抖阴社区

????? ( ?? ) ???? ??????????????????????

1.5K 72 0
                                    

     ဒါကိုကြားတော့ ဧည့်သည်တော်တော်များများ ထိမိသွားတယ်။

      " စုနင်က ကလေးကောင်းတစ်ယောက်ပါ။ အစ်မအတွက် အခုလိုလုပ်ပေးရတာ အရမ်းကောင်းပါတယ်။ "

     " စုနင် ကြီးပြင်းလာတာကို ငါမြင်တယ်။ ငယ်ငယ်ကတည်းက သစ္စာရှိခဲ့ပြီး ပေါင်းသင်းဆက်ဆံရေးကို တန်ဖိုးထားတယ်။ "

     " ညီမလေးတွေကတော့ တော်တော်ရင်းနှီးကြတယ် ! ဘယ်လောက်တောင် မနာလိုစရာကောင်းလဲ ? "

     " ဒီကလေးနှစ်ယောက်အတွက် တကယ်မလွယ်ပါဘူး။ သူတို့အမေက ငယ်ငယ်ကတည်းက ဆုံးသွားခဲ့ပြီး အခု အစ်မတစ်ယောက် နေမကောင်း ဖြစ်နေတယ်။ စုနင်အတွက် ခက်တယ်။ "

     စုယွီသည် စုနင်အတွက် လူတိုင်း၏ ချီးကျူးစကားကို နားထောင်ပြီး ငြိမ်သက်သွားခဲ့တယ်။

     တစ်ဖက်တွင်တော့ စုနင်၏ မျက်လုံးများ နီရဲနေသည်။ သူ(မ)သည် သနားစရာကောင်းပုံရပြီး သူ(မ)၏အခန်းကဏ္ဍကို လေးနက်စွာ နှစ်မြှုပ်ထားခဲ့တယ်။

     ယခုအချိန်တွင် ဝမ်ရုံသည် သူ(မ) လုံလောက်ပြီဟု ခံစားမိသည်။ နောက်ဆုံးတော့ သူ(မ)က " စုယွီက အရမ်းကျေးဇူးတင်တယ်။ သူ့(မ)ရောဂါကြောင့် တစ်ခုခုဖြစ်သွားမှာကို သူ(မ)ကြောက်တဲ့အတွက် သူ(မ)ရဲ့ ရှယ်ယာတွေကို ညီမဖြစ်သူထံ လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တယ်။ ညီမဖြစ်သူက အကြိမ်ပေါင်းများစွာ ငြင်းဆိုခဲ့ပေမယ့် နောက်ဆုံးမှာ သဘောတူခဲ့တယ်။

      " ဒီကနေ့ သက်သေအဖြစ် အားလုံးကို ဖိတ်တယ်။ ဒီညီအစ်မနှစ်ယောက် ဘယ်လောက်ရင်းနှီးတယ်ဆိုတာ သက်သေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီပြီး ဘယ်တော့မှ မစွန့်လွှတ်ပါဘူး။ "

     " ဝိုး … "

     ဧည့်ခန်းရှိလူတိုင်းက ချီးကျူးကြတယ်။ အချို့က ကျယ်လောင်စွာ ချီးကျူးကြတယ်။

     စုနင်နဲ့ ဝမ်ရုံ နှစ်ယောက်လုံးဟာ သူတို့ရဲ့ စွမ်းဆောင်ရည်ကြောင့် စိတ်လှုပ်ရှားနေပုံပါပဲ။

     အမှန်တရား ထွက်လာတာကို စုယွီက သိတယ်။

      ' ဝမ်ရုံက သူ(မ)ကြိုတင်ပြင်ဆင်ထားတဲ့ ရှယ်ယာလွှဲပြောင်းစာချုပ်ကို ထုတ်ပြီး စုယွီကို ပေးလိုက်တယ်။

????????? ?????????? ??(?)??? ????????????? ??????????? ( ?????? ???????? )Where stories live. Discover now