抖阴社区

Chapter 42

327 26 0
                                    

တာဝန်ရှိသူသည် တလမ်းလုံးကြောက်နေခဲ့ပြီး ငိုချင်နေခဲ့သည်။ အဲ့သူက အိမ်မှာ လူမိုက်ရှိတယ်လေ။

ညနေခင်းတွင် မိန်းကလေးတစ်ချို့က မီးပုံအတွက် သစ်ကိုင်းခြောက်များကို သွားကောက်ကြပြီး ကောင်လေးတွေကတော့ ငါးသွားဖမ်းကြသည်။

ရှားယောင်မရှိတာကြောင့် ရှားရှီစိတ်ကြည်နေပြီး သူမရဲ့ စခန်းချခြင်းက ပိုပြီး အဆင်ပြေလာခဲ့သည်။ သူမတခြားကောင်မလေးများနဲ့ သစ်ကိုင်းသွားကောက်ပီး ဒရမ်မာအကြောင်း ပြောခဲ့ကြသည်။

လူတိုင်းသည် မနက်ကသူမပျောက်နေရတဲ့အကြောင်းကို တိတ်ဆိတ်နေကြသည်။

အကြောင်းကတော့ ရှားရှီက ဘာဒဏ်ရာမှ ရမနေတာဖြစ်ပြီး အခု သူမအတန်းဖော်တွေကတော့ သူမအပေါ် ထင်မြင်ချက်တစ်ချို့ရှိနေကြသည်။ သူ့ကိုယ်သူ အပြစ်တင်မခံချင်တာကြောင့် ရှားယောင်က တွန်းချတာလို့ ပြောလိုက်သည်။

ရှားယောင်က သူမထက်ပို၍ ဒဏ်ရာရနေသည်။ လူတိုင်းဟာ ပိုပြီး ဒဏ်ရာရတာက အနိုင်ရခြင်းသင်္ကေတလို့ နားလည်ထားကြသည်။ သူမကတော့ သိပ်မခံစားခဲ့ရပေ။ အဲ့တာကတော့ မကောင်းတဲ့အချက်ဖြစ်သည်။ အချက်အလက်တွေကမူမမှန်တာကြောင့် ဘယ်သူမှမယုံကြပေ။

လေ့ကျင့်ခန်းလုပ်လေ့မရှိတာကြောင့် ထင်းခြောက်သွားကောက်ရာတွင် ခဏသာကောက်ရသေးပမဲ့ သူမထပ်မလှုပ်နိုင်တော့ပေ။ အသက်ရူသံပြင်းထန်လာပြီး သူမကောက်ထားတဲ့ ထင်းခြောက်အသေးလေးတွေနဲ့ စခန်းကိုသာပြန်လာတေ့သည်။ ကောင်လေးတစ်ချို့ကလည်း ငါးဖမ်းမိလာကြပြီး သူတို့သည် မီးစပျိုးနေပြီဖြစ်သည်။

ရှားရှီက ကျီဟွိုက် ကို တစ်ချက်ကြည့်လိုက်ရုံနှင့် တွေ့လိုက်သည်။

သူ့ရဲ့ တည်ရှိမှုက လူအုပ်ထဲတွင် ထင်းထွက်နေသည်။

ရှားရှီကသူမရဲ့ မသိစိတ်ထဲကနေ မျှော်လင့်ချက်ပါနေတဲ့ မျက်လုံးတွေနဲ့ သူ့ကို စိုက်ကြည့်နေလိုက်သည်။

သူမအကို ရှားယွမ်က သူမကို ကြိုက်နေတယ်ဆိုတာကို သိနေတာကြာခဲ့ပြီဖြစ်ပြီး သူမကလည်း သူ့ရဲ့ ကြင်နာမှုကို လက်ခံထားသည်။ သူတို့နှစ်ယောက်က သွေးသားမတော်စပ်ပေမဲ့ အပြင်မှာတော့ သူတို့က မောင်နှမများသာဖြစ်ကြသည်။ သူတို့က အမြဲတမ်းတစ်ခုခုကို တွေးတောချိန်ဆနေရသည်။

??????? ! ?????????????  (????????)Where stories live. Discover now