တိတ်ဖို့အရိပ်အရောင်မရှိတဲ့မိုးကတော့
ရွာနေစဲ...ကျွန်တော် ကျွန်တော့်အစ်ကိုရဲ့အုတ်ဂူလေးကိုမှီရင်း မ်ိုးရေစက်တွေနဲ့အတူကျွန်တော့်အစ်ကိုကို အဖော်ပြုနေပေးဖြစ်တယ်။
" အမယ်လေး . . .ဖြစ်မှဖြစ်ရလေ အစ်ကိုနဲ့ယောင်းမရယ် အမယ်လေး. .ဒီကလေးငယ်လေးကိုဘယ်လိုလို့များ ပစ်ထားရပ်ခဲ့ကြတာလဲ အဟင့်.. အဟင့်.. "
" စိတ်ထိန်းပါအုံး ဟွမ်ရွှယ်ရယ်.."
" ရန်ချန်း ရှင်ကျွန်မခံစားနေရတာကို နားမလည်ဘဲ ဘာမှ၀င်မပြောနဲ့. . ရှင်ကျွန်မရဲ့ တူလေး ကျွင့်ကျယ်ကို ကြည့်လေ. ."
" ကျွင့်ကျယ်အသက်က 23နှစ် ရှင်တို့ယောကျာ်းသားတွေအမြင်မှာ အရွယ်ရောက်နေပြီဆိုပေမဲ့ ကျွန်မမျက်လုံးထဲမှာတော့ ကျွင့်ကျယ်ကို ကလေးလေးတစ်ယောက်လို့ဘဲမြင်သေးတာ. ."
မိုးရေစက် ကျသံတွေနဲ့အတူ ဆူညံနေတဲ့ အသံတွေ. . . .
ရှကျစ်ကွမ်း အသံတွေ ဖြစ်တည်လာရာ အရပ်ကို လှမ်းကြည့်လိုက်မိတယ်။အနက်အင်္ကျီတွေ ၀တ်ဆင်ထားပြီး အနက်ရောင်ထီးတွေနဲ့အတူ အနက်ရောင်ပုံရိပ်များစွာ. . .
ကြေကွဲ၀မ်းနည်းနေတဲ့ ပုံတွေ ယူကျုံးမရဖြစ်နေကြပုံတွေနဲ့အတူ သည်းထန်စွာရွာသွန်းနေတဲ့မိုးတွေ. .
တကယ်လိုက်ဖက်တဲ့ပုံရိပ်တွေဘဲ. . .
ရှကျစ်ကွမ်းပြုံးလိုက်တယ်။
" အစ်ကို အစ်ကို့မှာ အိမ်နီးချင်းတွေ ထပ်တိုးလာပြီဘဲ နောက်ဆို. . အစ်ကိုပျင်းရတော့မှာ မဟုတ်ဘူးပေါ့ "
အခြားတစ်ဖက်တွင်...
နာရီ၀က်ကြာပြီနောက်...
သေဆုံးသူတွေကို လိုက်ပါပို့ဆောင်ပေးသူများသည် ကိုင်ပိုင်ကားအသီးသီးဖြင့် ပြန်ကုန်ကြသည်။
ကျန်နေခဲ့သည်က ကျွင့်ကျယ်နဲ့ ကျွင့်ကျယ်ရဲ့ အဒေါ်နဲ့ဦးလေးသာ. . ." ကျွင့်ကျယ် တူလေး. . ဦးလေးပြန်ပို့ပေးမယ်လေ "
" ကျွင့်ကျယ်လေး မင်းခန္ဓာကိုယ်က ကိုယ်ခံအားတအားနည်းတာ နေမကောင်းဖြစ်လိမ့်မယ် မင်းမိဘတွေကို နောက်နေ့မှ လာတွေ့လဲရပါတယ် ဒေါ်လေးပြောတာ
နားထောင်နော် "

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...