抖阴社区

????? ( ?? ) ?????????? ????????? ????????

1.1K 51 0
                                        

     ကုယွမ်ရှန်းသည် လက်တစ်ဖက် အိတ်ကပ်ထဲထည့်ပြီး စုယွီရှေ့မှာ ရပ်နေသည်။ သူက ရယ်ပြီးပြောတယ်။

      " မင်း ဘယ်လောက် ရိုင်းရိုင်းစိုင်းစိုင်း လုပ်လဲ ကြည့်ချင်တယ် ! ဒီအိမ်ထောင်ရေးလို့ ခေါ်တဲ့ အစီအစဉ်ကို သမီးရဲ့ အမြင်ကို မေးဖူးလား ? မင်းမမေးဘူး။ ဒီအခွင့်အရေးကို အသုံးချပြီး မင်း , သမီးကို ဈေးကြီးကြီးနဲ့ ရောင်းချင်တာလား ? မင်း , သမီးလေးရဲ့ အသက်နဲ့ သေဆုံးမှုအတွက် မင်းဒါကို လုံးဝ ဂရုမစိုက်ဘူး။ အရင်တုန်းကတော့ မင်းဘာမှ မလုပ်နိုင်ဘူးဆိုပြီး အရေခြုံပြောဖူးတယ်။ အိုး ! ရွံမုန်းစရာပဲ ! အရှက်မရှိဘူး ! စုယွီကို မကုသနိုင်ဘူးဆိုတာ မင်းဘယ်လိုသိလဲ ? မင်း , သမီးကို အရင်ခွင့်မတောင်းဘဲ သေနေတဲ့လူနဲ့ လက်ထပ်နေတာ။ ဒါက အဖေလုပ်သင့်တာလား ? "

     ကုယွမ်ရှန်းသည် လုံးဝ မယဉ်ကျေးဘဲ ကျိန်ဆဲလိုက်သည်။ စုကျွင်ထောင်၏ ကြောင်သူတော် အရှက်ကင်းမဲ့သော မျက်နှာဖုံးကို ဆုတ်ဖြဲလိုက်ချိန်တွင် သူ၏ လေသံမှာ အလွန်ကြမ်းတမ်းပြီး သူ၏ ဇာတိရုပ်ကို လူတိုင်းအား ထုတ်ပြနေတယ်။

     စင်မြင့်အောက်မှ ပိုင်းခြားသိမြင်သော မျက်လုံးရှိသူများသည် ငါးမျှားသော အရာတစ်ခု ဖြစ်နေသည်ကို သဘာဝအတိုင်း မြင်နိုင်သည်။ အဲဒါက သူတို့နဲ့ ဘာမှမဆိုင်ဘူး။ တစ်စုံတစ်ယောက်ရဲ့ မိသားစုကိစ္စမို့ ဘယ်သူကမှ နှာခေါင်းမရှုံ့ချင်ကြဘူး။

     သို့သော်လည်း ယခုကိစ္စသည် ပွင့်လင်းမြင်သာစွာ ပေါ်ပေါက်လာသောကြောင့် လူတိုင်း မှန်းဆစရာ မလိုတော့ပါ။ စင်မြင့်အောက်ကနေ တိုးတိုးလေးပြောပြီး အသံကို လျှော့ပြီးပြောမနေဘူး။

     စကားလုံးတိုင်းသည် စုကျွင်ထောင်၏ မျက်နှာကို ပုတ်ခတ်သွားသည်။

     ဒေါသတကြီး စုကျွင်ထောင်က " လူကြီးမင်း ဒီနောက်လိုက်ကို ဖယ်လိုက် ! "

     " ဘယ်သူတွေ သတ္တိရှိလဲ ကြည့်ရအောင် ! "

     စုယွီ ရုတ်တရက် ရှေ့တစ်လှမ်းတိုးပြီး စုကျွင်ထောင်ကို အေးစက်စွာ ကြည့်လိုက်သည်။

????????? ?????????? ??(?)??? ????????????? ??????????? ( ?????? ???????? )Where stories live. Discover now