စခရင်အကြီးကြီး ရှေ့တွင် လူများစွာရှိနေပေမဲ့ ရှားရှိလာသည်ကိုတွေ့တာနဲ့ လမ်းဖယ်ပေးလိုက်ကြသည်။
ရှားရှီသည်ကျောင်းတွင် နာမည်ကြီးသူဖြစ်သည်။ လူတိုင်းက နတ်သမီးလေးအတွက် လမ်းဖယ်ပေးချင်ကြသည်။
အဆင့်ဇယားသည် နောက်တစ်စက္ကန့်တွင်စ၍ ပြသမည်ဖြစ်သည်။
လူတိုင်းသည် အဆင့်ဇယားကိုကြည့်ရန်စောင့်နေကြသည်။ ရှားရှီတစ်ချက်ကြည့်လိုက်သည်နှင့် ရှားယောင်ကိုတွေ့လိုက်ပြီး သူမနောက်မှပါလာသည့် ဆယ်ကျော်သက်ကောင်လေးကို သူမရင်းနှီးနေသည်။
အဲ့တာရှုရှီကျိုးပဲ။
စွန့်ပစ်အဆောက်အဦးတွင် တိရိစ္ဆာန်ကာကွယ်ရေး အဖွဲ့ကို ကူညီခဲ့သည့်နေ့ကို ပြန်တွေးနေမိသည်။ ငါစကားပြောချင်ပေမဲ့ ရှုရှီကျိုးက ရန်သွားစလို့မကောင်းတဲ့ပုံစံဖြစ်နေတယ်။ သူ့မှာနူးညံ့တဲ့ စိတ်နဲ့ နူးညံ့တဲ့ ကောင်လေးလေ
ပြီးတော့ အဲ့လိုသူမနားမှာကာကွယ်ပေးမဲ့ ကောင်လေးတစ်ယောက်ရှိရင် တကယ်ကောင်းမှာပဲ ဒါပေမဲ့ ရှားယောင်ကတော့ သူ့ဘေးမှာရှိနေဖို့ မထိုက်တန်ဘူး
"ရှားယောင် " ပြုံးရင်း သူမအော်ခေါ်လိုက်တယ်။
ရှားယောင်သည် ရင်းနှီးနေသည့်အသံကိုကြားကာ မျက်မှောင်ကြုတ်လိုက်သည်။ သူမနဲ့သိပ်မဝေးတဲ့နေရာတွင် အဖြူရောင်ဂါဝန်ကိုဝတ်ထားပြီး ပြုံးနေသည့်သူမရဲ့ အမဖြစ်သူကိုတွေ့လိုက်ရသည်။
သူမတွေးရင်းဖြင့် စခရင်နဲ့ နီးတဲ့နေရာသို့လျှောက်လာလိုက်သည်။
"ရှားယောင် ဒီမှာက ထပ်ဆုံးအယောက် 100 ကိုပဲ ပြတာလေ။ နင်ကဒီကို နင့်အမရဲ့ အဆင့်အတွက်လာတာမလား။ စိတ်မပူပါနဲ့ ငါ့အဆင့်က အရမ်းငြိမ်နေတယ်"
ရှားရှီကပြုံးလိုက်ပေမဲ့ ရှားယောင်က သူမကိုလျစ်လျူရှုထားသည်ကို တွေ့တာကြောင့် သူမထပ်ပြောလိုက်တယ်။
"ရှားယောင် ဒီတစ်ခေါက်စာမေးပွဲမှာ ကောင်းကောင်းမလုပ်နိုင်လို့ စိတ်မညစ်ပါနဲ့ ရှားရှီက ရှုရှီကျိုးကို တစ်ချက်ကြည့်လိုက်ရာ သူမမျက်နှာာမှအပြုံးသည် ပို၍ဆိုးဝါးလာတော့သည် ။ ငါကျောင်းဆင်းရင် နင့်ကို စာပြန်သင်ပေးမယ်လေ။ နောက်တစ်ခါတော့ နင်သေချာပေါက် ကောင်းကောင်းဖြေနိုင်မှာပါ ။ အိုကေနော်"

YOU ARE READING
??????? ! ????????????? (????????)
Teen Fiction??????????? ??????????? ???????? ???????????????? ??????????? ?????????? ???????????? ??????????????? ??????????????? ?????? ??????????????? ?????????? ????????????????????????????????? ???????? ?????????????? ???????? ------- ????????? - ????????...