抖阴社区

436

2K 287 11
                                    

Chapter(436)
သူက လှည့်စားနေတယ်(1)

မြို့ပြင်ဘက်မှာသာ အလင်းရောင်အနည်းဆုံးဖြစ်တယ်။ဆန္ဒပြုမီးပုံးတွေနှင့် လေတံခွန်ကစားရမှ အလင်းရောင်တွေသာရှိတယ်။မြို့ထဲမှာ သူတို့ဝယ်ယူခဲ့တဲ့ ကစားစရာတွေအားလုံးက တောက်ပတဲ့အလင်းရောင်တွေရှိတယ်။

"ကျေးဇူးပြုပြီး ဆန္ဒပြုမီးပုံးတွေကို လွတ်ရအောင်"

ဥကလေးက အဖြူရောင်ဝတ်အမျိုးသမီး၏လက်မောင်းထဲမှာနေပြီး"ဘွားဘွား ကျေးဇူးပြုပြီး ဆန္ဒပြုမီးပုံးတွေ လွတ်ရအောင်"

အဖြူရောင်ဝတ်အမျိုးသမီးက ပြုံးနေရာမှ ဥကလေးက သူမကို ဘွားဘွားလို့ခေါ်လာတာကြောင့် တောက်ပစွာပြုံးလိုက်တယ်။

"တော်လိုက်တာ!အရင်ဆုံး ဘွားဘွားတို့က ဆန္ဒပြုမီးပုံးတွေ လွတ်ရအောင်...ဒါပေမဲ့ ဘွားတို့က သူတို့ကို မလွတ်ခင်မှာ အရင်ဆုံး ကိုယ့်ရဲ့ဆန္ဒကို သူတို့အပေါ်မှာ ရေးသင့်တယ်။ ဥကလေး မြေးက ဘာကိုဆန္ဒပြုချင်လဲ?"

ဥကလေးက တခစ်ခစ်ရယ်လိုက်ပြီး ဝူရုန်နှင့်ဟေးရွမ်ရီကို ကြည့်လိုက်ပြီး"သားသားက ပါးပါးနဲ့လူယုတ်မာက ပျော်ရွှင်စွာ အမြဲတမ်းအတူရှိစေဖို့ ဆန္ဒပြုတယ်"

"......"ဝူရုန်က ဥကလေးက ပထမဆုံးဆန္ဒပြုတာက သူနှင့်ဟေးရွမ်ရီအကြောင်းဖြစ်နေလို့ ရင်ထဲထိသွားတယ်။

ဒါပေမဲ့ သူက ဘယ်လိုလုပ်ပြီး သူ့ဖေဖေကို သူစိမ်းတွေရဲ့ရှေ့မှာ လူယုတ်မာလို့ ခေါ်ရတာလဲ?

"......."ဟေးရွမ်ရီ

"သားသားက လူယုတ်မာက ဘယ်တော့မှ ပါးပါးကို ထပ်ပြီးမနာကျင်စေဘဲ ဘယ်တော့မှ ပါးပါးကို ထပ်ပြီးငိုအောင် မလုပ်စေဖို့ ဆန္ဒပြုတယ်"ဥကလေးက ဆက်ပြီးပြောလိုက်တယ်။

ဝူရုန်က ရင်ထဲထိလွန်းတာကြောင့် သူ့သားကို ပွေ့ချီပြီး အနမ်းကြီးကြီးပေးလုနီးပါးဘဲ။

ဟေးရွမ်ရီက ဝူရုန်ကို ကြည့်လိုက်တယ်။

အဖြူရောင်ဝတ်အမျိုးသမီးက စိတ်ရှုပ်သွားပြီး"အဲဒီလူယုတ်မာက ဘယ်သူလဲ?"

ဥကလေးက ဟေးရွမ်ရီကို လျှို့ဝှက်စွာချောင်းကြည့်လိုက်ပြီး အဖြူရောင်ဝတ်အမျိုးသမီးရဲ့နားထဲကို တိုးတိုးလေးပြောလိုက်တယ်"သူက သားသားရဲ့ဖေဖေ"

COTAW(2)Where stories live. Discover now