抖阴社区

Chapter 34

425 37 0
                                    

အနားရှိ ဆိုင်းဘုတ်တွင် အပေါက်ကြီးတစ်ပေါက်ကျန်နေခဲ့သည်။

ရှားယောင် သူမမျက်လုံး ၊နာခေါင်း တို့ကိုပွတ်လိုက်ပီး မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးနေသည့် မျက်နှကြတ်ကို တွေ့လိုက်ပြီး စားပွဲခုံဘေးမှ အဝတ်အိတ်ကိုမြင်လိုက်ခါမှ သူမဦးဏှောက်သည် လုံးဝကြည်လင်သွားတော့သည်။

သူမပြန်ရောက်လာတယ်။

သူမအိပ်ယာပေါ်မှထလိုက်ပီး နေထိုးနေသည့် လိုက်ကာကို ပျင်းပျင်းနဲ့ပဲ ဆွဲလိုက်သည်။

ဝတ္ထုရဲ့ ဇာတ်ကွက်အရဆိုရင် သူမက တစ်နေရာရာမှာရောက်နေရမှာလေ အခုတော့ အိမ်ကို လုံလုံခြုံခြုံပြန်ရောက်နေသည်။ သူမကို မည်သူပြန်လိုက်ပို့သည်ကို သူမဦးဏှောက်ကို ဖျစ်ညှစ်ပြီး စဉ်းစားနေပေမဲ့ သူမ မနေ့ကအကြောင်းအရာများကို သတိမရပေ။ ငါဘယ်လိုပြန်ရောက်လာတာလဲ ?

သူမစနစ်ကို မေးလိုက်သည်။

[ မနေ့က ငါဘယ်လိုပြန်လာတာလဲ? ]

[ host မူးသွားတုန်းက စနစ် ပိတ်သွားပြီး ဘာဖြစ်သွားမှန်း မသိလိုက်ရဘူး ]

[.......]

ငါနောက်ဆုံးမှတ်မိတာက ဖုန်းကိုကြည့်လိုက်တော့ ကိုးနာရီထိုးပြီဆိုတာပဲ

[ အဲ့တော့ ငါ တာဝန် ပြီးသွားလား ?]

[ ဒါကလွယ်ပါတယ် host ရဲ့ လက်ရှိ IQ က သာမန်ပဲလေ ဘာမှအသိဉာဏ်နိမ့်ကျသွားတာမရှိဘူးလေ ]

ရှုယီနွမ်အိပ်ပြန်လိုက်ပို့တယ်လို့ သူမတွေးမိလိုက်သည်။ ဒါ့ကြောင့် သူမ ရှုယီနွမ်အတွက် စာပို့လိုက်ပြီး အင်္ကျီလဲ မျက်နှာသစ် သွားတိုက် ရေချိုးလိုက်သည်။

ရေချိုးပြီးတာနဲ့ ကျီဟွိုက်ကသူမကို အိမ်ပြန်ပို့ခဲ့တာဆိုသည့် သတင်းကို ရှုယီနွမ်ဆီမှသိလိုက်ရတော့သည်။

သူမအလွန်လန့်သွားခဲ့ပေမဲ့ 'ကျီဟွိုက်က လူကောင်း‌လေ ငါသူ့ကို ကျေးဇူးတင်သင့်တာပေါ့'

သန့်စင်ခန်းမှာ ပြဿာနာဖြစ်သွားကတည်းက သူမရှုယီနွမ်အိမ်မှာပဲ နေခဲ့တာဖြစ်ပီး ဒီနေ့မှ အိမ်ကိုပထမအကြိမ်ပြန်လာခြင်းဖြစ်သည်။ သူမအသက်ခပ်ပြင်းပြင်းနှစ်ခါလောက်ရှူလိုက်ပီဲး ရှားရှီနဲ့ ရှားယွမ်တို့ အိမ်မှာရှိမနေဖို့ ဆုတောင်းနေမိသည်။

??????? ! ?????????????  (????????)Where stories live. Discover now