သူ(မ)သည် ရွှေသက်တံစစ်စစ် လက်ဝတ်ရတနာများကို တစ်ခါမျှ မမြင်ဖူးပါ။ သေတ္တာထဲက ဟာတွေက အတုတွေ ဖြစ်နိုင်တယ်။
သို့သော် ၎င်းတို့သည် စစ်မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ ဖေထျန်းလင်၏ ကြင်နာသော ရည်ရွယ်ချက်များကို သူ(မ) သိရှိခဲ့သည်။
" ကျေးဇူးတင်ပါတယ် ! "
စုယွီက သူ့ကို လေးလေးနက်နက် ကျေးဇူးတင်မိပြန်တယ်။
ဖေထျန်းလင်က ထမင်းစားပြီးတာနဲ့ သူ ထရပ်ပြီး " ကိုယ် အလုပ်တွေ အရမ်းရှုပ်နေတယ်။ ကိုယ့်မှာ တစ်နေ့တာ အချိန်သိပ်မရှိဘူး။ မင်းတစ်ခုခုလိုအပ်ရင် နဝမမြောက် အန်ကယ်နဲ့ ရွှီဖေးကို ရှာပါ။
" ကောင်းပြီ ! "
စုယွီက ခေါင်းညိတ်ကာ ဘာမှ မှားသည်ဟု မထင်ခဲ့ပေ။
" ဘာမှမဖြစ်ရင် ဒီညပြန်လာခဲ့မယ် "
" ကောင်းပြီ ! "
စုယွီက ' မင်းပြန်လာမလား မပြန်ဘူးလား ? ' လို့ တွေးလိုက်တယ်။
သူ(မ)ထမင်းစားပြီးနောက် စုယွီသည် ခဏနားပြီး စုမိသားစု၏ နေအိမ်သို့ သွားခဲ့တယ်။
' စုမိသားစုရဲ့ အိမ်ကြီးဟာ ဧရိယာကျယ်ဝန်းတယ်။ ထိုအချိန်တွင် ခြံဝင်းသည် လူများဖြင့် ပြည့်နေသည်။ ကြီးကြီးမားမား တစ်ခုခု ဖြစ်နေပုံရသည်။ '
စုယွီသည် ထိုနေရာရှိ လူများစွာကို အသိအမှတ်ပြုခဲ့သည်။ ၎င်းတို့သည် စုနှင့် ဝမ်မိသားစုများ၏ ဆွေမျိုးများ ဖြစ်သည်။
" ဘာတွေဖြစ်နေတာလဲ ? "
စုယွီ အနည်းငယ် အံ့ဩသွားသည်။
မည်သို့ပင်ဆိုစေကာမူ သူ(မ)သည် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး ဖြစ်သည်။ ထို့ကြောင့် သူ(မ)သည် ငြိမ်သက်စွာ လျှောက်သွားသည်။
ခြံဝင်းသည် ဆူညံသံများဖြင့် ပြည့်နေပြီး အနည်းငယ် ရှုတ်ထွေးနေသည်။
" စုယွီ ပြန်မလာသေးဘူးလား ? အရမ်းနောက်ကျနေပြီ။ အားလုံးက သူ့(မ)ကို စောင့်မျှော်နေကြတယ် ! "
အဝေးမှ ဆွေမျိုးတစ်ဦးက မကျေမနပ်အော်သည်။
" ချိန်းတွေ့ကြည့်လိုက်တော့ စုယွီနဲ့ လင်မိသားစုရဲ့ သခင်ငယ်က သူတို့အိမ်ထောင်ရေးမှာ မှတ်ပုံတင်ထားပြီးသားပဲ မဟုတ်လား ? ဒီပွဲက အဲ့ဒါကြောင့် ဖြစ်တာလား ? "
" ဟား အဲဒါကြောင့်ဖြစ်ရင် ငါတို့မှာ စောင့်စရာရှိတယ်။ သခင်လေးလင်မှာ ထူးထူးခြားခြား သတ္တိရှိပြီး သဘောထားကြီးတယ်လို့ ကြားတယ်။ အရေးကြီးဆုံးကတော့ သူ့ရဲ့စွမ်းရည်က ထူးချွန်ပြီး သူ့ရဲ့အနာဂတ်က တောက်ပနေမှာပါ ! "
" စုယွီက သူ့ကို လက်ထပ်ခွင့်ရတာ တကယ်ကို ကံကောင်းတယ်။ နောက်မှ သူ့(မ)ကို အနီရောင် အထုပ်ကြီးကြီး ပေးရမယ် ထင်ရတယ်။ မဟုတ်ရင် ငါ သူ့(မ)ကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ "
" မင်းတို့ မင်းတို့တွေ မသိကြသေးဘူး မဟုတ်လား ? လင်မိသားစုသည် မြို့တော်၏ ဖေမိသားစုနှင့် ဆက်ဆံရေး ထူထောင်ထားပြီးပြီ။ ဖေမိသားစု၏ ပံ့ပိုးကူညီမှုနှင့် အာရုံစိုက်မှုတို့ကြောင့် လင်မိသားစုတစ်ခုလုံးက အနာဂတ်တွင် အမြင့်သို့ တက်လှမ်းနိုင်မှာ။ "
' ဝမ်မိသားစုရဲ့ ဆွေမျိုးတစ်ယောက်က ဒီစကားကိုကြားတော့ သူ့နှလုံးသားက နာကျင်သွားတယ်။
သူက " စုယွီကို အရင်က မြင်ဖူးတယ်။ ပုံစံနဲ့ အသွင်အပြင်အရဆိုရင် သူ(မ)ဟာ ဘာမှ မထူးခြားပါဘူး။ သူ(မ)သည် ငယ်ဆရာကြီးလင်းနှင့် လုံးဝ မထိုက်တန်ပါ။ သူ(မ)က သခင်လေးလင်နဲ့ တကယ် သဟဇာတဖြစ်ချင်ရင် စုလုဆီက မှတ်စုယူရလိမ့်မယ် ! "
MM Translator - Eaint Myat Chal

YOU ARE READING
????????? ?????????? ??(?)??? ????????????? ??????????? ( ?????? ???????? )
Romance???????? ??(?)? ???????????? ???????????????????? ???????????? ????????????? ???????? ?????????? ???????????? ?????????????????? ???????????? ??(?)??? ' ??????????? ???????? ' ????? ??????? ???????????????? ????????????? ???????? ???????????? ??????...
????? ( ?? ) ????????? ?????????????????? ????????
Start from the beginning