" ပြီးရင် . . ငါ ရှန်ဟိုင်းမြို့ကို ရောက်တာနဲ့ အချိန်မှီပို့ပေး . . . "
" ဟုတ်ကဲ့ပါ သူဌေး . .
စိတ်ချပါ . . ကျွန်တော်စုံစမ်းလိုက်ပါမယ် "" အင်း . . "
ရှကျစ်ကွမ်း ပြောစရာရှိတာပြောပြီးနောက် ဖုန်းချလိုက်ကာ စားပွဲပေါ်မှာတင်ထားတဲ့
ဓာတ်ပုံကို ယူကာကြည့်လိုက်သည်။ဓာတ်ပုံထဲတွင် မီးရောင်စုံနဲ့အလှရေပန်းတွေကို နောက်ခံကျောပေးထားရင်း တစ်ယောက်ကပခုံးကိုဖက်ထားပြီး တစ်ယောက်ကလည်းပခုံးကိုပြန်မှီထားကာ ပျော်ရွှင်စွာ ပြုံးနေကြသော ကောင်လေးနှစ်ယောက် . . .
ငယ်ငယ်တုန်းက ရိုက်ထားတဲ့ပုံဖြစ်တာ
ကြောင့် သူ့ထက်အရပ်အနည်းငယ်ပိုရှည်ကာ အပြုံးလှလှလေးပြုံးနေတဲ့ ကောင်လေးရဲ့ ပုံကို ရှကျစ်ကွမ်း လက်မဖြင့်ဖိကာ ပွတ်သက်လိုက်ရင်း ပြုံးလိုက်သည်။
" ကျန့်ကော . . အစ်ကို ရှိနေသေးရင် ကျွန်တော် အစ်ကိုနဲ့ အဲ့နေရာလေးမှာဘဲ ဓာတ်ပုံအတူတူ ပြန်ရိုက်ချင်သေးတယ် . . ဒါပေမဲ့ အခုချိန်ဆိုရင်တော့ ပခုံးကိုမှီရမဲ့သူက ကျွန်တော်မဟုတ်ဘဲ အစ်ကိုဖြစ်မယ်ထင်တယ် . . . "" အစ်ကို . . ကျွန်တော် အဲ့အချိန်တုန်းကသာ
အဲ့နေရာကို အမှီရောက်လာခဲ့ရင် . . . . အစ်ကိုအခု ကျွန်တော့်ဘေးနားမှာ ကျွန်တော်နဲ့အတူတူရှိနေနိုင်မလား . . "ရှကျစ်ကွမ်း ဆို့နစ်ကာ တက်လာသာဝမ်းနည်းမှုတွေကို ခေါင်းခါကာ ဖယ်ထုတ်ပစ်လိုက်ရင်း ပြောသည်။
" မဟုတ်ဘူး . . အစ်ကိုဘာလို့ ဒီလိုမျိုး
လုပ်လိုက်ရတာလဲဆိုတဲ့ အကြောင်းအရင်းကို ကျွန်တော်မနက်ဖြန်သိရတော့မှာဘဲ . . "ရှကျစ်ကွမ်း နီရဲနေသော မျက်လုံးအစုံတို့ဖြင့်
ဓာတ်ပုံထဲမှကောင်လေးကို စိုက်ကြည့်ကာ ပြောလိုက်သည်။
" အစ်ကို . . ကျွန်တော် အစ်ကို့အတွက် လက်တုံ့ပြန်ပေးမယ် "........
မနက် 5:12 . .
ဟွမ်ကျွင့်ကျယ် ပူခြစ်လာသောနဖူးကိုလက်နဲ့စမ်းကာ သက်ပြင်းချလိုက်သည်။
' ဟင်း . .ကြည့်ရတာ ငါဖျားနေပြီနဲ့
တူတယ် '

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...
????? ( 13 ) ????? ????????????????????? . .
Start from the beginning