抖阴社区

141. ????????????? ??????????????????????& ????????????????????

1.4K 184 3
                                    

141. ချင်းချင်းရဲ့ ဘုတ်ဒါရိုက်တာအစည်းအဝေး& ချင်းချင်းရဲ့မွေးနေ့

"တကယ်လို့ ဒါက တင်တောင်းပစ္စည်းဖြစ်မယ်ဆိုရင် "
ဟန်ချောင်ပြုံးလိုက်တယ်။

"ဒါက မင်းရဲ့(သတို့သမီးဘက်က)တင်တောင်းပစ္စည်းပဲလေ"

"ခင်ဗျားက တင်တောင်းပစ္စည်းကိုပြောတာလေ.. ကျွန်တော်က စေ့စပ်လက်ဆောင်လို့ပဲပြောတာ"

ရှန်ချင်းရှု သူ့ကိုကြည့်ကာ မေးကိုအသာပင့်မတ်လိုက်တယ်။


"ကောင်းပြီ"

ဟန်ချောင် ထပ်ပြီးမငြင်းလိုက်တော့ဘူး။

" ဘာပဲဖြစ်ဖြစ် အကုန်လုံးက မင်းအတွကဖြစ်လာမှာပဲလေ.. ဒီတော့ အကုန်လုံးကအတူတူပါပဲ"

ရှန်ချင်းရှု စိတ်ကျေနပ်စွာ ပြုံးလိုက်တယ်။

လူနှစ်ယောက်က ညစာအတူစားခဲ့ကြပြီ လရောင်အောက်မှာ အိမ်ကိုလမ်းလျောက်ကာပြန်လာခဲ့ကြတယ်။

ဟန်ချောင်က သဘက်ခါ ဘုတ်ဒါရိုက်တာအစည်းအဝေးအတွက် ဘာမှ ပြင်ဆင်နေစရာမလိုဘူးလို့ ပြောခဲ့ပေမဲ့ ရှန်ချင်းရှုကတော့ သူပြောရမဲ့စကားအတွက် ပြင်ဆင်ရေးသားခဲ့ပြီး ဟန်ချောင်ကို ပြသခဲ့တယ်။

ဟန်ချောင် သူ့ရဲ့မိန့်ခွန်းစကားကိုပြုံးလိုက်ပြီး လူငယ်လေးကို လက်မောင်းထဲထည့်လိုက်တယ်။

ပြီးနောက် ရှန်ချင်းရှုကိုအမှန်ပြင်ပေးလိုက်တယ်။

"ဒီလိုမျိုး"

"အဲလောက်ရိုးရှင်းတာလား"

"ကုမ္ပဏီအတွင်းပိုင်း အစည်းအဝေးတွေက ပြင်ပအစည်းအဝေးတွေလိုမဟုတ်ဘူး.. ဒီတော့ အရမ်းငြီးငွေ့စရာကောင်းတဲ့စကားတွေ ပြောနေစရာမလိုဘူး"

ရှန်ချင်းရှု ခေါင်းညိတ်ပြီး အနည်းငယ်စိတ်သက်သာရာရသွားတယ်။

သူ အိိမ်မှာတစ်ရက်လုံးနားခဲ့တယ်။ ပြီးနောက် နောက်နေ့  သူ့ရဲ့မွေးနေ့ မနက်ပိုင်းမှာတော့ ဟန်ချောင်နဲ့အတူ ဖင်းဟွေ့ကိုသွားခဲ့တယ်။

ဒါက ရှန်ချင်းရှုအတွက် ဖင်းဟွေ့ကို ပထမဆုံးစတင်ရောက်ဖူးတာပဲ။ သူ့ရဲ့မှတ်ဥာဏ်ထဲမှ မူလပိုင်ရှင်သည်လည်း သူမိဘတွေတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကို တစ်ခါမှမရောက်ဖူးခဲ့ဘူး။

????????????? ????????????? ??????????(Book II) Where stories live. Discover now