' ငါ. .စုံစမ်းထားရသလောက်ဆိုရင်တော့
ရှကျစ်ကွမ်းက ဒီမှာနေတာဘဲ '
လီတုန်းယွမ် ကားပြတင်းပေါက်မှန်ကနေ မြင်နေရတဲ့ အိမ်ကိုကြည့်လိုက်ရင်း စိတ်ထဲမှ ပြောလိုက်သည်။ပြီးနောက် ဘေးခုံမှာထိုင်နေတဲ့ ကလေးမလေးကို လှည့်ကြည့်လိုက်ရင်း ပြောလိုက်သည်။
" ကိုယ်တို့ ရောက်ပြီ ဆင်းရအောင် . ."ကျွမ်းရူကျောင် ကားအပြင်ဘက်က ရှုခင်းတွေ ကြည့်နေရာမှ တစ်ဖက်လူရဲ့စကားကြောင့် ခေါင်းညိတ်လိုက်ရင်း ကားအပြင်ကိုထွက်လိုက်သည်။
နှစ်ယောက်လုံး ကားပေါ်မှဆင်းပြီးသည်နှင့်တံခါးပိတ်ထားသော အိမ်ကိုကြည့်လိုက်ရင်း
ကျွမ်းရူကျောင် လီတုန်းယွမ်ရဲ့အင်္ကျီစကို
ဆွဲကာ မေးလိုက်သည်။
" လီကော . . ဟေးလောင်ပန်က ဒီမှာမရှိဘူး
ထင်တယ်"လီတုန်းယွမ် ရှကျစ်ကွမ်းအိမ်ဘေးက ပန်းဆိုင်လေးကို ကြည့်နေရာမှ ပြုံးကာ ပြန်ပြောလိုက်သည်။
" အင်း . . ဒီချိန်ကအလုပ်ချိန်ဆိုတော့ ..
သူ့ကုမ္ပဏီမှာ ဖြစ်မယ် "ကျွမ်းရူကျောင် ခေါင်းညိတ်ထောက်ခံလိုက်ရင်း ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်လိုက်ရာ အရမ်းလှတဲ့ နေရာတွေကို တွေ့လိုက်ရ၍
လီတုန်းယွမ်ကို ပြောလိုက်သည်။" လီကော . . ဟိုမှာကြည့်ပါအုံး . .
ရှုခင်းတွေက အရမ်းလှတာဘဲ ....."ကျွမ်းရူကျောင် လီတုန်းယွမ်ကို ကြည့်လိုက်ကာ ..
" လီကော . . ကျွန်မ ဓာတ်ပုံသွားရိုက်
ချင်တယ် "" ရှောင်ကျွမ်း မင်း . . အရင်သွားနှင့်လို့ ရလား
ကိုယ် မိတ်ဆွေတစ်ယောက်ကိုတွေ့လို့ သွားနှုတ်ဆက်လိုက်အုံးမယ် "" အော် . . မိတ်ဆွေလား "
ကျွမ်းရူကျောင် လီတုန်းယွမ် ကြည့်နေတဲ့ ပန်းဆိုင်လေးထဲက ကောင်လေးကိုလှမ်းကြည့်လိုက်ရင်း ပြောလိုက်သည်။" အင်း . . အဲ့တာဆို. .ကျွန်မသွားနှင့်
လိုက်မယ် "
ကျွမ်းရူကျောင် လှည့်ထွက်သွားရင် ပြောလိုက်သည်။" ကိုယ် ပြီးရင်လိုက်လာခဲ့မယ် "
လီတုန်းယွမ် ကျွမ်းရူကျောင်ကိုပြောလိုက်ပြီး
ပန်းဆိုင်ရှေ့ကို လျှောက်သွားလိုက်ပြီး
ရှကျစ်ကွမ်းကို ဖုန်းဆက်လိုက်သည်။

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...