ ပြောစရာစကားမဲ့လျက်ပင်။)
*ဒွီ..ဒွီ*
Jake:Helloဆရာ။
William:ပြော။
Jake:ဆရာစုံစမ်းခိုင်းထားတာသိရပါပြီ။
William: ...
Jake:အဲ့အမျိုးသမီးက..ဟို..
William:ပြောစရာရှိတာပြောjake။
Jake:Khun Estနဲ့Khun Hongရဲ့ အဒေါ်ပါ။
Willaim:ဘာ!!!!!
(williamကိုယ့်နားကိုယ်တောင်မယုံနိုင်လျက်။အဲ့တာက ကိုကို့ရဲ့အဒေါ်တဲ့လား။)
William:သေချာလား။
Jake:ဟုတ် သေချာပါတယ်ဆရာ။
William:အဲ့ကိစ္စ nutသိလား။
Jake:ကျွန်တော်ဆရာ့ကိုအရင်ပြောပြတာပါ။
William:သူ့ကိုပါပြောပြလိုက်။ငါမနက်ဖြန် ရွာပြန်သွားမယ်။
Jake:ဟုတ်ကဲ့ဆရာ။
(အရာရာဟာ ကမ္ဘာပျက်သလိုပင်။တစ်ဖက်တွင်လည်း..)
Est:ဗျာ!! ဟုတ်ရဲ့လားဦးရယ်။တီလေးက ဦးကိုဒီလောက်ချစ်တာလေ။ဖောက်ပြန်တာဖြစ်နိုင်ပါ့မလား။
Hong:ဦး မဖြစ်နိုင်လောက်ဘူးနော်။
(ဖုန်းထဲမှဦးလေးဖြစ်သူကို ညီအစ်ကို၂ယောက်ထိုင်ကာ ပြောနေရသည်။တီလေးကအဲ့လိုလူမျိုးမှမဟုတ်တာ။)
EstHong's uncle:ဟိုဖက်ကလူက ချမ်းသာနေလို့ ဒီမိန်းမဖောက်ပြန်တာဖြစ်မှာပေါ့။
Est:ချမ်းသာတယ်ဆိုတော့ ဘယ်သူတွေမို့လို့လဲဦးရယ်။
Hong:သူဌေးတွေမို့လို့လားဟင်။
EstHong's uncle:Jakrapatr companyကြီးတစ်ခုလုံးပိုင်တာပဲ သူဌေးဆိုတဲ့စကားလုံးထက်တောင် ချမ်းသာသေးတယ်။
Hong:ဗျာ!!
Est:ဟင်!!
1003 words