င်္
Chapter(423)
လူယုတ်မာက သားကို စိုက်ကြည့်နေတယ်(2)ဟေးရွမ်ထန်က ခြံဝင်းတံခါးဖွင့်လာတဲ့အချိန်မှာ ဟေးရွမ်ရီကို တွန်းထည့်လိုက်ပြီးနောက် အခြားသူတွေကို ပြောလိုက်တယ်"သခင်ဝူ သခင်မဝူ ကျွန်တော်ခင်ဗျားတို့နဲ့လိုက်မယ်"
ဂေါင်တုန်က သူမပါးစပ်ကို ဖွင့်လိုက်ပြီး တစ်စုံတစ်ခုကို ပြောမလို့လုပ်လိုက်ပေမဲ့ ဒီစုံတွဲက တစ်ယောက်ကို တစ်ယောက် စိုက်ကြည့်နေတာကြောင့် နောက်ဆုံးမှာတော့ ဘာမှမပြောတော့ဘဲ သူမက အခြားသူတွေနှင့်အတူထွက်သွားလိုက်တယ်။
ဝူရုန်က ဟေးရွမ်ရီ၏မျက်လုံးတွေကို အကြည့်မလွှဲနိုင်တာကြောင့် သူ့မိဘတွေကို ကြည့်ဖို့တောင် မေ့လျော့သွားတယ်။ဟေးရွမ်ရီ၏မျက်လုံးတွေထဲကနေ သူက သူ့ကိုဘယ်လောက်လွမ်းနေကြောင်း မြင်နေရတယ်။
ဒါက ဟေးရွမ်ရီကလည်း အတူတူဘဲ။သူက ဝူရုန်က သူ့ဘေးမှာမရှိတော့တဲ့အချိန်မှာ သူက ဝူရုန်ကို စက္ကန့်တိုင်းလွမ်းနေခဲ့ရတယ်။အခု ဝူရုန်က သူ့ရှေ့မှာရှိနေတာကြောင့် သူက ဝူရုန်ကို တင်းတင်းဖက်ထားပြီး သူ့ကို အနမ်းကြီးကြီးပေးဖို့ ဆန္ဒရှိတယ်။
ဒီအချိန်မှာ သူတို့က တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေပြီး သူတို့က အချိန်ကိုတွေကို မေ့လျော့သွားပြီး သူတို့ရဲ့ဘေးမှာ သူတို့သားရှိနေတာကိုလည်း မေ့လျော့သွားတယ်။
ဥကလေးက သူတို့ကို ရှေ့ကြည့်လိုက် နောက်ကြည့်လိုက် လုပ်နေတယ်။သူ့ပါးပါးသာမက သူ့ဖေဖေကပါ သူကိုအာရုံမစိုက်တော့ဘူး။သူက မပျော်မရွှင် နှုတ်ခမ်းဆူလိုက်ပြီး ဝူရုန်၏အဝတ်အစားကို ဆွဲလိုက်ပြီး"ပါးပါး သားသားက ရေချိုးဖို့လိုတယ်"
ဝူရုန်က သတိပြန်ဝင်လာပြီး အကြည့်လွှဲလိုက်ပြီးနောက်တော့ သူ့သားကိုချီပြီး အိမ်ထဲပြန်ဝင်လာတယ်။
ဟေးရွမ်ရီက သူနှင့်ဝူရုန်ကို နှောင့်ယှက်လိုက်တဲ့ တရားခံ ဥကလေးကို စိုက်ကြည့်လိုက်တယ်။သူက ဟေးရွမ်ထန်ကို ဥကလေးကို ခေါ်သွားဖို့ ပြောခဲ့သင့်တယ်။
ဥကလေးက သနားစရာကောင်းတဲ့ မျက်နှာငယ်လေးနဲ့ပြောလိုက်တယ်"ပါးပါး လူယုတ်မာက သားသားကို စိုက်ကြည့်နေတယ်"
