ကျွင့်ကျယ် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေချိန် လည်သာကုတ်အင်္ကျီအနက်ရောင်အရှည်ကို မီးခိုးရောင်ဘောင်းဘီနှင့် စတိုင်ကျကျတွဲဖက်ဝတ်ဆင်ထားပြီး အဝေးက လှမ်းကြည့်လိုက်တာတောင် modelတစ်ယောက်လိုမျိုး မိမိုက်နေတဲ့လူတစ်ယောက်ကို တွေ့၍ ကျွင့်ကျယ် ထိုလူ့ဆီ လျှောက်သွားလိုက်ပြီး
"ဟိုလေ. . ဒီက အစ်ကို အကူအညီလေးတောင်းချင်လို့ပါ"
ကျွင့်ကျယ် ပြုံးကာပြောလိုက်သည်။
ရှကျစ်ကွမ်း ချစ်စရာကောင်းအောင် ပြုံးပြနေသောကောင်လေးအား ကြည့်ကာ. .
" ပြောကြည့်လေ အစ်ကိုဘာများ ကူညီပေးရမလဲ "
ကျွင့်ကျင် သူ့ကို လှည့်ကြည့်ကာ ပြောလာသောသူရဲ့ မျက်နှာကိုကြည့်ပြီး အံ့သြသွားသည်။စိတ်ထဲတွင်လည်း
' ဒီလူက တော်တော်ချောတာဘဲ Vshapeပုံစံ
မေးရိုးနဲ့ အသံက ခပ်သြသြလေး မျက်လုံးအောက်က မျက်ရည်ခံမှဲ့လေး နှစ်စက်ကတော့ အဓိက ဆွဲဆောင်မှုအရှိဆုံးပေါ့ ခပ်မိုက်မိုက် ဝတ်စားဆင်ယင်မှုနဲ့ တွဲဖက်ကြည့်လိုက်တော့ အရမ်းကို ပြီးပြည့်စုံလွန်းတဲ့လူသားတစ်ယောက်လိုဘဲ '
( T.N:ဟိုလေ စကားပြောတာလေးတွေကို
". . ." ဒီလိုဟာလေးသုံးပြီး စိတ်ထဲက တွေးတာလေးတွေကိုတော့ '. . .' ဒီလိုဟာလေး သုံးပါမယ်နော်😊 )ရှကျစ်ကွမ်း သူ့ကို ပါးစပ်ကလေးဟကာ ကြည့်နေသောကောင်လေးကြောင့် မျက်ခုံးတစ်ချက်ပင့်လိုက်ကာ. .
"မင်း. . .ကိုယ့်ကိုကြည့်ဘဲကြည့်နေတော့မှာလား"
"ဟို. .ကျွန်တော် မရည်ရွယ်ပါဘူးဗျ တောင်းပန်ပါတယ်"
ရှကျစ်ကွမ်း ကိုယ့်ကိုပါးစပ်လေးဟကာ ကြည့်နေတဲ့ ကောင်လေးကို စချင်လို့ပြောလိုက်တာပေမဲ့ ကောင်လေးက လေးလေးနက်နက်နဲ့ တောင်းပန်လာမယ်လို့ မထင်ထားမိတာကတော့ အမှန်ဘဲ. .
"ကျစ်. .ကိုယ်က ဒီအတိုင်းစလိုက်တာပါ မင်းတောင်းပန်စရာထိမလိုပါဘူး"
"မဟုတ်ပါဘူး ကျွန်တော်တို့က အခုမှစတွေ့ဘူးတဲ့ သူတွေဟာကို မယဥ်ကျေးသလိုဖြစ်မိသွားပြီ. ."
"မဖြစ်ပါဘူး ကိုယ့်ကို အခုလိုငေးကြည့်ဖူးတာ မင်းတစ်ယောက်ထဲမဟုတ်ပါဘူး
ကိုယ့်ကိုစတွေ့တဲ့သူတိုင်းက အဲ့လိုဘဲလေ"

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...
????? ( 3 ) ??????? ??????????
Start from the beginning