抖阴社区

????? ( ?? ) ?????????????

1.3K 62 0
                                        

     ယခု ဖေထျန်းလင် တွေးနေပုံကို သူ(မ) နားမလည်သော်လည်း မမေးဝံ့ပေ။ သူ(မ)သည် အမှန်တရားကိုပင် မသိဝံ့ပေ။

     ဘာပဲဖြစ်ဖြစ် သူ(မ)မှာ သုံးနှစ်ပဲ ရှိသေးသည်။ သူ(မ)သည် မည်သည့်အရာကိုမျှ ရေရှည်မလိုက်စားခဲ့ပေ။ သူ(မ)အဆင်ပြေနေသမျှတော့ သိပ်ဂရုစိုက်နေစရာ မလိုပါဘူး။

     " ဒါဆို နောက်တစ်ခေါက် စောရောက်လာမယ် ! "

     " ကောင်းပြီ ! "

     ဖေထျန်းလင်သည် စုယွီကို လေးလေးနက်နက် ကြည့်သည်။ ဒီမနက် သူ့(မ)ကို မနမ်းရင် တစ်နေ့လုံး ဘာမှမစားနိုင်တော့ဘူး။

     ကိုယ်စားဖူးသမျှ အရသာကင်းမဲ့တဲ့ ခံစားချက်ကို ကိုယ်တိုင်ခံစားဖူးမှ နားလည်နိုင်မှာပါ။

     အရသာရှိတဲ့ အစားအစာကို တစ်ခါမှ မမြည်းစမ်းဖူးရင် ကောင်းမှာပါ။ အစာစားခြင်းသည် ဗိုက်ပြည့်စေရန် အလုပ်တစ်ခု ဖြစ်သည်။

     သို့သော် ထိုစွမ်းရည်ကို ဆုံးရှုံးလိုက်ရခြင်းမှာ ပျော်ရွှင်မှုကို သိရှိခြင်းမှာ လက်ခံရန် အလွန်ခက်ခဲသည်။

     တစ်စုံတစ်ခုကို တစ်ခါမှ မရရှိခဲ့ရင် အဆုံးရှုံးမခံနိုင်ဘူး။

     သို့သော် တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းကို လုံးဝလက်မခံနိုင်ပါ။

     ဖေထျန်းလင်သည် ယခုအခြေအနေတွင် ရှိနေသည်။

     မနက်ခင်းမှာ စုယွီရဲ့ အနမ်းကြောင့် မဟုတ်ရင် သူတစ်နေ့လုံး ဘာမှမစားနိုင်ကာ အထူးသဖြင့် အဆင်မပြေဖြစ်မှာပါ။

     စုယွီသည် ခေါင်းငုံ့ကာ ပြေပြစ်သော လှုပ်ရှားမှုများဖြင့် ဖြည်းညှင်းစွာ စားသောက်လိုက်သည်။

     ဖေထျန်းလင်၏ ခံတွင်းတွေ့မှုသည်လည်း ပျော့သွားသည်။

     " မင်းအတွက် မင်္ဂလာဝတ်စုံ ဒီဇိုင်နာကို ကိုယ် ငှားပြီးပြီ။ မင်းလိုချင်တာမှန်သမျှ ဒီဇိုင်းဆွဲလို့ရတယ် ! "  ဟု ဆိုကာ စားသောက်ခဲ့သည်။

     စုယွီသည် သူ(မ)၏ အပြုအမူကို ရပ်လိုက်ပြီး အံ့သြစွာ မော့ကြည့်လိုက်တယ်။

????????? ?????????? ??(?)??? ????????????? ??????????? ( ?????? ???????? )Where stories live. Discover now