Ch 291
ဒီအချိန်တွင် ဝမ်ကော်ကျူးက ကျုံးဟုန်ကို အမြန်ကွာရှင်းပြီး ကျန်းရှောင်ဟွေ့နဲ့ လက်ထပ်ချင်တာကြောင့် ကျုံးဟုန်အပေါ် သဘောထားပျော့ပျောင်းလာကာ ချက်ချင်းပင် သူမကို ချော့မောသည်။
"ရှောင်ယွီက ငါ့သမီး၊ ငါ ဘာလို့ သူမကို လျစ်လျူရှုမှာလဲ? ငါတို့နှစ်ယောက်မှာ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ပြီး လက်တွဲနေဖို့ အဆင်မပြေဘူး။ မင်းစဉ်းစားကြည့် မင်းမှာ ငါ့ထက် ပိုကောင်းတဲ့ အလုပ်တစ်ခု ရှိတယ်။ သိကျွမ်းတဲ့သူတွေလည်း ငါ့ထက် ပိုများတယ်။ ဒီအိမ်ရဲ့ ဝန်ထုပ်ဝန်ပို မရှိရင် မင်း ရှောင်ယွီကို စိတ်ရောကိုယ်ပါ ဂရုစိုက်နိုင်ပြီး မင်းကိုယ်တိုင်လည်း ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာ။ ဒီလိုဆို မကောင်းဘူးလား?"
"ငါတို့က ဆိုးဆိုးရွားရွား မဟုတ်ဘဲ ခွဲခွာမယ်ဆို ဆက်ဆံရေးလည်း ထိန်းသိမ်းပြီးသား။ အချိန်ကျရင် ရှောင်ယွီကို အတူတူ ပြုစုစောင့်ရှောက်မယ်။ ဒီလိုဆို အဆင်မပြေဘူးလား? အတူနေပြီး တစ်နေ့လုံး ရန်ဖြစ်နေမှရတာလား?"
ကျုံးဟုန်က ခေါင်းငုံ့ပြီး အေးစက်နေတဲ့ မျက်လုံးတွေကို ဖုံးကွယ်ကာ "ရှင်က ကျွန်မကို ပြန်စဉ်းစားခိုင်းတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်မသမီးကို ကျွန်မ လက်မလွှတ်နိုင်ဘူး။ ကျွန်မတို့ ကွာရှင်းသည်ဖြစ်စေ မကွာရှင်းသည်ဖြစ်စေ ရှောင်ယွီကို ထိခိုက်စေလို့ မရဘူး။"
.......
ကျုံးဟုန်ဘက်က လက်လျှော့လိုက်ပြီ။ ဝမ်ကော်ကျူးက အရမ်းပျော်နေသည်။ အခု ကွာရှင်းတာက ကောင်းတယ်။ ဒီလိုဆို ငါ့သားကို ဝမ်မိသားစုမှာဘဲ မွေးဖွားနိုင်ပြီ။
တခြားတစ်ဖက်တွင် ကုချင်းယောင်က ကျုံးဟုန် ထွက်ပြေးပြီးနောက် နေရာလွတ်ထဲမှ ထွက်လာပြီး ထိုလမ်းကြောင်းကို ကြည့်ကာ အေးစက်စွာ 'ဟွန့်' လုပ်ကာ လှည့်ထွက်လာခဲ့သည်။
ဒီအချိန်တွင် ကုမိသားစုက အထူးသဖြင့် ဒီလို ထူးဆန်းတဲ့လူတွေနဲ့ ပြဿနာမဖြစ်အောင် နေရမယ်။ ဒီလိုဆို ကျန်းရှောင်ဟွေ့ကို မြို့မှာ လက်ထပ်ခိုင်းတာ အောင်မြင်ပြီ။ ဒါပေမဲ့ မြို့မှာနေတဲ့ နေ့ရက်တွေကတော့.....
ဟီးဟီး! သူမက ကျေးလက်မှာ နေတာထက် ပိုဒုက္ခရောက်လိမ့်မယ်။
နောက်လလယ်တွင် ကွာရှင်းပြတ်စဲခဲ့ပြီး ကျန်းရှောင်ဟွေ့က ဝမ်ကော်ကျူးကို ချက်ခြင်းလက်ထပ်ခဲ့သော် လည်း သူမဗိုက်က လေးလနီးပါးရှိပြီ။
ထိုအချိန်တွင် ရာသီဥတုက တဖြည်းဖြည်းပူလာပြီး လူတိုင်း ဝတ်တာ တဖြေးဖြေး နည်းလာသည်။ ကျန်းရှောင်ဟွေ့ ဝမ်မိသားစုဆီ လက်ထပ်ဝင်ပြီး တစ်လခန့်အကြာတွင် ရာသီဥတုက ပိုပိုပူလာသည်။
ထိုအချိန်တွင် သူမကိုယ်ဝန်က ပေါ်လာသည်။
အိမ်ထောင်ကျပြီး ငါးလလောက်မှာ ကလေးမွေးတာက သေချာပေါက် အမှားအယွင်းတစ်ခုခုရှိလို့ဘဲ။ ဘေးဒုက္ခကြုံရနိုင်တယ်။
တကယ်လို့ လူသိမခံဝံ့ရင် ကိုယ်ဝန်ရှိတဲ့အခါ အိမ်မှာပဲ ပုန်းပြီး မီးဖွားတဲ့အခါလည်း အတူတူဘဲ ပုန်းနေရမှာ။
ဟီး!
ကျန်းရှောင်ဟွေ့က နောက်ဆုံးတွင် မြို့မှာ လက်ထပ်ပြီး နေရာတိုင်းတွင် ထုတ်ဖော်ပြသရန် စိတ်အားထက်သန်နေမှာ!
ကိုယ်ဝန်ကြောင့် အိမ်ထဲမှာဘဲ ပုန်းနေရတာက သူမကို အသက်ရှုကြပ်ပြီး သေစေနိုင်တယ်။
ဒါ့ပြင် မြို့ထဲကိုဝင်ပြီး ချမ်းသာတဲ့ ဇနီးတစ်ယောက်ဖြစ်လာမယ်လို့ အစက ထင်ခဲ့တာ။ ရလဒ်က?
ဝမ်ကော်ကျူးရဲ့ စုစုပေါင်းလစာ တစ်လ ယွမ် 40 50 ။ ကျုံးဟုန်ရဲ့ ပျမ်းမျှလစာ သို့မဟုတ် 10 ယွမ်ခန့် မရနိုင်လျှင် ဝမ်မိသားစုအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှုရှိမှာ။
ဝမ်ကော်ကျူးက မိသားစုကြီးတစ်ခုကို ထောက်ပံ့ရမှာ။ ကလေးမွေးလာတဲ့အခါမှာလည်း ကလေးငယ်ကို ထောက်ပံ့ရအုံးမှာ။ အဲ့အချိန်ကျရင် နေ့ရက်တိုင်းက အလွန်အသက်ဝင်နေမှာ။
လှည့်ကွက်တချို့ကို လုပ်နိုင်သေးတယ်!
ဟီးဟီး!
ဘယ်လိုဘဲဖြစ်ဖြစ် သူမက ကျန်းရှောင်ဟွေ့နဲ့ ကုရုန်ချင်းတို့ကို သာသာယာယာ နေထိုင်ခိုင်းမှာ မဟုတ်ဘူး။ မြို့မှာ လက်ထပ်တာက ငရဲရဲ့အစ။
အချိန်စောနေသေးတာမို့ ကုချင်းယောင်က မှောင်ခိုဈေးကွက်ကို သွားပြီး ငွေနဲ့ ပစ္စည်းဟောင်းတချို့ကို လဲလှယ်ခဲ့သည်။
ဒါပေမဲ့ အခုအချိန်တွင် မှောင်ခိုဈေးကွက်ရှိ အစားအစာများက အရင်တစ်နှစ်ကလို တန်ဖိုးမရှိတော့ပေ။
အခုခေတ်က တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပြီး အရင်နှစ်တွေကထက် စားနပ်ရိက္ခာတွေ ပိုများလာတယ်။ မနှစ်က သူတို့ဘက်က အထူးနှစ်။ နှစ်ကုန်မှ စားနပ်ရိက္ခာ ဝေငှတာ။ ဒါ့ကြောင့် အဲဒီတုန်းက စားနပ်ရိက္ခာက ရှားပါးပြီး ဈေးအရမ်းကြီးတယ်။ နောက်ပြီး ဒီနေရာက ဆင်းရဲပြီး စားစရာ သိပ်မရှိဘူး။
ဒါပေမယ့် မနှစ်က ရိတ်သိမ်းတာ အရမ်းကောင်းတယ်။ အစေ့အဆန်ရလာတဲ့အခါ အရင်ကလောက် မရှားတော့ဘူး။ မှောင်ခိုဈေးကွက်မှာ စားနပ်ရိက္ခာတွေ ပိုများလာတယ်!
အခုအချိန်တွင် ဆန်ချောက တစ်ကျင်းလျှင် နှစ်ယွမ်သာ ကုန်ကျပြီး အစေ့ကြမ်းက ပိုလိုတောင် စျေးသက်သာတယ်။
အသားဈေးက အတူတူပဲ။ နည်းနည်းဘဲ ကျသွားတာ။ အခုက တစ်ကျင်းကို ၁၁ ၁၂ ယွမ်။
Ch 292
ကုချင်းယောင်က လဲလှယ်ထားတဲ့ ၁၀၉ ယွမ်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ဒီလိုအခြေအနေမျိုးကို သူမ မြင်တွေ့ဖို့လည်း မျှော်လင့်ထားသည်။ တကယ်တမ်းပြောရရင် လူတိုင်းရဲ့ဘဝဟာ ပိုကောင်းလာသလို စားစရာတွေလည်း အများကြီးရလာတယ်လို့ ဆိုလိုသည်။
ဒါပေမယ့် ဒါက သူမ ကိုယ်တိုင်အတွက် တကယ်ဘဲ ကောင်းတဲ့ကိစ္စမဟုတ်ဘူး!
အစားအသောက်ကို ပိုက်ဆံအများကြီးနဲ့ လဲလှယ်လို့ မရတော့ဘူး။ သူမလက်ထဲမှာရှိတဲ့ ပိုက်ဆံက သူမလိုအပ်ချက်နဲ့ မပြည့်မီဘူး။
သူမရဲ့နေရာလွတ်ထဲတွင် အထောက်အပံ့များစွာ ရှိတယ်။ အခုအချိန်က ကုန်ကျစရိတ် ဈေးအကြီးဆုံးအချိန်။ နောက်ကျရင် ပိုက်ဆံအများကြီး မရနိုင်တော့ဘူး။
ကုချင်းယောင်က ခေါင်းငုံ့ကာ အစားအစာ များများလဲလှယ်နိုင်ရန် နည်းလမ်းရှာရနေလေသည်။
အပြန်လမ်းတွင် ကုယန်ရွှန်ကိုတွေ့တဲ့အခါ ကုချင်းယောင် အံ့ဩသွားသည်။
"ယောင်ယောင်!"
ကုချင်းယောင် ပြန်လာတာကိုမြင်တော့ စိတ်လှုပ်ရှားစွာနဲ့ လမ်းဘေးမှာထိုင်နေတဲ့ ကုယန်ရွှန်က ရုတ်တရက် ထရပ်လိုက်သည်။
"ဒေါ်လေး သမီးတို့အိမ်ပြန်ရအောင်!"
ကုယန်ရွှန်က သူမနောက်ကို ကြည့်လိုက်သည်။ တစ်ယောက်မှ မရှိဘူး!
သူမခန္ဓာကိုယ်ကို စစ်ကြည့်လိုက်ပြန်သည်။ ဘာဒဏ်ရာမှ မရှိဘူး!
ကုချင်းယောင်က ပြုံးပြီး "စိတ်မပူပါနဲ့ ဒေါ်လေး။ သမီး ဘာမှ မလုပ်ခဲ့ပါဘူး။ အိမ်ပြန်ရအောင်!"
ကုယန်ရွှန်လည်း ဘာပြန်ပြောရမှန်းကို မသိပေ။ အိမ်ရောက်ရင် စတုတ္တအစ်ကိုနဲ့ စကားပြောသင့်တယ်လို့ သူမ တွေးနေသည်။
ခေါင်းညိတ်ပြီး "ကောင်းပြီ၊ အိမ်ပြန်ရအောင်!"
ပြန်ရောက်ပြီးနောက် ကုယန်ရွှန်က ထိုကိစ္စနှင့်ပတ်သက်ပြီး ကုယန်ရှန်ကို ပြောပြခဲ့သည်။ ထူးဆန်းသည်မှာ ကုယန်ရှန်က သူ့စိတ်ထဲတွင် သိထားပြီးဖြစ်သည့်အတိုင်း ဘာအံ့ဩမှုမှ မပြပေ။ ကုချင်းယောင်နဲ့ ပတ်သတ်ပြီးလည်း မပြောပြပေ။
ထို့အပြင် နောက်ပိုင်းတွင် သူ ကုချင်းယောင်နဲ့ စကားပြောတာကို မတွေ့သဖြင့် ကုယန်ရွှန်က ချက်ချင်းပင် တိတ်ဆိတ်သွားသည်။
သူမက ကုချင်းယောင်ရဲ့အသွင်အပြင်ကို သေသေချာချာကြည့်ပြီးနောက် ကုယန်ရှန်ရဲ့အသွင်အပြင်ကို စဉ်းစားလိုက်သည်။
ဟုတ်တယ်! အဲ့ဒီကုရုန်ချင်က ကုယန်ရှန်နဲ့ လုံးဝမတူဘူး။ ဒါပေမယ့် ကျန်းရှောင်ဟွေ့နဲ့တော့ တူတယ်။
ကုချင်းယောင်ကတော့ ကျန်းရှောင်ဟွေ့နဲ့ လုံးဝမတူဘူး။ ဒါပေမယ့် ကုယန်ရှန်နဲ့ ခပ်ဆင်ဆင်တူတယ်.....
ကုချင်းယောင်က သူမ ငြင်းဆန်တာ မဟုတ်ဘူး။ တကယ်တော့ ဒီကလေးကို ငယ်စဉ်ကတည်းက သူမတို့ရဲ့ ချစ်ခဲ့တာ။ သူမနဲ့ ပတ်သတ်မှုရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဂရုမစိုက်ဘူး။
သူမ ကုယန်ရှန်ရဲ့ သဘောထားကိုဘဲ သိချင်နေတာ။ အခုသူတို့နှစ်ယောက်ကို သေချာကြည့်မိတော့ ကုယန်ရွှန်က ဘာမှထပ်မပြောတော့ပေ။
ခရိုင်ဘက်တွင် ကျုံးဟုန်က ဝမ်ကော်ကျူးနဲ့ ရက်အတော်ကြာ စေ့စပ်ညှိနှိုင်းခဲ့ပြီးနောက် ကျုံးဟုန်က ကွာရှင်းရန် သဘောတူခဲ့သော်လည်း ကျုံးရှောင်ယွီရဲ့ အနာဂတ်အိမ်ထောင်ရေးအတွက် ခန်းဝင်ပစ္စည်းအဖြစ် လစဉ် ယွမ် ၂၀ ပေးရန် ဝမ်ကော်ကျူးကို တောင်းဆိုခဲ့သည်။
ယွမ် ၂၀ က ဝမ်ကော်ကျူးရဲ့ တစ်ဝက်နီးပါးပင်။
ဝမ်ကော်ကျူးက သဘောမတူပေ။
နောက်ဆုံးတွင် သူတို့နှစ်ဦးက တစ်လလျှင် ၁၅ ယွမ်၊ ကျုံးရှောင်ယွီ လက်ထပ်ပြီးသည်အထိ ပေးရန် ညှိနှိုင်းခဲ့သည်။
အဲဒီအချိန်က ဖေဖော်ဝါရီလကုန် ရောက်နေပြီ။
မကြာခင်တွင် ကျုံးရှောင်ယွီရဲ့မွေးနေ့ ရောက်တော့မှာဖြစ်သဖြင့် ကျုံးဟုန်က ကျုံးရှောင်ယွီရဲ့မွေးနေ့ကို အတူတကွကျင်းပပြီးမှ ကွာရှင်းရန် တောင်းဆိုခဲ့သည်။ ဝမ်ကော်ကျူးက တစ်ရက်လေးတောင် မနှောင့်နှေးချင်သော်လည်း ဆယ်ရက်သာ ရှိသဖြင့် သူ သဘောတူလိုက်ရသည်။
သူပြန်ဖြေပြီးနောက် ကျန်းရှောင်ဟွေ့ကို တိကျသေချာတဲ့စကား ချက်ချင်းပြောပြသည်။
ကျန်းရှောင်ဟွေ့ က သူမ နောက်လတွင် မြို့၌ လက်ထပ်နိုင်တော့မည်ကို သိသော်လည်း အခုအချိန်တွင် သူမရဲ့ပျော်ရွှင်မှုမှာ အလွန်လျော့ကျသွားခဲ့သည်။
ဘာကြောင့်လဲဆိုတော့ သူမဗိုက်က ကိုယ်ဝန်ရှိနေပြီလေ။
ကုမိသားစုဘက်တွင် အကြီးဆုံးအဒေါ် ဖန်လင်က ကလေးနှစ်ယောက်နှင့်အတူ သူမမိဘအိမ်မှ ပြန်လာခဲ့သည်။ သူမအလုပ်က သူမခင်ပွန်းနဲ့ သားကြီးတို့လောက် အရေးမကြီးပေ။ အခုတစ်ကြိမ်တွင် သူမရဲ့ခွင့်ရက်က အနည်းငယ် ပိုကြာသွားခဲ့သည်။ ဒါ့အပြင် ပထမဦးလေး ကုယန်ကျင့်နဲ့ အစ်ကိုကြီး ကုကျင်ယဲ့တို့က အလုပ်ပြန်ဝင်နေပြီ။
ဖန်လင်က ကလေးနဲ့ ခွဲခွာရန် တွန့်ဆုတ်နေတာကြောင့် သူမက ကလေးကို သူမမိဘအိမ်တွင် ခဏနေထိုင်ရန် ခေါ်သွားခဲ့သည်။
ကလေးကို ကုအိမ််ကို ပို့ပြီးတာနဲ့ သူမ ထွက်သွားခဲ့သည်။ သူမခင်ပွန်းက သူမကို အမြန်ဆုံးပြန်လာရန် စာတစ်စောင် ပို့ထားသည်။ အချိန်မရှိတော့တာကို သူမ သိသည်။
သူတို့ စောစောပြင်ထားရင် ရာထူးချခံရရင်တောင် အတူတူနေနိုင်သည်။ တကယ်လို့ အခု သူမ မပြန်လာရင် မသေချာတော့ဘူး။
Ch 293
"မေမေ...." ကလေးနှစ်ယောက်က သူတို့အမေကို မျက်ရည်တွေနဲ့ ကြည့်နေသည်။ ဒီတစ်ခေါက် ခွဲခွာတာက သူတို့မိဘနဲ့ အစ်ကိုအကြီးဆုံးကို အချိန်အကြာကြီး မတွေ့ရတော့ဘူးဆိုတာ သိသာ်။
ဖန်လင်က ပြင်းပြင်းထန်ထန် ငိုကြွေးနေပေမယ့် ထွက်သွားဖို့ကလွဲလို့ သူမမှာ ရွေးချယ်စရာ မရှိပေ။
ကလေးတွေက အိမ်မှာ နေခဲ့ကြသည်။ ကုယန်ရှန်က နွားလှည်းငှားရန် တပ်မဟာသို့သွားပြီး ဖန်လင်ကို ရထားဘူတာသို့ လိုက်ပို့ပေးသည်။ လမ်းတစ်လျှောက်လုံး ဖန်လင်က ငိုကြွေးနေသည်။
ကုချင်းယောင်လည်း သူမဘေးတွင်ထိုင်နေသည်။ ဘာမှမပြောဘဲ သူမကို အဖော်လုပ်ပေးနေသည်။
ဒီအချိန်မှာ သူမဘယ်လောက်ပဲပြောပြော အသုံးမဝင်ဘူးဆိုတာ သူမ သိတာမို့ သူမကို လွှတ်ထားလိုက်သည်။ ခဏနေဆို ကောင်းသွားမှာ။
ဖန်လင်ကို ပို့ပေးပြီးနောက် ကုချင်းယောင်က အရင်တိုင်း မှောင်ခိုဈေးကို သွားကာ ချန်ကျင့်ကို သွားရှာသည်။ အခုတလော သူမလက်ထဲရှိ ပစ္စည်းတွေကို ပိုက်ဆံအဖြစ်ပြောင်းလဲရန်အတွက် ခရိုင်ကို မကြာခဏ ပြေးနေရသည်။
မှောင်ခိုဈေးကို သွားတဲ့ လူအများစုက ဒီအရာကိုလုပ်ဆောင်နေတာ။ သူမ ဒီလိုလုပ်တာ လူတစ်ယောက်ရဲ့ အသက်ကို ကယ်တာလို့လည်း သတ်မှတ်နိုင်သည်။ ဒီအချိန်အတောအတွင်း သူမလက်ထဲရှိ ထုတ်လာသော စားနပ်ရိက္ခာမှာ မနည်းပေ။
ထို့အပြင် ရှားပါးပစ္စည်း အများအပြားကိုလည်း ထိုချမ်းသာသူထံ ရောင်းချခဲ့သည်။
ကုယန်ရှန်က ဒီသမီးတွင် လုပ်စရာရှိသည်ကို သိထားသည်။ ပထမတွင် ၎င်းကို ဆန့်ကျင်ခဲ့သော်ငြား အချိန်ကြာလာသည်နှင့်အမျှ သူမကို လုံးဝမတားနိုင်တော့တာကို တွေ့လိုက်ရတာကြောင့် သူမကို လွှတ်ထားရန်မှလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။
"သတိထား!" ကုယန်ရှန်က သတိပေးသည်။
"အွန်း!"
ကုချင်းယောင်က နာခံစွာဖြင့် ခေါင်းညိတ်ပြီး မှောင်ခိုဈေးကွက်ကို သွားသည်။ သူမအဖေက အဟောင်းဆိုင် သွားသည်။
မတ်လ 22 ရက်နေ့တွင် ကျန်းရှောင်ဟွေ့နဲ့ ဝမ်ကော်ကျူး လက်ထပ်ခဲ့သည်။
ဒီသတင်းက ချင်မြစ်တပ်မဟာတစ်ခုလုံးကို ထိတ်လန့်သွားစေသည်။
အရှုံးသမား သမီးရှိတဲ့ ကွာရှင်းထားတဲ့ လူလတ်ပိုင်းအရွယ် ကျန်းရှောင်ဟွေ့က မြို့ထဲမှာ ရုတ်တရက် လက်ထပ်မယ်လို့ ဘယ်သူမှ မထင်ထားပေ။
မြို့ထဲတွင်!
ကျေးလက်နေသူ တော်တော်များများ လက်လှမ်းမမီနိုင်တဲ့ တည်ရှိမှု!
မဒမ်ကျန်းက အလွန်အံ့ဩနေသည်။ သူမက ခရီးဆောင်အိတ်များကို ထုပ်ပိုးထားပြီး မြို့သူမြို့သားဘဝတွင် ပျော်ရွှင်ဖို့ သူမသမီးနောက်သို့ လိုက်ရန် စောင့်နေသည်။
အဘွားကြီးက သူမချစ်ဆုံးမြေးကို ကြည့်ပြီး "တာ့ပေါင်! အဖွားက မြေးအတွက် အထုပ်တွေ ထုပ်ပြီးပြီ။ နောက်နှစ်ရက်နေရင် ဖွားဖွားနဲ့လိုက်ခဲ့ရမှာ။ နောက်ကျရင် မြေးဒေါ်လေးဆီမှာ နေရမှာ! ဒီလိုဆို မြေးက မြို့သားဖြစ်လာမှာ။"
ကျန်းတာ့ပေါင်က ပျော်ရွှင်စွာဖြင့် လက်ခုပ်တီးလိုက်သည်။ သူက ဆယ်ကျော်သက်အရွယ်ဖြစ်နေပြီဖြစ်သော်လည်း လေးငါးနှစ် ကလေးတစ်ယောက်လိုပင်။
"ကောင်းတယ်! ကောင်းတယ်! မြို့ကိုသွားမယ်! မြို့ကိုသွားမယ်! မြို့ထဲမှာနေချင်တယ်!"
မဒမ်ကျန်းရဲ့မျက်နှာက အပြုံးများဖြင့် ပြည့်နှက်နေပြီး အကြီးဆုံးရဲ့ဇနီးကလည်း ပျော်ရွှင်နေသည်။
ဒါပေမဲ့ ထိုအရာအားလုံးကို သဘောတူထားသော ကျန်းရှောင်ဟွေ့က ဝမ်မိသားစုရဲ့တံခါးထဲ ဝင်ရောက်လာချိန်တွင် လုံးဝအရှက်ကွဲသွားသည်။
သူမရှေ့က လူပြည့်နေတဲ့အိမ်ကြီးကို ကြည့်လိုက်ပြီး ဝမ်ကော်ကျူးကို မယုံကြည်နိုင်စွာ လှမ်းကြည့်ရင်း "ဒီ... ဒီလောက် သေးတာလား?"
ဝမ်ကော်ကျူးမျက်နှာမှာ အနည်းငယ် တင်းမာနေသည်။ အရင်တုန်းက သူတို့အိမ်က အတော်လေး ကောင်းသည်။ အဲ့တာက သူနဲ့ ကျုံးဟုန်နှစ်ယောက်စလုံး စက်ရုံတွင် အလုပ်လုပ်ကြပြီး လင်မယားဖြစ်နေတာကြောင့်ပင်။
ဒါပေမယ့် အခု သူနဲ့ ကျုံးဟုန် ကွာရှင်းသွားတော့ ကျုံးဟုန်လည်း အိမ်လိုနေတာကြောင့် အိမ်က အရင်ကလို အဆင်မပြေတော့ပေ။
ကျုံးဟုန်က သူ့ထက် ရာထူးပိုမြင့်ပြီး သူတို့ရဲ့ မူလအိမ်ကို ဖြိုချရန် နည်းလမ်းတချို့ကို အသုံးပြုခဲ့ကာ သူလည်း သူ့မိဘနှင့်အတူ ထွက်ခွာခဲ့ရသည်။
ကျုံးဟုန်က ရာထူးကြီးမြင့်ပြီး ကျုံးရှောင်ယွီတို့ နှစ်ယောက်စလုံးက မြို့ပြအိမ်ထောင်စုစာရင်း ရှိသည်။ ကွာရှင်းပြီးနောက်တွင် ကလေးကို သူမ ခေါ်သွားတာ။
သူ့ဘက်တွင်မူ မြို့ပြအိမ်ထောင်စုစာရင်း ရှိသော တစ်ယောက်တည်းသူဖြစ်ပြီး သူ့မိဘနှစ်ပါးစလုံးက ကျေးလက်အိမ်ထောင်စုစာရင်းရှိတာကြောင့် သူ့ကို ချထားပေးသည့် အိမ်က သဘာဝအတိုင်း သေးလာသည်။ ကျုံးဟုန်လည်း ရှ်ိနေတာကြောင့် သူ့ရှေ့ရှိ အိမ်ကိုရနိုင်တာက သူ့အတွက် အလွန်ခက်ခဲနေပြီဖြစ်သည်။
ကျုံးဟုန်က ဒီလောက်တောင် ရက်စက်လိမ့်မယ်ဟု သူ မမျှော်လင့်ထားပေ။
မျက်စီရှေ့ရှိ အိမ်က 40 စတုရန်းမီတာပဲ ကျယ်သည်။ ဝမ်ကော်ကျူး၊ ကျန်းရှောင်ဟွေ့၊ ကုရုန်ချင်နဲ့ ဝမ်ကော်ကျူးရဲ့အဖေ အမေ အားလုံး လူငါးယောက် နေမှာ။ အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်း အပြင် မီးဖိုချောင်နဲ့ ရေချိုးခန်းတွေပါသည်။ လုံးဝကို ပြည့်ကျပ်နေသည်။
Ch 294
ဒါက ပရိဘောဂတွေ အများကြီး မထည့်ထားတဲ့ ရလဒ်ပါပဲ။
အရင် ပရိဘောဂတွေကို ကျုံးဟုန် ချန်ထားခဲ့တာ။ သူတို့အိမ်ပြောင်းတဲ့အခါ ပရိဘောဂများစွာကို ပြန်မရွှေ့လာပေ။ အခု ဝမ်ကော်ကျူးမှာ ပိုက်ဆံမရှိတာကြောင့် ပရိဘောဂဝယ်ဖို့ နည်းလမ်း မရှိပေ။
ကုရုန်ချင်က သူမအခန်းကို အမြန်သွားကြည့်သည်။ ချမ်းသာတဲ့ သခင်မလေးတစ်ယောက်လို နေထိုင်မည်ဟု စိတ်ကူးထားသည့် မင်းသမီးအခန်းနဲ့ အလွန်ကွာခြားသည်။
အခန်းက အနံ နှစ်မီတာနဲ့ အလျား သုံးမီတာ...... ဒါပေမဲ့ အရှည်က သုံးမီတာတောင် မရှိဘူး။ ကျဉ်းမြောင်းတဲ့ တစ်ယောက်အိပ်ကုတင်တစ်လုံးနဲ့ တခြား ပရိဘောဂတွေ တစ်ခုမှ မရှိဘူး။
ဒါ့အပြင် အခန်းထဲမှာ အမှိုက်တွေ အများကြီး စုပုံနေသည်။
အခန်းထဲတွင် ကုတင်အပြင် စားပွဲ မရှိ၊ ဗီရို မရှိ၊ သေတ္တာတောင် မရှိပေ။ ပစ္စည်းမျိုးစုံလည်း ရှိနေသေးသည်။ ဒါ့အပြင် ကုတင်ပေါ်တွင် ပါးလွှာသော စောင်တစ်ထည်သာ ရှိသည်။
ဒါ.....
ဒီအခြေအနေက ကုမိသားစုထက်တောင် ပိုဆိုးတယ်!
"ပါး....." ကုရုန်ချင်က "သမီးအခန်းက ဘာလို့ ဒီလောက်ကျဉ်းနေရတာလဲ? ပရိဘောဂကရော? သမီး ဗီရို လိုချင်တယ်။ ဟိုလိုမျိုး အဝတ်ဗီရို အကြီးကြီး။ သေတ္တာရောဘဲ။ သမီး......"
"ဘယ်က ဗီရိုလဲ? မင်းအခန်းက အရမ်းကြီးပြီး ထားလို့တောင် မရနိုင်တဲ့ ပစ္စည်းတွေ အများကြီးရှိသေးတယ်။ ထပ်ပြောရရင် အိမ်က ကျန်တဲ့နေရာတွေက မကျယ်ဘူး။ ထားစရာ တချို့လည်း ရှိသေးတယ်။ မင်းလို ကောင်မလေး တစ်ယောက်က ပစ္စည်းတွေ ဘယ်လောက်တောင် ရှိနိုင်မှာမို့လို့လဲ? နောက်ကျရင် ပစ္စည်းကို မင်းအခန်းထဲမှာဘဲ ထားရမှာ။"
ကုရုန်ချင် "......"
လုံးဝနှေးကွေးသည်။
ကျန်းရှောင်ဟွေ့က သွားပြေးကြည့်ပြီး သေးငယ်ပြီး သနားစရာကောင်းသည့် သူတို့ရဲ့ မာစတာအိပ်ခန်းကို မြင်တဲ့အခါ အနည်းငယ် နှမြောတသ ဖြစ်သွားသည်။
အတူတူပင်။ ဗီရို မရှိ၊ ဟောင်းနွမ်းနေတဲ့ သေတ္တာတစ်လုံးသာ ရှိသည်။ ကုတင်ပေါ်ရှိ စောင်က မထူဘဲ၊ ကြည့်လိုက်တာနဲ့ အသစ်မဟုတ်မှန်း သိသည်။ သူတို့လက်ထပ်ထားတာ နောက်ခံကတောင် (မင်္ဂလာအခန်း) အသစ် မဟုတ်ဘူး။
တစ်အိမ်လုံးတွင် အဘိုးကြီးနှင့် အဘွားကြီးအခန်းထဲတွင်သာ ဗီရိုတစ်လုံး ရှိသည်။ ဧည့်ခန်းတွင် ထိုင်ခုံဟောင်းနှစ်လုံး ရှိပြီး စားပွဲတစ်လုံးပင် မရှိပေ။
ထမင်းစားတဲ့အခါ ပန်းကန်လုံးကို ကိုင်စားရမှာ......
သို့သော်လည်း အခုအချိန်တွင် ကျန်းရှောင်ဟွေ့က ဒီအရာက အစသာရှိသေးကြောင်း သူမအနေဖြင့် အနာဂတ်တွင် ပိုမိုဆိုးရွားပြီး ကြောက်စရာကောင်းသော ပြဿနာများကို ရင်ဆိုင်ရဦးမည်ကို မသိခဲ့ပေ။
ဥပမာအားဖြင့် သူတို့မိသားစုမှာ ဝမ်ကော်ကျူးသာလျှင် မြို့ပြအိမ်ထောင်စုစာရင်း ရှိပြီး အလုပ်၊ လစာနှင့် စားနပ်ရိက္ခာများ ရှိသော်လည်း ကျန်တဲ့သူတွေမှာ ဘာမှမရှိပေ။
ဝမ်ကော်ကျူးရဲ့ လစဉ် လစာမှာ ယွမ် ၄၀ ဖြစ်ပြီး တချို့သော စရိတ်များကြောင့် ၄၅ ယွမ် ရနိုင်သည်။
ကျုံးရှောင်ယွီကို တစ်လလျှင် ၁၅ ယွမ် ပေးရသဖြင့် လစာ ယွမ် ၃၀ သာ ကျန်တော့သည်။
သူ့မှာ လစဉ် ရိက္ခာရသည်။ ဒါပေမယ့် အကုန်လုံးက ပိုက်ဆံသုံးပြီး ဝယ်ရမှာ။ ရိက္ခာဆိုင်မှာ ရှိတဲ့ အစားအစာက စျေးမကြီးပေမယ့် အစားအသောက်ကလွဲရင် ကျန်တာအားလုံးကို ပိုက်ဆံနဲ့ ဝယ်ရမှာ။
အစေ့အဆန်တွေ မစားနိုင်ရုံသာမက ဟင်းခတ်အမွှေးအကြိုင်မျိုးစုံနဲ့ အသီးအရွက်ကိုတောင် ပိုက်ဆံသုံးရမှာ။ ကျေးလက်ဒေသနဲ့မတူဘဲ ကိုယ်ပိုင်မြေလည်း မရှိပေ။
ဝမ်ကော်ကျူးရဲ့ စားနပ်ရိက္ခာက သူ့အတွက်သာဖြစ်ပြီး လစဉ်စားစရာလက်မှတ်က အလွန်များသော်လည်း ချွေတာစားမယ်ဆိုရင်တောင် လူနှစ်ယောက် စားလောက်ရုံတာ။ ဒါက စားနပ်ရိက္ခာကိစ္စဘဲ ရှိသေးတယ်။
ကျန်တာတွေကို မှောင်ခိုဈေးကွက်ရှိ ဈေးကြီးတဲ့ အစေ့အဆန်တွေ ဝယ်စားရုံတင်။
သူ့လစာနည်းနည်းနဲ့ အပြင်ထွက်ဖို့ လိုအပ်တဲ့ အသုံးစရိတ်တွေက ရှိသေးတယ်။ ဈေးကြီးတဲ့ အစေ့အဆန် အနည်းငယ် ဝယ်ဖို့တောင် မလောက်င.....
ဒါ့အပြင်.....
အရင် သူ ကျန်းရှောင်ဟွေ့နဲ့ အတူရှိတုန်းက ကျန်းရှောင်ဟွေ့ကို စိတ်ကျေနပ်ဖို့နဲ့ ကျုံးဟုန်ကို တည်ငြိမ်အောင် လုပ်ဖို့အတွက် ပိုက်ဆံအများကြီး သုံးခဲ့တာ။ သူမှာ အကြွေးတွေ အများကြီး ရှိသေးပြီး ပြန်ဆပ်ရအုံးမှာ......
ဝမ်ကော်ကျူးနဲ့ ကျန်းရှောင်ဟွေ့တို့ လက်ထပ်ပြီးကတည်းက ကုချင်းယောင်က အိမ်မှာ ခိုးရယ်နေခဲ့တာ။ သူမက ကျန်းရှောင်ဟွေ့နဲ့ ကုရုန်ချင်တို့ရဲ့ အမူအရာများကို အထူးပင် သိချင်နေခဲ့သည်။ ဟားဟား!
မတ်လက ဒီလိုနဲ့ ကုန်လွန်သွားသည်။
ရာသီဥတု ပူနွေးလာသည်နှင့်အမျှ တောရိုင်း ဟင်းသီးဟင်းရွက် မျိုးစုံ ပေါက်ရောက်ပြီး တောင်စောင်းတွင် တောရိုင်းဟင်းသီးဟင်းရွက်တူးသူ အများအပြား ရှိသည်။
ကုချင်းယောင် ကုဖန်ထင်၊ ပထမဦးလေးမိသားစုမှ ကျန်ရစ်ခဲ့သော ရှောင်လျို့ (ခြောက်ယောက်မြောက်) နဲ့ ရှောင်ကျို (ကိုးယောက်မြောက်) ၊ ထို့နောက် မိုမိသားစုမှ ကလေးနှစ်ယောက်ကို တောင်စောင်းတွင် တောရိုင်းဟင်းသီးဟင်းရွက်များ တူးရန် ခေါ်သွားခဲ့သည်။
Ch 295
"အန်တီလေး! အန်တီလေး!"
သူတို့ ဒီနေ့ ဟင်းသီးဟင်းရွက် တူးဖို့ ချိန်းထားသည်။ မိုချိန်ရွေ့က ညီလေးကို ခေါ်လာပြီး ကုချင်းယောင်ကို တွေ့တာနဲ့ နှစ်ယောက်သား အော်ကြသည်။
သူတို့နှစ်ယောက်ကိုမြင်တော့ ကုမိသားစုထဲရှိ ကလေးတွေအားလုံး ရယ်ကြသည်။
အသက်ခြောက်နှစ်သာရှိသေးသော ကုကျင်ကျစ်က ကုမိသားစုမှ ကလေးနှစ်ယောက်ကို မျက်နှာပြုံးပြကာ "ဟေး! ဟိုဘက်က နှစ်ယောက်ကို နင်တို့က အစ်မကို အန်တီလေးလို့ ခေါ်တယ်။ ငါ့ကို ဦးလေးလို့ ခေါ်လေး!"
ကုချင်းယောင် "......"
ကုဖန်ထင် "......"
တစ်ဖက်ရှိ ကုကျင်ရွေ့ထက် တစ်နှစ်ကြီးတဲ့ မိုချိန်ရွေ့ရဲ့ မျက်နှာက ရုတ်တရက် အိုးဖင်ကဲ့သို့ မှောင်သွားသည်။
ကုဖန်ထင်ကလည်း မလုံလောက်သေးဘူး ထင်သဖြင့် "ဒါဆို ငါ့ကိုလည်း အဒေါ်လို့ ခေါ်သင့်တယ် မဟုတ်လား?"
မိုချိန်ရွေ့ "......"
မိုချိန်ရွှီ "......"
ကုချင်းယောင်က ဒီကလေးတွေကြောင့် အလွန်ပျော်နေခဲ့ပြီး နောက်ဆုံးတွင် သူမက ချန်ဖုန်းနဲ့ သူညီမတို့ကိုပါ ခေါ်လိုက်သည်။ လူတိုင်းက တောရိုင်းဟင်းသီးဟင်းရွက်တူးရင်း စကားစမြည်ပြောနေကြသည်။
တိုက်ဆိုင်စွာပင် သူတို့က လူအုပ်ထဲတွင် ကုရုန်ချင်ကို တွေ့လိုက်ရသည်။
ကုရုန်ချင်ရဲ့အသွင်အပြင်က ကုချင်းယောင်မှလွဲ၍ လူတိုင်းကို ထိတ်လန့်စေသည်။
သူမက ကိုယ်အလေးချိန် အများကြီးတက်လာပုံရသည်။ ဒါပေမယ့် လူကတော့ ဝါကြန့်ကြန့်နဲ့ လူမမာယောက်ပေါက်နေသည်။ ကြည့်ရတာ အရမ်းထူးဆန်းနေသည်။ သူမဝတ်ထားတဲ့ အဝတ်အစားတွေက အရမ်းဟောင်းနေပြီး ကွက်တိဖြစ်နေသည်။
ဘေးပတ်ဝန်းကျင်ရှ်ိ လူတွေက ကုရုန်ချင်ရဲ့ အခြေအနေကို မသိကြပေ။ သူမ ကိုယ်အလေးချိန်တက်လာတယ်လို့ ထင်နေကြသည်။ သူမက သူမအမေနဲ့ မြို့ကို ပြောင်းရွှေ့သွားသည်။ ဒါကို လူတိုင်းသိကြသည်။ လူတိုင်းက မနာလိုဘဲ မနေနိုင်ကြပေ။
ချန်ဟုန်ဟွားကတော့ ၎င်းတို့ထဲက တစ်ယောက်။
ကုရုန်ချင် မြို့မှာ နေပြီးနောက် သူမကို ပိုလို့တောင်မျက်နှာသာပေးချင်ပေမယ့် ကုရုန်ချင်က ပြန်လာတာ ရှားသည်။ ဒီနေ့ပြန်လာတော့ ချန်ဟုန်ဟွားက ချက်ချင်းဆိုသလို သူမဆီ ရောက်လာသည်။
"ချင်ချင် နင် ဘာလို့ ကျေးလက်ကို တောရိုင်းဟင်းရွက်တူးဖို့ လာတာလဲ? နင်က မြို့ထဲက မိန်းမပျိုလေးဖြစ်နေပြီ။ နင်အဖေက အရမ်းတော်တာ။ နင် ဘာလို့ ကျေးလက်ကိုလာပြီး ဒီလိုဆင်းရဲဒုက္ခတွေ လာခံနေတာလဲ? ကြည့်စမ်း နင် အများကြီး ဝလာတာဘဲ! ကံကြမ္မာကောင်းရှိတယ်လေ!"
ချန်ဟုန်ဟွားက သူမမျက်နှာတွင် အားကျသော အကြည့်ဖြင့် ပြည့်နေသည်။ ကုချင်းယောင်ရဲ့နှုတ်ခမ်းက ကွေးညွတ်သွားသည်။
ကုရုန်ချင်က ဝလာတာ မဟုတ်ဘူး။ ဆာလောင်မှုကြောင့် ဖောယောင်လာတာ!
ကျစ် ကျစ်!
ကြည့်ရတာ ဝမ်မိသားစုရဲ့ဘဝက တကယ်ကို ခက်ခဲနေတာဘဲ!
ကုရုန်ချင်က အခုအချိန်တွင် ခေါင်းငုံ့ထားသည်။ သူမကို မမြင်စေချင်သော်လည်း သူမမှာ ရွေးချယ်စရာမရှိပေ။ တောင်စောင်းတွင် တောရိုင်းဟင်းသီးဟင်းရွက်များ တူးနေသူများရှိပြီး လူတိုင်းနီးပါး ရင်းနှီးသည်။
သူမကို စကားပြောနေတဲ့ လူအနည်းငယ်ကို ရှောင်တိမ်းခဲ့ပြီး လူမသိစေချင်ပေ။ သူမ ဒီလောက်ကံဆိုးလိမ့်မည်ဟု မထင့်ထားပေ။ ရှောင်တိမ်းပြီး မကြာချင်မှာဘဲ သူမ မမြင်ချင်ဆုံးသော ကုချင်းယောင်ကို တိုက်မိသွားသည်။
ငါက ဝလာတာ မဟုတ်ဘူး။ ဗိုက်ဆာလွန်းလို့ ဖောယောင်လာတာ!
မြို့မှာ နေရတာက သူမတွေးထားသလောက် မကောင်းဘူး။ တကယ်တော့ အရမ်းကြောက်စရာ ကောင်းလွန်းတယ်။
အဘိုးနဲ့ အဖွားက လုံးဝ အလုပ်မလုပ်ဘူး။ တစ်နေကုန် သူမကို အလုပ်လုပ်ဖို့ အမိန့်ပေးတယ်။ တစ်အိမ်လုံး သန့်ရှင်းရေး လုပ်တာ၊ အဝတ်လျှော်တာ၊ ထမင်းဟင်းချက်တာ အကုန်လုံးက သူမ လုပ်ရတာ။ သူမက တစ်မိသားစုလုံးကို ပြုစုရတာ။
သူမအမေက သူမကို သနားပြီး သူမကို မလုပ်ခိုင်းပေ။ ရလဒ်က အဘိုးနဲ့ အဘွားက အရမ်းစိတ်ဆိုးပြီး သမီးတစ်ယောက်အနေ အိမ်မှုကိစ္စတွေ လုပ်သင့်တယ်၊ အိမ်မှာဘဲ အလကား မနေသင့်ဘူးလို့ သူမအဖေကို ပြောခဲ့တယ်။
သူမ ဒေါသတကြီးနဲ့ 'အဘိုးနဲ့ အဘွားက ဘာလို့ ဘာမှမလုပ်တာလဲ?' လို့ ပြောလိုက်သည်။
ထို့နောက် ဖခင်ဖြစ်သူရဲ့ ဆဲဆိုခြင်းကို ခံလိုက်ရသည်။ 'အဘိုးနဲ့ အဘွားက အသက်ကြီးပြီ။ အရင်ကလည်း အများကြီး ခံစားခဲ့ရတာ။ ကြီးလာတော့ သက်တောင့်သက်သာ နေရသင့်တယ်။ သမီးက ပြုစုသင့်တယ်။' လို့ ပြောသည်။
အမေက စိတ်မကောင်းဖြစ်ပြီး ကူညီပေးချင်ပေမယ့် အဘိုးနဲ့ အဘွားက သူမကို မလုပ်စေချင်ပေ။ 'သူတို့ဝမ်မိသားစုဟောင်းရဲ့ သားဖြစ်သူရဲ့ ကလေးက ဗိုက်ထဲမှာ ရှိတယ်။ မြေးဖြစ်သူကို မထိခိုက်စေချင်ဘူး။' လို့ ပြောသည်။
အိမ်မှာ ရှိသမျှ အိမ်အလုပ်တွေ အားလုံးက သူမတစ်ယောက်တည်း အပေါ် ရောက်သွားသည်။
စားစရာလုံလုံလောက်လောက် မရှိဘူး။ အဘိုးနဲ့ အဘွားတို့က သန့်စင်ထားတဲ့ အစေ့အဆန်ကို စားချင်တယ်။ အမေကလည်း ကိုယ်ဝန်ရှိနေတာကြောင့် သန့်စင်ထားတဲ့ အစေ့အဆန်ကို စားဖို့ လိုအပ်တယ်။ ဒါပေမဲ့ သူမကတော့ ဝမ်မိသားစုထဲ ဝင်လာကတည်းက တစ်လုတ်တောင် မစားခဲ့ရပေ။
အစေ့အဆန်ကြမ်းတွေတောင် ရှားတယ်။ နေ့တိုင်း ဝေါဝေါထို တစ်မျိုးတည်း ရတာ။ အခုဆို ဝေါဝေါထိုတောင် မရတော့ဘူး။
သူမ မစားရတာ နှစ်ရက်ရှိပြီ။
ပြဇာတ်တို
ကုရုန်ချင် "ကတိပေးထားတဲ့ ချမ်းသာတဲ့ မမလေးရဲ့ဘဝရော?"
အော်သာအဖွဲ့ (ပြုံးနေတဲ့ မျက်နှာဖြင့်)