ရှားယောင်သည် အတန်းရှေ့တွင် လွယ်အိတ်လွယ်ထားပြီး မတ်တပ်ရပ်နေသည်။
သူတို့သည် ထိုမှသာ နှစ်ဝက်စာမေးပွဲသည် အတန်းပြောင်းမည့် စာမေးပွဲဖြစ်သည်ကို သတိရသွားကြတော့သည်။
ရှားရှီသည် သူမနေရာတွင် မတ်တပ်ရပ်လိုက်သည်။ ရှားရှီဒီလောက်အထိ တတ်ကြွနေလိမ့်မယ်လို့ မထင်ထားပေ။ သူမသည် အဆင့်ထွက်လာသည်နှင့် အတန်းA ကိုပြောင်းဖို့ အဆင်သင့်ဖြစ်နေခဲ့သည်။
သူမစာမေးပွဲမှာ ပထမရမယ်ဆိုတာသိနေတယ်။ သူမတကယ်ကြီးခိုးချတာတော်တာပဲ
သူမရဲ့ ညစ်ပတ်တဲ ပုံရိပ်ကို ဖွင့်ချရမယ်
တံခါးတွင် မတ်တပ်ရပ်နေသည့် မိန်းကလေးသည် အေးစက်စက်အကြည့်ဖြင့် အတန်းမှ ကျောင်းသားများကို ကြည့်နေလိုက်ပြီး ရုတ်တရက် တစ်ခစ်ခစ် ရယ်တော့သည် "ခိုးချတာလား? ငါတစ်တန်းလုံးမှာ ပထမရအောင် ဘယ်သူ့အဖြေလွှာကို ကူးချရမှာလဲ?"
သူမမျက်လုံးဖြင့် တစ်တန်းလုံးကို ကြည့်လိုက်ရာ တစ်ချို့သည် သူတို့ခြေထောက်များပင် မခိုင်တော့ပဲ တုန်နေကြတော့သည်။
ရှားယောင်က ရန်ဖြစ်တာတော်တယ်လို့ကြားထားတယ်။ သူ့လက်တွေကို ရင်ဘက်မှာ ပိုက်ထားလိုက်တော့သည်။
အတန်းသည်ရုတ်တရက် စကားများရပ်သွားသည်။ ရှားယောင်သည် စာမေးပွဲ၏ပထမနေရာကို အရယူထားသည်။ သူမရဲ့ အမှတ်စုစုပေါင်းသည် ဒုတိယနေရာမှတစ်ယောက်ထက်ပင် နှစ်မှတ်ပိုများသေးသည်။ သူမသည် ပထမနေရာတွင် ခိုင်မာစွာရှိနေသည်။
ပိုပြီးတော့ သူမဖြေတဲ့ စာမေးပွဲအခန်းကလည်း တစ်တန်းလုံးရဲ့ နောက်ဆုံးတွေပဲ ရှိနေပြီး သူမ ကူးချရင်တောင် ပထမမရနိုင်ပေ။
ဒါပေမဲ့ ရှားရှီကတော့ မယုံနိုင်သေးပေ။ သူမရှားယောင်ရဲ့ အကြည့်အောက်တွင် ရှောင်နေမိသည်။ သူမကလုံးဝမကောင်းဘူး။ သူမကို ဖော်ထုတ်ရမယ်။
"ရှားယောင် နင်ကတခြားသူရဲ့ အဖြေလွှာကို မကူးဘူးလို့ပြောတယ်နော်။ နင့်ကို ဆရာတွေရဲ့ ရုံခန်းအပြင်မှာ သောကြာနေ့က တွေ့လိုက်တယ်"

YOU ARE READING
??????? ! ????????????? (????????)
Teen Fiction??????????? ??????????? ???????? ???????????????? ??????????? ?????????? ???????????? ??????????????? ??????????????? ?????? ??????????????? ?????????? ????????????????????????????????? ???????? ?????????????? ???????? ------- ????????? - ????????...