抖阴社区

Part 20

222 27 0
                                        

အခန်း (၂၀)

CodeX အဖွဲ့​၏ fan meeting ပြုလုပ်ရာ hall အတွင်းတွင် လူများဖြင့် ပြည့်လျှံလျက်ရှိ​၏။

ထိုလူအုပ်ထဲတွင် ဟန်ဘင်းလည်းရှိနေသည်။ အရင် မက်သရူးနောက်လိုက်လျှင် ဝတ်နေကျ hoodie နှင့် မျက်နှာတွင် mask တပ်လျက်တော့ မဟုတ်။ ဆံပင်ကို အပေါ်သို့လှန်၍ ဖီးသင်ထားပြီး coat အနက်နှင့် style pants အနက်ကို အချိုးကျစွာ ဝတ်ဆင်ထားကာ coat အောက်၌ ရှပ်အင်္ကျီကိုခံ၍ မဝတ်ထားသောကြောင့် ရင်ဘတ်နေရာရှိ တက်တူးက အထင်သားပေါ်နေရာ ပုံမှန်ထပ် ပို၍ပင်ဆွဲဆောင်မှုရှိနေသည်။

တချို့က သူ့အား မက်သရူးရည်းစားမှန်း မှတ်မိနေကြ၍ ဖြစ်မည်။ ဘေးနားမှာရှိနေသောလူများက ဟန်ဘင်းအား ကွက်ကြည့်ကွက်ကြည့်။

နံဘေးတွေရှိနေသော လူများအား ဟန်ဘင်း လျစ်လျူရှုကာ stage ပေါ်ရှိ မက်သရူးကိုသာ ငေးကြည့်နေမိသည်။

သူ့ကလေးလေးက ဒီနေ့မှပို၍ ချစ်စရာကောင်းနေသလိုပင်။ T shirt အဖြူလေးနှင့် jean ဘောင်းဘီကို ရိုးရှင်းစွာဝတ်ထားပြီး ခေါင်းတွင် ဦးထုပ်အဖြူ အမွှေးပွလေးဆောင်းထားလေ​၏။

stage ပေါ်တွင်တော့ host က CodeX အဖွဲ့သားများကို မေးခွန်းများမေးနေလေသည်။ မေးခွန်းများကို အလှည့်ကျဖြေနေရာမှ ဂရူဗင်းက လူအုပ်ထဲရှိ ဟန်ဘင်းကိုလှမ်းကြည့်ကာ member များ တခြားကို အာရုံရောက်နေတုန်း လက်လှမ်းပြလိုက်သည်။

ဂရူဗင်းဆီမှအချက်ပြတာကို မြင်သည်နှင့် ဟန်ဘင်း သူ့လက်ထဲတွင်ကိုင်ထားသော board ကို အဆင့်သင့်ပြင်၍ လက်တဖက်ရှိ walkie-talkie မှတဆင့် ထယ်ရယ့်အား

"ထယ်ရယ်.. ထယ်ရယ် ကြားလား"

"အေး.. ကြားတယ် plan စပြီလား"

"အေး..ထယ်ရယ် ငါ board ကိုထောင်လိုက်တာနဲ့ camera ကို ငါ့ကို ရိုက်ဖို့သေချာပြောထားနော်"

"ပြောထားပါတယ်ကွ.. မပူနဲ့ မင်းသာ သေချာလုပ်"

ဟန်ဘင်းအိမ်၌ ရှိစဉ်က သူတို့သုံးယောက်ပေါင်းကာ မက်သရူးအား ဟန်ဘင်း propose လုပ်နိုင်ရေးကို ပူးပေါင်းကြံစည်ထားကြခြင်းဖြစ်သည်။

ဂရူဗင်းက ရှေ့ရက်တွင် ကြိုတင်၍ မက်သရူးအထင်လွဲနေသည့် ကိစ္စအား ရှင်းပြထားပြီး ဟန်ဘင်းက ယနေ့ပွဲနေ့မှ surprise event အနေနှင့် propose လုပ်မည်ပင်။

I GOT CHUWhere stories live. Discover now