အပိုင်း (၆)
နောက်ဆုံးတော့ နောက်ဆုံးအတန်း ပြီးသွားခဲ့ပြီ။ယန်ကျန်းဟာ မြို့ထဲက အကောင်းဆုံးကျောင်းဖြစ်တဲ့ နန်ဖျင်းအထက်တန်းကျောင်းကို အကပ်နဲ့ ဝင်ခွင့်ရခဲ့တယ်ဆိုတာ အမှန်ပဲ။ ဒါပေမယ့်လည်း နိုင်ငံရဲ့စည်းမျဥ်းတွေကြောင့် ဒီကျောင်းရဲ့ ပထမနှစ်နဲ့ ဒုတိယနှစ်ကျောင်းသားတွေဟာ ညနေခင်းစာဖတ်ချိန်ကို တက်စရာမလိုဘူးတဲ့။
အဲ့အချက်ကြောင့်ပဲ ယန်ကျန်း ဆွဲဆောင်ခံလိုက်ရတာ။ ဒါပေမယ့် သူ့လို အချိန်ကို ဖြုန်းနေတဲ့ ကျောင်းသားတွေကတော့ ရှားတာပေါ့။
နန်ဖျင်းကျောင်းက ကျောင်းသားတွေအတွက် ပုံမှန်ဆို ကျောင်းချိန်ပြီးနောက် အချိန်တွေက အားလပ်ချိန် မဟုတ်နေဘဲ နောက်ထပ်တိုက်ပွဲမြေ ဖြစ်တဲ့ စာကျက်ဝိုင်းတို့၊ ကျူရှင်တို့ကို ဦးတည်ကြတဲ့ အချိန်တွေ ဖြစ်လာကြတယ်။ ဆိုတော့ ပြောရမယ်ဆို ယန်ကျန်းဆိုတာ အတန်းချိန်ပြီးတာနဲ့ အိမ်ကို တစ်ချိုးတည်း လစ်တဲ့လူမျိုးပေါ့လေ။ ဒါပေမယ့် ဒီနေ့ကတော့ ကွဲပြားသွားတယ်။
"ဟေး ယန်ကျန်း နင် ဘာလို့ မပြန်သေးတာလဲ"
"ဘာလဲ.. ငါ မပြန်သေးတာ ထူးဆန်းလို့လား"
ယန်ကျန်းက လက်ထဲမှာ ဘောပင်တစ်ချောင်းကို လှည့်လှည့်ရင်း စားပွဲကို ဇိမ်ပြေနပြေမှီထားလို့ သူငယ်ချင်း ကျောပိုးအိတ်သိမ်းနေတာကို ထိုင်ကြည့်နေလိုက်တယ်။
လုဝမ်ဝမ်ဟာ နောက်ဆုံးစာအုပ်ကို ကျောပိုးအိတ်ထဲ ထိုးထည့်ပြီးတာနဲ့ စိတ်ထဲ ထူးထူးဆန်းဆန်း ဖြစ်ဖြစ်နဲ့ ယန်ကျန်းဆီ လျှောက်သွားလိုက်တယ်။
ပုံမှန်ဆို အတန်းထဲကနေ ပထမဆုံး ပြေးထွက်တဲ့ယန်ကျန်းက ဒီနေ့ ဘာလို့ မပြန်သေးပါလိမ့်...
"သေချာပေါက် ထူးဆန်းတာပေါ့.. ဘာလို့ မပြန်တာလဲ"လုဝမ်ဝမ် သတိပေးလာတော့မှပဲ သူဟာ အတန်းပြီးတာနဲ့ ချက်ချင်းပြန်လေ့ရှိတာကို ယန်ကျန်း သတိရတော့တာ။ ဒါပေမယ့်လည်း တချို့သော ခက်ခဲနက်နဲတဲ့ အကြောင်းရင်းတွေကြောင့် သူ ဒီနေ့တော့ ရစ်သီရစ်သီ နေခဲ့ရမှာပဲ။

YOU ARE READING
???????????? ??????? ????????????????????? ?????????????
Romance????????? (????) ????????????? ????????????????????? ??????????????? ?????