抖阴社区

484-485

1.5K 179 6
                                    

Chapter(484)
သားသားရဲ့ညီလေးက အရမ်းသေးတာဘဲ(1)

ဝူရုန်က ဥကလေးကို ထိတ်လန့်စွာ ကြည့်လိုက်တယ်။သူက ဥကလေးကို မှော်ခွက်ထဲက အလုံးလေးကို ညွှန်ပြပြီး"သူက သားရဲ့ညီလေးဆိုတာ သားသိတာလား?"

ဥကလေးက စိတ်လှုပ်ရှားစွာ ခေါင်းငြိမ့်လိုက်တယ်။သူက အလုံးလေးကို သူ့လက်ချောင်းလေးနဲ့ ပွတ်သပ်လိုက်ပြီး"ဟုတ်တယ်။သားသားသိတယ်။သားသားမှာညီလေးရှိပြီ"

"ဒါက ဘာကြောင့်လဲဆိုတော့ ဒါက သုံး-ခုနှစ်ကျောက်တုံးဖြစ်တာမလို့ သားက ခံစားမိတာလား?"ဝူရုန်က မေးလိုက်တယ်။

"ဟုတ်"

ဝူရုန်က ဥကလေးကို ပွေ့ချီပြီး သူ့ပေါင်ပေါ်မှာ ထိုင်စေလိုက်ပြီး"ဒါက သားရဲ့ညီလေးလို့ပြောဖို့ စောပါသေးတယ်။သူက သေးလွန်းတယ်။သူက လူသားဖြစ်လာနိုင်ပါ့မလားဆိုတာ ပါးပါးတို့လည်း မသေချာဘူး"

ဥကလေးက အရမ်းပျော်ရွှင်နေပြီး အလုံးလေးကို ကောက်ယူပြီး နမ်းလိုက်တယ်။

ဝူရုန်က ပြောလိုက်တယ်"ပါးပါးက တကယ်ကိုဘဲ သူက လူသားဖြစ်လာပြီး သားနဲ့အတူ ကစားနိုင်ဖို့ မျှော်လင့်တယ်။ကျန်နေတဲ့သုံး-ခုနှစ်ကျောက်တုံးကို နှစ်ခြမ်းခြမ်းပြီးရင် ယူရီနဲ့ရီကျဲကလည်း သူတို့ကိုယ်ပိုင်ကလေးရလာလိမ့်မယ်"

ဥကလေးက အလုံးလေးကို မှော်ခွက်လေးထဲပြန်ထားလိုက်ပြီး"ပါးပါး ပါးပါးတို့အောင်မြင်လိမ့်မယ်"

"ဘာက အောင်မြင်မှာလဲ?"ဝူရုန်က မေးလိုက်တယ်။

"ပါးပါးတို့က ကျောက်တုံးကို ခြမ်းပြီးရင် သူတို့က ကလေးလေးတွေဖြစ်လာလိမ့်မယ်"

"သားပြောချင်တာက နှစ်ခြမ်းခြမ်းထားတာကနေ သူတို့က သားလိုကလေးဖြစ်လာလိမ့်မယ်လို့ ပြောတာလား?"ဝူရုန်က စိတ်လှုပ်ရှားသွားပြီး အတည်ပြုလိုက်တယ်။

ဥကလေးက ခေါင်းငြိမ့်လိုက်တယ်။

"တစ်ခြမ်းစီတိုင်းက ပြီးပြည့်စုံတဲ့ ဝိညာဉ်သုံးခု-စိတ်ဝိညာဉ်ခုနှစ်ရှိလာမှာလား?"ဝူရုန်က မေးလိုက်တယ်။

"ဟုတ်တယ်"

"သားသေချာရဲ့လား?"

"သေချာတယ်"

COTAW(2)Where stories live. Discover now