ထို့နောက် အများအပြားထွက်နေတဲ့ ချွေးစီးတို့ကို သုတ်လိုက်ရင်း အိပ်ရာမှထလိုက်သော်လည်း မိုက်ခနဲဖြစ်သွားကာ အိပ်ရာပေါ်သို့ ဖင်ထိုင်လျက်သား ပြန်ကျသွားသည်။
" အာ့ . . "
ဟွမ်ကျွင့်ကျယ် ထိုးကိုက်လာသော နားထင်ကိုလက်နဲ့ဖိလိုက်ကာ အိပ်ရာပေါ်တွင် ခဏပြန်ထိုင်နားနေလိုက်ရင်း တွေးသည်။
' တစ်ကိုယ်လုံးကိုက်ခဲနေပြီး ပင်ပန်းလိုက်တာ . . လှုပ်တောင်မလှုပ်ချင်ဘူး . . .
ငါ ကားအကြာကြီးစီးလိုက်လို့ ဖြစ်မယ် 'ကျွင့်ကျယ် တစ်အောင့်ထိုင်ပြီးနောက် အားယူကာ မတ်တပ်ရပ်လိုက်ရင်း အိပ်ရာဘေးအံဆွဲထဲက အဖျားပျောက်ဆေးနဲ့အကိုက်ခဲပျောက်ဆေးကိုယူကာ သောက်လိုက်သည်။ဆေးသောက်ပြီးနောက် နာရီကိုကြည့်လိုက်ရာ 5:13 ဘဲရှိသေးတာကြောင့် တစ်ရေးပြန်အိပ်ချင်သော်လည်း ခေါင်းမူးနေသောကြောင့် အိပ်လို့လည်းရမှာမဟုတ်တော့တဲ့အတွက် ပြန်မအိပ်တော့ဘဲ ဆိုင်စောစော
ဖွင့်ရန်သာ ပြင်လိုက်သည်။.........
ရှကျစ်ကွမ်း 4:58တွင်နိုးလာပြီး ကိစ္စဝိစ္စများလုပ်ပြီးနောက် ချန်ဖေးကိုဖုန်းဆက်ကာ
သူမရှိတုန်းကုမ္ပဏီကို ကြီးကြပ်ထားရန် ပြောလိုက်သည်။ ထို့နောက် လိုအပ်တာတွေကို သိမ်းဆည်းပြီး အိမ်အပြင်သို့ထွက်ကာ ကားနောက်ဖုံးထဲထည့်ပြီးနောက် ပန်းဆိုင်လေးကိုလှမ်းကြည့်လိုက်ရင်း လျှောက်သွားလိုက်သည်။ထို့နောက် ပန်းဆိုင်လေးရှေ့တွင် အချိန်အတော်ကြာရပ်နေမိပြီး ဝေခွဲမရဖြစ်နေမိသည်။
' ငါ . . ဟွမ်လေးကို နိုးပြီးနှုတ်ဆက်သွားသင့်လား .... မဖြစ်ဘူး အကောင်ပေါက်လေးက ပင်ပန်းထားတာ . . နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေမှာဘဲ ဒါပေမဲ့ . . . .
ငါ သူ့ကိုမနှုတ်ဆက်ဘဲ ထွက်သွားရင်လည်း
စိတ်ဆိုးနေအုံးမယ် . . . ဘယ်လိုလုပ်ရမလဲ 'ထိုအချိန် . .
ကလင် . . ကလင် . .
ကလင် . . . .ပန်းဆိုင်တံခါးဝတွင် တပ်ထားသော ခေါင်းလောင်းလေးများ လှုပ်ရမ်းသွားပြီး မနက်ခင်းရဲ့ကြည်နူးဖွယ်အသံလေးတွေအဖြစ် ထွက်ပေါ်လာသည်။

YOU ARE READING
For Get Me Not ?
Fanfiction?????????????????????????????????????? ????????????????????????????????????????? ?????????????? ???????????. . . ???????????. . . . ???????????????????????? ????????????????????????? ?????????????...
????? ( 13 ) ????? ????????????????????? . .
Start from the beginning