137. သူက သူ့ရဲ့လှောင်အိမ်ထဲမှာနေဖို့ဆန္ဒရှိတယ်
ဟန်ချောင်သူ့ရဲ့စိတ်လှုပ်ရှားနေတဲ့အမူအယာလေးကိုကြည့်ကာ အောက်ကနေ ထိန်းမပေးထားလိုက်တယ်။ ပြီးနောက်သိချင်စိတ်ပြင်းစွာဖြင့်:
"မင်း အဲဒါကို ဘယ်လောက်နဲ့ရောင်းချလိုက်ရတာမို့လို့ ဒီလောက်တောင်ပျော်နေရတာလဲ"
သူမေးလိုက်မှ ရှန်ချင်းရှုတစ်ယောက်သူအသေးစိတ်အချက်အလက်ကိုမမေးရသေးမှန်း သတိရသွားတယ်။
"ကျွန်တော်မေးလိုက်မယ်"
သူ ဟန်ချောင်ကိုနမ်းလိုက်ရင်း သူ့အပေါ်မှ ခုန်ဆင်းလိုက်တယ်။
ဟန်ချောင်က ထိုလူငယ်လေးပြန်ပြေးသွားတာကိုကြည့်ရင်း ခဏလောက်တွေးကာ နောက်မှ လိုက်ဝင်သွားခဲ့တယ်။
ရှန်ချင်းရှု အက်ဒီတာဆီ စာပြန်ပို့လိုက်တယ်။ရီဝေရစ်မူးတဲ့အိပ်မက်ထဲမှာ မီးအိမ်ကိုထွန်းညှိရင်း ဓားကိုကိုင်ဆွဲမယ်:
[ မနေ့က ကိစ္စတစ်ခုရှိသွားလို့ မင်းရဲ့စာကို ငါအခုမှမြင်လိုက်ရတယ်.. ငါ့မှာ ဒါကိုရောင်းဖို့စိတ်ကူးရှိပါတယ်.. ဝယ်မဲ့သူကဘယ်သူလဲ နောက်ပြီး စျေးကဘယ်လောက်လဲ]
သူ မေးပြီးနောက် ဟန်ချောင်အထဲကိုဝင်လာပြီး သူ့ဘေးမှာဝင်ထိုင်လာတယ်။
"ခင်ဗျား ဘာလို့နောက်ကလိုက်လာတာလဲ"
ရှန်ချင်းရှု မေးလိုက်တယ်။"မင်း ဆုံးရှုံးမှုတစ်ခုခုဖြစ်မှာစိုးလိို့ ကိုယ်စစ်ကြည့်ပေးမလို့လေ"
ဟန်ချောင်ပြောလိုက်တယ်။
"ပုံမှန်ဆိုရင် ဒီလိိုနိုဗယ်မျိုးကို ဘယ်လောက်နဲ့ရောင်းကြတာလဲ"
" တိကျတဲ့စျေးနှုန်းတော့မရှိဘူး"ရှန်ချင်းရှု ပြောလိုက်တယ်။
"တချို့စာရေးဆရာတွေက အရမ်းကိုနာမည်ကြီးတာလေ.. သူတို့ရဲ့စာအုပ်ကလည်း အများကြီးအောင်မြင်တယ်..သူတို့ကျတော့မီလီယံဆယ်နဲ့ချီပြီးရောင်းရတယ်.. တချို့စာရေးဆရာတွေကတော့ လူကြိုက်မများတော့ စာအုပ်ကလည်း လူသိနည်းတယ်.. ဒီတော့ စာအုပ်တစ်အုပ်ကို သိန်းဂဏန်းလောက်ပဲရတယ်"

YOU ARE READING
????????????? ????????????? ??????????(Book II)
RomanceBook (I) ? wall????????????????? [CV???????????? ???????????? ??????????????? ?????????????? ????????? CV? ??????????????? ????????????? ?????????????????? ?????????????????????? ????????????????? ?????????????????????????????? ?????????????????? ?...