抖阴社区

Part 11

212 34 0
                                    

အခန်း (၁၁)

*တီ တီ တီ တီ

အခန်းတံခါးဖွင့်နေသည့်အသံကပင် မက်သရူး​၏ နှလုံးခုန်သံတို့ကို ပို၍ မြန်ဆန်စေနေ​၏။ စိတ်လှုပ်ရှားနေသောကြောင့် အေးစက်နေသော သူ့ရဲ့ လက်ဖျားလေးများကို ဟန်ဘင်းက တယုတယဆုပ်ကိုင်ကာ သူ့အား ငုံ့မိုးကြည့်၍

"ဘေဘီ လက်ဖျားတွေလည်းအေးစက်လို့ ဘာလဲ ကိုကို့ကို ကြောက်နေတာလား.. ကိုကိုကကိုက်မစားပါဘူးကွ"

ဟန်ဘင်းကို မျက်စောင်းထိုးကြည့်လိုက်ပြီး

"မလိုက်ပါဘူးဆိုတာ ကိုကိုကအတင်းခေါ်လာတာကို"

"အေးကွာ ကိုကိုက တော်တော်ဆိုးတာပဲ.. အရင်ဆုံး အိမ်ထဲအရင်ဝင်ရအောင်...အထဲရောက်မှ ကိုကိုချော့မယ် ဟုတ်ပြီလား.. တော်ကြာတခြားလူတွေ ဘေဘီ့ကို မြင်ပြီးမှတ်မိသွားဦးမယ်"

ဟန်ဘင်း​၏ စကားကြောင့် မက်သရူး သူ့မျက်နှာပေါ်ရှိ mask ကို အပေါ်သို့ထပ်၍ ဆွဲတင်ပြီး အိမ်ထဲသို့ အလျှင်အမြန်ပင်ဝင်ခဲ့သည်။

အိမ်ထဲဝင်လိုက်သည်နှင့် သင်းပျံ့နေသော မွှေးရနံံ့နှင့်အတူ အဖြူရောင်နှင့် မီးခိုးရောင်ကို အချိုးကျစွာ အသုံးပြုထားသည့် သန့်ရှင်းသပ်ရပ်နေသော ဧည့်ခန်းလေးက မက်သရူးအား ဆီးကြိုနေ​၏။

အိမ်အဝင်ဝတွင် ချထားသော ပုံစံတူအရောင်တူ အိမ်တွင်းစီး ဖိနပ်လေးနှစ်ရံကို မြင်လိုက်ရတော့ မက်သရူးက ဟန်ဘင်းဘက်သို့ လှည့်၍

"ဒီဖိနပ်ဆင်တူက ကိုကိုနဲ့ဘယ်သူနဲ့စီးတာလဲ"

သူ့စကားကို ဟန်ဘင်းက ပြုံးလိုက်ပြီးနောက် ဒူးတစ်ဖက်ထောက်ချကာ ထိုင်၍ ဖိနပ်နှစ်ရံထဲမှ တစ်ရံကို ယူကာ မက်သရူးရှေ့တွင် ချပေးပြီး

"ဘေဘီနဲ့ တူတူစီးဖို့လေ"

သူ့ကို ထိုင်လျက်အနေအထားဖြင့် မော့ကြည့်နေသောဟန်ဘင်းကို ငုံ့ကြည့်လိုက်ပြီး မကျေမနပ်ဖြစ်နေသော လေသံနှင့် နှုတ်ခမ်းကိုစူကာ

"ကျွန်တော်နဲ့..? ကျွန်တော်မှ ကိုကို့အိမ် တခါမှ မလာဖူးတာ"

ဟန်ဘင်းထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး မက်သရူး​၏ စူထွက်နေသော နှုတ်ခမ်းလေးကို မနာအောင် ခပ်ဖွဖွ သွားဖြင့်ကိုက်လိုက်ပြီး

I GOT CHUWhere stories live. Discover now