ရှကျစ်ကွမ်း Hongyan village တစ်လျှောက် အေးဆေးတိတ်ဆိတ်စွာ မောင်းနှင်သွားရင်း
ပန်းဆိုင်လေးရှေ့တွင် ရပ်လိုက်သည်။ထို့နောက် ကျွင့်ကျယ်ကို ကားထဲမှပွေ့ချီဆွဲထုတ်လိုက်ရင်း အိမ်အပေါ်ထပ် အိပ်ခန်းထဲထိ လိုက်ပို့ပေးလိုက်သည်။သူသည်တော့ ဘေးအိမ်ကို ပြန်လိုက်ကာ
ရေမိုးချိုးကိစ္စဝိစ္စများ ပြုလုပ်ပြီး ကော်ဖီပူနွေးနွေးတစ်ခွက်နဲ့အတူ အလုပ်စားပွဲတွင်ထိုင်လိုက်သည်။ထို့နောက် ချန်ဖေးပို့ထားသော projectနဲ့အစီရင်ခံစာတစ်ချို့ကို ကြည့်နေလိုက်သည်။
ထိုအချိန် . .
တီ . .
တီ . . တီ . . . .ရှကျစ်ကွမ်း ကွန်ပျူတာကိုကြည့်နေရာမှ ဝင်လာသောဖုန်းသံကြောင့် အကြည့်လွှဲလိုက်ရင်း ကိုင်လိုက်သည်။
" အင်း . . ပြော "
" သူဌေး . . .
သူဌေး ကျွန်တော်တို့ကို စုံစမ်းခိုင်းထားတဲ့ သူဌေးအစ်ကိုရဲ့သေဆုံးမှုနဲ့ပတ်သက်တဲ့သူကို ရှာတွေ့ပါပြီ . . "ရှကျစ်ကွမ်း မျက်မှောင်ကျုံ့လိုက်ကာ လေသံမာမာဖြင့် ပြောလိုက်သည်။
" အဲ့လူကို ဘယ်လိုခေါ်လဲ . .
အခုဘယ်မှာလဲ . . "တစ်ဖက်မှသူက တရိုတသေဖြင့် ပြန်ပြောလာသည်။
" အဲ့လူက ဝမ်ကုမ္ပဏီရဲ့သူဌေး . . ဝမ်ရိပေါ်ပါ ... တစ်နေ့ကမှ နိုင်ငံခြားကနေ ပြန်ရောက်နေပြီး မနက်ဖြန်ရှန်ဟိုင်းမြို့ ချင့်ရာလေလံပွဲကိုတက်ရောက်မယ်လို့ စုံစမ်းရထားပါတယ် "" လေလံပွဲက ဘယ်ချိန်လုပ်မှာလဲ . . "
" ညနေပိုင်း 5:00နာရီလောက် စလုပ်မှာပါ . . "
ရှကျစ်ကွမ်း ခေါင်းညိတ်လိုက်သည်။
" မင်း . . ရှန်ဟိုင်းမြို့ကို မနက်6:00 နာရီလောက်ထွက်မဲ့ လေယာဥ်ကိုရှာလိုက် . ."" . . . . "
" သူဌေး . . ကျွန်တော့်တပည့်တွေကိုမေး
ကြည့်တာ ရှန်ဟိုင်းမြို့ကို မနက်ဖြန်စောစော ထွက်မဲ့ လေယာဥ်မရှိပါဘူး . .ဒါပေမဲ့
နေ့ဘက် 12:00လောက်တော့ ရှိတယ် "" မရဘူး . . ငါ လေလံပွဲမတိုင်ခင်ရောက်ဖို့
လိုတယ် မနက်စောစောလေယာဥ်ချိန်တွေမရှိရင်ထားလိုက်တော့ ငါ့ကိုယ်ပိုင်လေယာဥ်နဲ့ဘဲ သွားလိုက်မယ် လေလံပွဲနဲ့ပတ်သက်တဲ့အချက်အလက်တွေကို စုံစမ်းလိုက် . . . "

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...