抖阴社区

Part 6

304 39 0
                                        

အခန်း (၆)

မက်သရူးတို့အိမ်နားရှိ ကားပါကင်တွင် ဟန်ဘင်းတစ်ယောက် ရောက်နေပြန်ပြီ ဖြစ်သည်။

ဒီတခါတော့ သူတစ်ယောက်တည်းမဟုတ် ကားထဲတွင် ထယ်ရယ်ပါ ပါလာ​၏။ သူ့လက်ထဲတွင်လည်း ကြက်ကြော်ပါဆယ်ဗူးများ တပွေ့တပိုက်နှင့်။

ထယ်ရယ် သူ့လက်ထဲရှိ ကြက်ကြော်ဗူးများအား တလှည့် ဘေးခုံတွင်ထိုင်နေသော ဟန်ဘင်းအား တလှည့် မကျေနပ်ဟန်ဖြင့်ကြည့်လိုက်ပြီး

"ဆောင်းဟန်ဘင်း ပေးတဲ့ဒုက္ခတွေလည်း မကုန်နိုင်ဘူးနော်... ငါ့ကိုနှိပ်စက်ဖို့များ မင်း မွေးလာတာလား"

"အဲ့လိုမပြောပါနဲ့ကွာ သူငယ်ချင်းကလည်း... ဒီချိန်ကြီး ငါကိုယ်တိုင် ကြက်ကြော်တွေသွားပေးရင်ကျ တမျိုးဖြစ်သွားမှာပေါ့"

"အဲ့ဒါဆိုလည်းမပေးနဲ့လေ"

"မက်ချူးလေးက နေ့လည်က live မှာ ကြက်ကြော်စားချင်တယ်လို့ ပြောသွားတာ အဲ့ဒါညနေထဲကပို့ပေးမလို့ကို မင်းကအလုပ်တွေကရှုပ်နေတာနဲ့"

"အော်.. ငါကဘယ်သူ့အလုပ်တွေလုပ်နေရတာလဲ.. မင်းအလုပ်တွေပဲလေ"

"အေးပါကွာ.. မင်းကလဲ ကြက်ကြော်လေး သွားပို့ပြီး ပြန်လာရုံပဲဟာ.. မြန်မြန်သွားလိုက်..ပြီးရင် မင်းစားချင်တာ ငါလိုက်ဝယ်ကျွေးမယ်"

"ပြီးတာပဲ.."

ထယ်ရယ် ကားတံခါးဖွင့်ကာ ကားထဲမှအထွက်တွင် အဆောက်အဦးထဲမှ မက်သရူးထွက်လာသည်ကို ဟန်ဘင်း လှမ်းမြင်လိုက်ရ​၏။

"ထယ်ရယ် နေဦး ဟိုမှာမက်ချူး"

"ဟာ အတော်ပဲပေါ့ သူ့ပဲတခါတည်းပေးလိုက်တော့မယ်"

"နေပါဦး သူတနေရာရာသွားစရာရှိလို့ ထွက်လာတာလားမှမသိတာ.. မင်းလုပ်လို့ ကလေးကအပေါ်ပြန်တက်နေရဦးမယ်"

"အော်.. ငါ့ကျ အတင်းဆွဲခေါ်လာပြီး ကြက်ကြော်သွားပို့ခိုင်းတယ်..သူ့ဟာကျ သိတတ်နေတာ..အားကျမိပါတယ် ဆော့မက်သရူးရယ်.."

ထယ်ရယ်စကားကြောင့် ဟန်ဘင်းရယ်ချင်သွား​၏။

"ဟားဟား.. အဲ့လိုလဲမဟုတ်ပါဘူးကွာ.. မင်းအပေါ်တက်ပေးလိုက်.. ငါမက်ချူးနောက် လိုက်သွားကြည့်လိုက်ဦးမယ်.. မျက်နှာလေးမြင်ရလည်း မနည်းဘူး"

I GOT CHUWhere stories live. Discover now