အခန်း (၄)
"ဆော့မက်သရူး ရေထမချိုးသေးဘူးလား!!"
ဟာအို၏ အသံက မက်သရူးအခန်းထဲတွင် ကျယ်လောင်စွာထွက်ပေါ်လာ၏။
အိပ်နေရာမှ မက်သရူး မျက်လုံးဖွင့်ကြည့်လိုက်တော့ သူ့ကို ခါးထောက်၍ ကြည့်နေသော ဟာအိုဟျောင်းကို မြင်လိုက်ရသည်။
"ဟျောင်း... နားရက်လေးမလို့ အိပ်ချင်လို့ကို"
"မင်းအိပ်နေတာ အရမ်းကြာနေပြီ ခုပဲ ညနေ၅နာရီထိုးတော့မယ် ထမင်းတွေဘာတွေလည်း ထမစားဘူး.. မအိပ်နဲ့တော့ ထတော့.. ညကျမှ ပြန်အိပ်.. ခုလန်းသွားအောင် ရေချိုးလိုက်.. ပြီးရင် ငါနဲ့ထမင်းတူတူစားကြမယ်.. ခုထနော် အေး.."
"ထပါပြီ တကယ်ပဲ"
မက်သရူးရဲ့ ခေါင်းလေးကို ပွတ်ပေးပြီးနောက် ဟာအိုအခန်းထဲမှ ပြန်ထွက်သွား၏။
အိပ်ရာထဲမှ မထချင် ထချင်နှင့်ထပြီး မက်သရူးရေချိုးခန်းထဲသို့ ဝင်လိုက်ရသည်။
ရေချိုးပြီး အခန်းပြင်ထွက်လာတော့ ဂရူဗင်းနှင့် ရစ်ကီက ဧည့်ခန်းတွင် ဂိမ်းဆော့နေသည်ကိုတွေ့လိုက်ရ၏။
မီးဖိုချောင်တွင်တော့ ဟာအိုနှင့် ဂျီဝန်းက ဟင်းတူတူချက်နေကြလေသည်။
မက်သရူး ထမင်းစားပွဲတွင် ဝင်ထိုင်ကာ ဟင်းချက်နေသော ဟာအိုကို လှမ်းမေးလိုက်၏။
"ဟာအိုဟျောင်း ဘာစားရမှာလဲ"
"ဒီမှာပါစတာလုပ်နေတယ် ခဏစောင့်ဦး"
"ဟာ ပါစတာကြီးမစားချင်ဘူး.."
"အဲ့ဒါဆိုဘာစားချင်တာလဲ"
"အိမ်မှာခေါက်ဆွဲခြောက်ရှိသေးလား"
"မရှိဘူး ဟိုနှစ်ကောင်စားတာနဲ့ ကုန်ပြီ.. မနက်ဖြန်မှ မန်နေဂျာလာပို့လိမ့်မယ် အိမ်မှာကုန်နေတာတွေကို"
"အဲ့ဒါဆို ကျွန်တော် အိမ်နားက mart ကိုသွားလိုက်ဦးမယ်"
"ဟေ့ကောင် မြန်မြန်သွားပြီး မြန်မြန်ပြန်လာနော်"
ဟာအိုနှင့် ဟင်းအတူချက်နေသော ဂျီဝန်းက လှမ်းအော်လိုက်သည်။
YOU ARE READING
I GOT CHU
FanfictionBINTHEW FANFIC (COMPLETE) ????? fic ??????????????????????????????????? ????????????????????? ??
