Description
ငယ်ငယ်တုန်းကတော့ "ယန်ကျန်း"ဟာ အထွဋ်အထိပ်မှာ ရှိနေတဲ့ပန်းလေး "ကုချင်းဟယ်"ကို စနောက်ရတာ အရမ်းသဘောကျခဲ့တာ။
ကုချင်းဟယ်ကို ချည်းကပ်ပြီး ခူးဆွတ်နိုင်ဖို့နဲ့ သူ့အပိုင်ဖြစ်အောင် လုပ်ဖို့ အခွင့်အလမ်းတွေ တောက်လျှောက်ရှာခဲ့တယ်။
အောင်မြင်တာ၊ မအောင်မြင်တာကတော့ တကဏ္ဍပေါ့လေ..
အခုချိန်မှာ ယန်ကျန်းက အရမ်းနာမည်ကြီးတဲ့ မင်းသမီး ဖြစ်လာတာတောင် မူလရည်ရွယ်ချက်က ပြောင်းမသွားဘူး။
"ဒေါက်တာကု" ဆိုတဲ့ ပန်းလေးကို ခူးဆွတ်ဖို့ ကြိုးစားနေတုန်းပဲ။
ယန်ကျန်း အမြဲထင်ခဲ့တာ.. သူချစ်ရတဲ့ လူသားလေးက သာမန်လူ တစ်ယောက်ပဲလို့လေ..
နှလုံးသွေးကြောဆိုင်ရာ ခွဲစိတ်ဆရာဝန်လေး ကုချင်းဟယ်..
အနေအေးဆေးပြီး ဘာသိဘာသာနေတတ်ပေမယ့်လည်း စိတ်ရင်းက ကြင်နာတတ်ပြီး နွေးထွေးလေတော့ လူအများကို ဆွဲဆောင်နိုင်စွမ်းအား အပြည့်ရှိတယ်။သေချာပေါက်... အဲ့ဒီဒေါက်တာကုရဲ့ရင်ကို တလှပ်လှပ်ခုန်သွားအောင် သူ မလုပ်နိုင်သေးဘူးပေါ့..
ယန်ကျန်းမှာ အတော်လည်း ဒုက္ခများရပါတယ်..
ဒါပေမယ့် ကုချင်းဟယ်ကတော့ အရာများစွာကို မတူတဲ့အမြင်က မြင်တယ်။ ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေက နတ်ဆိုးသွေးတွေလိုမျိုး..
သူ့အတွေးတွေက အမှောင်ထုထက်မက နက်နဲတယ်။သူ့မှာ တစ်ဖက်သားကို ခွဲထုတ်ပြီး အရိုးထိအောင် မျိုချလိုတဲ့ ဆန္ဒရှိတယ်..
အဲ့ဆန္ဒကို ကာလကြာရှည်စွာ ချုပ်နှောင်ထားခဲ့ရတာ။ခြိမ်းခြောက်မှု မှန်သမျှကို ရှင်းထုတ်ပစ်ပြီး ယန်ကျန်းက သူ့တစ်ယောက်တည်းရဲ့အပိုင်ပဲ ဖြစ်လာစေရမယ်..
ဆိုတော့ တစ်ကြောင်းတည်းနဲ့ အကျဥ်းချုပ်ရရင်..
အိုင်ကျူမြင့်ပြီး ပိုင်စိုးပိုင်နင်နိုင်တဲ့ ပုန်းလျှိုးကွယ်လျှိုး ဘောစိနဲ့ ပရောပရီနိုင်ပြီး ဖြားယောင်းသွေးဆောင်တဲ့ အမျိုးသမီးတို့ကြား တစ်ယောက်ကို တစ်ယောက်မ,ကွေး,ကွေးသွားအောင် အကွက်တွေ ထုတ်သုံးကြမယ့် အချစ်ဟာသ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်ဗျ...
------------
Author(s) - Su Xi 素西
ဘာသာပြန်သူ - အပျင်းကြီးတဲ့ LeoN
ဒါလေးကို ဟိုဘက်ရပ်ကွက်တွေမှာ ပျင်းတဲ့အချိန်တိုင်း လာယောင်ပါ့မယ်
မှတ်ချက်... ကုချင်းဟယ်က ကြင်နာတတ်ပြီး နွေးထွေးတယ်ဆိုတာ သူ့ရည်စားလေးပဲ အဲ့လိုမြင်တာပါ..

YOU ARE READING
???????????? ??????? ????????????????????? ?????????????
Romance????????? (????) ????????????? ????????????????????? ??????????????? ?????