153. ချင်းချင်းနဲ့ ချောင်ချောင်ရဲ့ ရုပ်ရှင်ဇာတ်ဝင်ခန်း
ဟန်ချောင် ရှန်ချင်းရှုကို ရေချိုးခန်းဆီခေါ်သွားလိုက်ပြီး အောက်ကိုချပေးလိုက်တယ်။
ရှန်ချင်းရှု မှန်ထဲမှ သူ့ရဲ့လည်ပင်းနဲ့ တခြားသောပေါ်လွင်နေမဲ့နေရာတွေကို စစ်ဆေးလိုက်တယ်။ အဆင်ပြေနေတုန်းပဲ။ ဘယ်လိုအရာမျိုးမှ ရှိမနေဘူး။
"စိတ်မပူပါနဲ့"
ဟန်ချောင် သူ့အတွက် သွားတိုက်ဆေး ထည့်ပေးလိုက်တယ်။
"မင်းက ရုပ်ရှင်ရိုက်နေတုန်းလေ.. ကိိုယ့်မှာ တွေးတောနိုင်စွမ်းရှိပါတယ်ကွာ"
သူ ရှန်ချင်းရှုဆီကို သွားတိုက်တံပေးလိုက်တော့ ရှန်ချင်းရှုက စိတ်ကျေနပ်စွာနဲ့ လှမ်းယူလာတယ်။
"ခင်ဗျားက တွေးတောစဥ်းစားပေးဖို့ သိသေးတာပဲ"
"ဘာပဲဖြစ်ဖြစ် မင်း ရုပ်ရှင်ရိုက်ပြီးသွားရင် အချိန်တွေအများကြီးရှိတာပဲလေ.. စိတ်မပူနဲ့"
ဟန်ချောင်ပြုံးလိုက်တယ်။ရှန်ချင်းရှု:...
သူသိနေတယ်!
ရှန်ချင်းရှု သွားကိုစေ့လိုက်ပြီး သွားတိုက်တံကို ရေထဲသို့နှစ်ကာ သွားတိုက်လိုက်တယ်။
ဟန်ချောင်ကလည်း သူ့အတွက်သွားတိုက်တံကို ဖြည်းညင်းစွာ ညှစ်လိုက်ပြီး သူနဲ့အတူ သွားတိုက်လိုက်တယ်။
မနက်စာစားပြီးတော့ ရှန်ချင်းရှု သူ့ကို ရိုက်ကူးရေးအဖွဲ့ဆီပြန်ပို့ပေးဖို့ ဟန်ချောင်ကိုပြောလိုက်တယ်။
သူက ရိုက်ကူးရေးအခန်းကြေညာချက်ဘုတ်ကို လှမ်းကြည့်လိုက်ပြီးနောက် ဟန်ချောင်နဲ့ဆွေးနွေးကြည့်လိုက်တယ်။
"ခင်ဗျား ဒီကိုရောက်နေမှတော့ ကျွန်တော် ဒါရိုက်တာကို မနက်ဖန် ခင်ဗျားရဲ့အခန်းကိုရိုက်ကူးဖို့ သွားပြောလိုက်မယ်လေ"
သူ့အနေနဲ့ တခြားလူတွေရဲ့ အချိန်ဇယားကို ပြောင်းလဲရမှာကို ရှက်မိတာကြောင့် သူ့ရဲ့ဇာတ်ဝင်ခန်းနေရာကိုရွေးကာ ဟန်ချောင်အတွက်ဖယ်လိုက်တယ်။

YOU ARE READING
????????????? ????????????? ??????????(Book II)
RomanceBook (I) ? wall????????????????? [CV???????????? ???????????? ??????????????? ?????????????? ????????? CV? ??????????????? ????????????? ?????????????????? ?????????????????????? ????????????????? ?????????????????????????????? ?????????????????? ?...