161. သူနဲ့ ဟန်ချောင်တို့ ဘယ်အချိန်မှာလက်ထပ်မှာလဲ?
" ကော ဘာလို့ အဲမှာရပ်နေရတာလဲ"
ဟန်ချောင် သူ့ရဲ့အစ်ကိုက တိတ်တဆိတ် မတ်တပ်ရပ်ကြည့်နေတာကိုမြင်သွားတော့ လှမ်းမေးလိုက်တယ်။
"အစားအသောက်တွေက အဆင်သင့်ဖြစ်ပြီလား"
"အကုန်ပြီးပြီ"
ဟန်ယွီ သူ့ကို မကျေမနပ်နဲ့ကြည့်လာတယ်။
" ညစာစားဖို့အတွက် သန့်ရှင်းတော့"
ဒါကိုကြားတော့ ဟန်ချောင်မပြီးသေးတဲ့ဖက်ထုပ်တွေကို ကပြာကယာအစာသွပ်ကာ လုပ်လိုက်ပြီး ရှန်ချင်းရှုကိုလက်ဆေးဖို့အတွက် သန့်စင်ခန်းဆီဆွဲခေါ်သွားလိုက်တယ်။
ဟန်ယွီ:....
မင်း လက်ချင်းမကိုင်ထားရင် သန့်စင်ခန်းဆီ သွားလို့မရဘူးလား?!
မင်းတို့က မူကြိုကျောင်းသားလေးတွေလား?!
လက်ချင်းကိုင်ထားပြီး အရမ်းကို တွယ်ကပ်ချွဲပစ်နေကြတယ်ပေါ့။
ဟမ့်!
သူ မီးဖိုဘက်ကိုလှည့်ဝင်သွားခဲ့ပြီး ပန်းကန်တွေကို တစ်ခုပြီးတစ်ခုထုတ်ယူလာခဲ့တယ်။
ရှန်ချင်းရှု စားပွဲပေါ်မှ ပန်းကန်တွေကိုမြင်တော့ အံ့သြသွားခဲ့တယ်။ သူကတော့ လူတွေရဲ့ နောက်မှာ လူတွေရှိနေသေးပြီး တောင်တန်းတွေရဲ့နောက်မှာ ပိုမြင့်တဲ့တောင်တန်းတွေ ရှိနေတဲ့အကြောင်း နက်နက်ရှိုင်းရှိုင်းတွေးနေမိပြီ။
ဟန်ယွီရဲ့ အဖိုးထိုက်တန်လွန်းလှတဲ့ ဟင်းပွဲတွေနဲ့ယှဥ်လိုက်ရင် ဟန်ချောင်လုပ်ခဲ့တဲ့ဟင်းလျာက တစ်ဝက်တစ်ပျက်သာ ပြီးစီးထားတဲ့ ထုတ်ကုန်တွေလိုပဲ။
"ခင်ဗျား မယှဥ်နိုင်ဘူး"
သူ ဟန်ချောင်ကိုတီးတိုးပြောလိုက်တယ်။
"ခင်ဗျားအစ်ကိုရဲ့ စကေးတွေကိုကြည့်လိုက်ဦး"
"အဓိပ္ပါယ်မရှိတာ"
ဟန်ချောင် မှန်ကန်သလိုပြောလာတယ်။
" သူက ကိုယ့်အတွက် ကလေးဘဝကတည်းကချက်ပြုတ်ခဲ့တာလေ.. ဒါပေမဲ့ ကိုယ်က သူ့အတွက် မချက်ပေးခဲ့ဘူး.. သေချာပေါက် သူက ပိုကောင်းတာပေါ့၊ ကိုယ်က ကိုယ်တိုင် ချက်စားနိုင်တာကိုက ကောင်းနေပြီလေ"

YOU ARE READING
????????????? ????????????? ??????????(Book II)
RomanceBook (I) ? wall????????????????? [CV???????????? ???????????? ??????????????? ?????????????? ????????? CV? ??????????????? ????????????? ?????????????????? ?????????????????????? ????????????????? ?????????????????????????????? ?????????????????? ?...