အပိုင်း (၄)"ကျောင်သားတို့ ဒါက ငါတို့ရဲ့အတန်းဖော်အသစ် ယန်ကျန်းပဲ.. ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါဦး"
ကျန်လောင်ရှီးက ယန်ကျန်းကို စာသင်တဲ့စင်မြင့်ရဲ့ ဘေးဆီ ခေါ်လာကာ မိတ်ဆက်ပေးလိုက်တယ်။ ယန်ကျန်းက ကြည့်ကောင်းတယ်။ ဘဲဥပုံမျက်နှာလေးနဲ့ မျက်ခုံးထူထူရှိပြီး တောက်ပကြည်လင်တဲ့ မျက်ဝန်းတွေက ရွှင်ပြနေပုံရတယ်။
မျက်ရည်ခံမှဲ့လေးတစ်ခုနဲ့ ပါးနှစ်ဖက်မှာ ပါးချိုင့်လေးပါတာမို့ သူ့အပြုံးလေးက လူကို အင်မတန် ကူးစက်စေတယ်။ ယန်ကျန်းဟာ အရှေ့က အတန်းဖော်တွေကို ကြည့်ရင်း ရှိုးတိုးရှန့်တန့်လေး ပြုံးပြပြီးတော့ မိတ်ဆက်လိုက်တော့တာ။
"အားလုံးပဲ မင်္ဂလာပါ.. ငါက ယန်ကျန်း.. အားလုံးနဲ့ အတူတူစာသင်ဖို့ မျှော်လင့်ပါတယ်"
ယန်ကျန်းက လှပတယ် ဆိုပေမယ့်လည်း အခန်း ၁ ဆိုတာ ပညာရေးအောင်မြင်မှုကို တန်ဖိုးထားတယ်လို့ လူသိများကြတာ။
ချမ်းသာကြွယ်ဝပြီး ပညာရေးမှာ ထူးချွန်တဲ့ ထိပ်တန်းကျောင်းသားများအတွက် စုစည်းရာနေရာ ဖြစ်သလို ကျောင်းအတွင်း အထင်ရှားဆုံး ကျောင်းသားတွေအတွက် နေရာလည်း ဖြစ်တယ်။
လူတိုင်းက စင်မြင့်ပေါ်က ကျောင်းသူလှလှလေးကို စူးစမ်းနေကြတယ်။ အဲ့ကျောင်းသူကို ကျောင်းရဲ့အဆင့်သတ်မှတ်ချက် ထိပ်ဆုံးကျောင်းသား ၅၀ ထဲမှာမပြောနဲ့၊ ၁၀၀ ထဲမှာတောင် မမြင်ဖူးလို့လေ။
လူတိုင်းက တိုးတိုးတိုးတိုးနဲ့ အတင်းပြောနေကြချိန် တစ်ယောက်ယောက်က အစပြုပြီး အတန်းဖော်အသစ်လေးအတွက် ကြိုဆိုလက်ခုပ်တီးပေးလိုက်တယ်။ နောက် လက်ခုပ်ဩဘာသံတွေ တဖျောင်းဖျောင်း ဆက်ထွက်လာကြလေရဲ့။
ဒီအဖြစ်တွေကို ယန်ကျန်း သေချာပေါက် သတိထားမိတာပေါ့..
"ကျောင်းသူလေးယန်.. ကျန်တဲ့ ဘယ်ခုံမဆို ဝင်ထိုင်လို့ရတယ်နော်"
ကျန်းလောင်ရှီးက သူ့ကို ထိုင်ခုံရှာပြီး ဝင်ထိုင်ဖို့ လက်ပြလာတယ်။ နောက်ဆုံးမှ ဝင်လာသူ ဖြစ်တာနဲ့အညီ ယန်ကျန်က သဘာဝကျကျပဲ အခန်းအတွင်း 'အကောင်းဆုံး' နေရာဖြစ်တဲ့ အနောက်ဘက် ထောင့်က နေရာကို ချိန်နေခဲ့တာ။

YOU ARE READING
???????????? ??????? ????????????????????? ?????????????
Romance????????? (????) ????????????? ????????????????????? ??????????????? ?????