抖阴社区

????? ( 12 ) date 3

Start from the beginning
                                    

ထိုမှသာ ဟွမ်ကျွင့်ကျယ် ရှကျစ်ကွမ်းကိုမျက်စောင်းထိုး၍ လိမ်ဆွဲထားရာမှ လွှတ်ပေးလိုက်သည်။

" အဟမ်း . . အဟမ်း ..... "
ရှကျစ်ကွမ်း ကောင်လေး လေးယောက်ဘက် ပြန်လှည့်လိုက်ရင်း ချောင်းဟန့်ကာ ပြောလိုက်သည်။

" ကဲ . . ကဲ ..... မနောက်ကြနဲ့တော့
ငါ မင်းတိုနဲ့မိတ်ဆက်ပေးမယ် ဒါ . .
ငါ့ကောင်လေး ဟွမ်ကျွင့်ကျယ် . . . မင်းတို့သူကို ဟွမ်ကောလို့ ခေါ်လို့ရတယ် ....
ချန်ဖေးနဲ့ယိမန့်မန့်ကတော့ ကျွင့်ကျယ်လို့ခေါ်ပေါ့ . . . ."

ဟွမ်ကျွင့်ကျယ် ရှကျစ်ကွမ်း၏ သူ့အား
ငါ့ကောင်လေးဟု သုံးနှုန်းလိုက်သော​
အသုံးအနှုန်းကြောင့် ပါးလေးများ နီလာမိသည်။

ရှကျစ်ကွမ်း ကျွင့်ကျယ်ကို နူးညံ့စွာကြည့်လိုက်သည်။
" ဟွမ်လေး . . ဒါ ကိုယ့် ဟေးဟောက်ရှီကုမ္ပဏီက ဝန်ထမ်းတွေဆိုပေမယ့် ကိုယ့်မိသားစုဝင်တွေလိုပါဘဲ . . . . "

ဟွမ်ကျွင့်ကျယ် ပြုံးလိုက်ကာ အရှေ့က
လေးယောက်ကိုကြည့်ရင်း ပြောသည်။
" အားလုံးနဲ့ တွေ့ရတာဝမ်းသာပါတယ် . . "

" ဟွမ်ကော . . တွေ့ရတာဝမ်းသာပါတယ်
ကျွန်တော်နာမည်က ချန်ချန်းလီ . . . "
ချန်းလီ အရင်ဦးဆုံး ရှေ့သို့ထွက်ကာ ပြုံးပြီး နှုတ်ဆက်လိုက်သည်။

ဟွမ်ကျွင့်ကျယ်လည်း ပြုံးကာ ပြောလိုက်သည်။
" တွေ့ရတာဝမ်းသာပါတယ် . . ချန်းလီ "

ပြီးနောက် ချန်ချန်းလီ ဟွမ်ကျွင့်ကျယ်ကို
တစ်ယောက်ချင်းစီနဲ့မိတ်ဆက်ပေးလိုက်သည်။

တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီးနောက် ရှကျစ်ကွမ်း လက်မှနာရီအား
တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" ကဲ . . မင်းတို့လည်း လုပ်စရာရှိတာ သွားလုပ်ကြပါ . . ငါတို့ ထိုင်ခုံလက်မှတ်သွားဝယ်ရအုံးမှာမို့ အရင်သွားနှင့်မယ် . . . "

ချန်းလီ ရှကျစ်ကွမ်းကို အမြန်တားလိုက်ရင်း
မေးလိုက်သည်။
" ရှကော . . ခဏလေး မဟုတ်မှလွဲရော
ရှကောတို့ ကြည့်မယ့်ရုပ်ရှင်က The Nun လား . . ."

ရှကျစ်ကွမ်း ချန်းလီကိုကြည့်ရင်း မျက်ခုံးပင့်ကာ မေးလိုက်သည်။
" အင်း . . ဟုတ်တယ်လေ ဘာဖြစ်လို့လဲ "

For Get Me Not ? Where stories live. Discover now