抖阴社区

                                    

" မင်းဦးလေးကို လိုက်ပို့ခိုင်းလိုက်ပါ "

ဟွမ်ရွှယ် သေးငယ်တဲ့ကိုယ်လုံးလေးနဲ့ ဖြူဖွေးအုနေတဲ့ အသားအရေရှိတဲ့ ကောင်လေးရဲ့ လက်ကို ဆုပ်ကိုင်ပြီးပြောလိုက်တယ်။

ဟွမ်ကျွင့်ကျယ် ပြုံးလိုက်သည်။
ဆုပ်ကိုင်ထားတဲ့လက်ထဲကနေ ရုန်းထွက်လိုက်ပြီး ထိုလက်အား သူ့၏ဖြူဖျော့ကာ အားနည်းဟန်ပေါ်တဲ့ လက်ချောင်းသွယ်သွယ်တို့ဖြင့် ပြန်လည်ဆုပ်ကိုင်လိုက်သည်။

" ဒေါ်လေးနဲ့ဦးလေး. .ကျွန်တော်အဆင်ပြေပါတယ် ကျွန်တော်ကိုမစိုးရိမ်ပါနဲ့ အရင်ပြန်နှင့်ကြပါ "

" ကျွန်တော့် မိဘတွေနဲ့ ကျွန်တော်နေချင်သေးတယ် "

ဟွမ်ကျွင့်ကျယ် ဦးလေးနဲ့ဒေါ်လေးအား ကြည့်၍ ပြောလိုက်သည်။

" ဒါပေမဲ့ ကျွင့်ကျယ်. . ဒေါ်လေးမင်းကိုစိုးရိမ်.."

ဟွမ်ရွှယ် စကားမဆုံးသေးခင် ဆွဲခေါ်ခံလိုက်ရတယ်။

" ရန်ချန်း .. ရှင်ဘာလုပ်တာလဲ "

" ဟွမ်ရွှယ် မင်းကစိတ်ပူလို့ ဆိုပေမဲ့ ကျွင့်ကျယ်ကို အတင်းဖိအားပေးသလိုမဖြစ်စေနဲ့လေ "

" ဒါပေမဲ့ ကျွန်မစိတ်ပူတယ် ရန်ချန်း. . "

" ကျွင့်ကျယ်မှာက ရောဂါအခံရှိတယ်လေ "

" ကျွန်မ အစ်ကိုနဲ့ယောင်းမကို ဆုံးရှုံးပြီးပြီ
သူတို့နှစ်ဦးရဲ့ရတနာလေးကိုတော့ ကျွန်မ မဆုံးရှုံးချင်ဘူး ဒါကြောင့်ကျွန်မ ဒီလောက်ထိ လိုက်ပြောနေမိတာပါ "

ဟွမ်ရွှယ် ၀မ်းနည်းစွာ​ ပြောမိတယ်။

" ကိုယ်နားလည်ပါတယ် ဒါပေမဲ့ ကျွင့်ကျယ်က သိပ်မကြာခင်ကမှ သူ့မိဘတွေကို ဆုံးရှုံးထားရတာလေ "

" သူ သူ့မိဘတွေနဲ့ခဏလောက်တော့နေချင်မှာဘဲလေ ကျွင့်ကျယ်က ဥာဏ်ကောင်းပြီး လိမ္မာရေးခြားရှိတဲ့ ကောင်လေးပါ သူ့ကိုသူကောင်းကောင်း စောင့်ရှောက်နိုင်မယ်လို့ကိုယ်ယုံတယ် "

" နောက်ပြီးတော့ ကျွင့်ကျယ်ရဲ့ ခန္ဓာကိုယ်အခြေအနေက ဒီလောက်ထိမဟုတ်သေးပါဘူး "

For Get Me Not ? Where stories live. Discover now