"ဟွမ်လေး ရောက်ပြီ ထတော့"
ရှကျစ်ကွမ်း သူ့ဘေးနားက ပုံရိပ်သေးသေး
လေးရဲ့ လက်မောင်းလေးကို လှမ်းပုတ်ပြီး
နိုးလိုက်သည်။"အာ. .ရောက်တောင်ရောက်သွားပြီလား"
ဟွမ်ကျွင့်ကျယ် သူ၏လက်ချောင်းလေးများဖြင့် မျက်လုံးတို့ကို ပွတ်သက်လျက် အိပ်ချင်မပြေသေးသော လေသံလေးဖြင့်ပြောလိုက်သည်။"အင်း ကိုယ်တို့ hongyan village ကို
ရောက်နေပြီ""ကိုယ့်ကို မင်းအိမ်နား ရောက်ရင်ပြောနော်"
"ဟုတ်ကဲ့"
ဘယ်လိုဘဲဖြစ်ဖြစ် အိမ်ပြန်ရောက်တော့မှာဖြစ်တဲ့အတွက် ဟွမ်ကျွင့်ကျယ် အားတက်သရော ခေါင်းညိမ့်ကာ ပြောလိုက်သည်။မိနစ်အနည်းငယ် မောင်းနှင်ပြီးနောက် . .
"ရှကော. . . ."
"အဲ့ဒီ . .ပန်းဆိုင်လေးမှာ ရပ်ပေးပါဗျ"
"အိုး. . .ကောင်းပြီ"
ရှကျစ်ကွမ်း ကားရပ်ရင်းဖြင့် ပြောလိုက်သည်။ပြီးနောက် နှစ်ယောက်သား ကားပေါ်ကဆင်းလိုက်ကြသည်။
"ရှကော . .ဒါ ကျွန်တော့်အဖေနဲ့အမေဖွင့်ထားတဲ့ပန်းဆိုင်လေးလေ. . ."
ရှကျစ်ကွမ်း အံ့သြသွားတဲ့ အရိပ်ရောင်ပေါ်လာပြီး ခဏနေတော့
ပြန်ပျောက်သွားကာ . . . ."ဒါဆို. .ဟွမ်လေးက ဒီမှာနေတာပေါ့. . ."
"အင်း"
ရှကျစ်ကွမ်း ပြုံးလိုက်ရင်း. . .
"ဒါဆိုရင်တော့. . ကိုယ်တို့ကရေစက်ပါတာဘဲ. ."ဟွမ်ကျွင့်ကျယ် ခေါင်းလေးကုတ်လိုက်ကာနားမလည်သလို ဖြစ်မိသွားရင်း. .
"အာ. .
ရှကော ဘာကိုဆိုလိုတာလဲဗျ""ကိုယ်တို့က အိမ်နီးချင်းတွေလေ ကိုယ့်အိမ်က ဟွမ်လေးရဲ့ပန်းဆိုင်ဘေးက အိမ်လေ. ."
ဟွမ်ကျွင့်ကျယ် အံ့သြမိသွားရင်း ပြောလိုက်သည်။
"အာ. .တော်တော်လေးကို တိုက်ဆိုင်တာ
ဘဲဗျ. . ."
အစတုန်းက ကားဆီကုန်သွားလို့ တွေ့တဲ့သူကို အကူအညီတောင်းမိတာဆိုပေမဲ့ ထိုသူက ကိုယ့်အိမ်နီးနားချင်းဖြစ်နေမယ်လို့ ကျွင့်ကျယ် မထင်ထားမိပေ. . .

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...