抖阴社区

495

1.2K 180 1
                                    

Chapter(495)
အပူချိန်ပြသနာကို ပြင်ဆင်ခြင်း(2)

ရှစ်ရက်ကြာပြီးနောက် ဝူချွင်ချင်နှင့်အခြားသူတွေက သူတို့ရေးဆွဲထားတဲ့ ရှေးအက္ခရာအဆောင်တွေနှင့်အသက်ရှည်ဆေးတွေကို ဝူရုန်ထံကို ပို့ခဲ့ပြီး အသေးလေးအတွက် သူတို့ရဲ့လက်ဆောင်တွေကိုလည်း ပို့လာတယ်။

ဝူရုန်က ပြီးစီးသွားတဲ့ရှေးအက္ခရာအဆောင်တွေ အသက်ရှည်ဆေးတွေနှင့် ပြုစားကပ်ပါးတွေနှင့် ကလေးနှစ်ယောက်ကိုခေါ်ပြီး နယ်စပ်မြို့ကို သွားခဲ့တယ်။သူက သူတို့ကို ကုန်းမြေပေါ်ကို ခေါ်လာတာက နေရောင်အောက်မှာ ပျော်ရွှင်ပြီး ကစားနိုင်စေရန်ဖြစ်တယ်။

သူတို့ကမြို့တော်ခန်းမကနေ ထွက်လာတာနှင့် သူတို့ကို လမ်းတစ်ဖက်က ရွှေရောင်တောက်ပနေတဲ့ဆိုင်ကြီးက ဆွဲဆောင်သွားတယ်။

ဝူရုန်ကလည်း တုန်လှုပ်သွားတယ်။ဒါက ဆိုင်တစ်ဆိုင်လား သို့မဟုတ် နန်းတော်တစ်ခုလား?

တကယ်လို့ သူက အလုပ်များနေတဲ့ လူအိုကြီးဟေးကိုသာမမြင်ဘူးဆိုရင် သူက ဒါက သူ့ဆိုင်ဆိုတာ မှတ်မိမှာ မဟုတ်ဘူး။

မကြာခင်မှာတော့ လူအိုကြီးဟေးက ဝူရုန်ကို သတိထားမိပြီး ပြေးလာပြီးတော့ ပြောလိုက်တယ်"ကြိုဆိုပါတယ် ဆရာ"

"ငါက ဆိုင်ပိုင်ရှင်ဆိုတာ တစ်ယောက်ကိုမှမပြောနဲ့"ဝူရုန်က လူအိုကြီးဟေးကို သတိပေးလိုက်ပြီး ခေါင်းမိုးပေါ်က အုပ်ကြွပ်တွေကို ကြည့်လိုက်ပြီး"ဘာကြောင့် အုပ်ကြွပ်တွေက ရွှေရောင်ဖြစ်နေတာလဲ?"

ပတ်ဝန်းကျင်ကဆိုင်တွေက အနီနှင့်အနက် မဟုတ်ရင် အဖြူနှင့်အနက်ရောင်တွေဖြစ်တယ်။ဒါပေမဲ့ သူ့ဆိုင်တစ်ခုတည်းကသာလျှင် ရွှေရောင်နှင့်အနက်ရောင်ဖြစ်ပြီး ဒါက တည်ကြည်ခန့်ညား တန်ဖိုးကြီးပြီး အထူးသဖြင့်နေရောင်အောက်မှာ ရွှေရောင်တောက်ပနေပြီး မျက်စိဖမ်းစားနေတယ်။

လူအိုကြီးက ပြုံးလိုက်ပြီး"ဒါက ဆိုင်အမှတ်(၁)လေ။တကယ်ကိုဘဲ တခြားဆိုင်တွေထက် ပိုပြီးဆွဲဆောင်မှုရှိရမှာပေါ့။ကျွန်တော်တို့က ဈေးဝယ်သူတွေကို မြင်လိုက်တာနဲ့ ဆွဲဆောင်နိုင်အောင်လုပ်ရမယ်။ဒါ့ကြောင့် ကျွန်တော်က သူတို့ကို အဆောက်အအုံပေါ်မှာ ရွှေရောင်ဆေးခြယ်ခိုင်းလိုက်တာ။ဒါ့ကြောင့် ဈေးဝယ်သူတွေက အဝေးကြီးကနေတောင် အလွယ်တကူ သတိထားမိလိမ့်မယ်။သခင်လေးက ဆိုင်အတွက် အမည်ရွေးထားပြီလား?တကယ်လို့ သခင်လေးရွေးပြီးပြီဆိုရင် ကျေးဇူးပြုပြီး ကျွန်တော့်ကို အသိပေးအုန်း။ကျွန်တော်ဖြစ်နိုင်သမျှမြန်မြန်လေး ဆိုင်းဘုတ်ကဗျည်းလုပ်ရမယ်"

COTAW(2)Where stories live. Discover now