အပိုင်း (၇)
ကုချင်းဟယ်ဟာ ယန်ကျန်းတစ်ယောက် အရိပ်အကဲနားလည်သွားပြီး သူ့ကို လွှတ်ပေးမယ်လို့ ယူဆမိလို့ အေးတိအေးစက်ဆန်ဆန်နဲ့ ပြောလိုက်တာပဲ။ ဒါပေမယ့် သူ ပြန်ကြည့်လိုက်ချိန်မှာ ယန်ကျန်းက လုံးဝကြောက်သွားပုံမရဘဲ ကျိတ်ပြီးတော့တောင် ခွီးနေသေးတာ။
"နင် ဘာထပ်ရယ်နေပြန်တာလဲ"
"မထင်ထားဘူး ကုရွှယ်ပါ့က နည်းနည်းလေးအသန့်အပြန့်အစွဲအလမ်းရှိတဲ့လူပဲ"
ယန်ကျန်း တခွီးခွီးရယ်နေပေမယ့်လည်း လိမ်လိမ်မာမာနဲ့ နောက်ဆုတ်လိုက်တယ်။ပြီးတော့ အလွန်တရာ သနားစရာကောင်းတဲ့အကြည့်နဲ့ သူ ဆက်ပြောလိုက်တယ်။
"ငါ့ကို သင်ပေးမယ်လို့ ကတိပေးထားတာကို နင် တည်မယ် ထင်နေတာ.. ငါ့မှာ လုဝမ်ဝမ်ကိုတောင် အရင်ပြန်ခိုင်းလိုက်သေးတယ်.. တကယ်လို့ နင်သာ မသင်ပေးရင် ငါ တစ်ယောက်တည်း အိမ်ပြန်ရတော့မှာ... မနက်ဖြန်ကျ အင်္ဂလိပ်စာ အတန်းကျရင် လောင်ရှီးဆူတာ ခံရဦးတော့မှာ.. ညအမှောင်ထဲ တစ်ယောက်တည်း လမ်းလျှောက်အိမ်ပြန်ရတာလည်း မလုံခြုံဘူး"ကုချင်းဟယ်မှာ အသက်ကို ပြင်းပြင်းရှူသွင်းမိတယ်။ ဒီရက်ပိုင်းထဲမှာတင် ယန်ကျန်းနဲ့ စကားနိုင် မလုနိုင်မှန်း သူ သိရှိထားပြီးပြီ။
လောင်ရှီးရဲ့စကားကို သူ သဘောတူမိလိုက်တာကလည်း တစ်ခဏတာ ဆင်ခြင်သုံးသပ်နိုင်စွမ်း ပျောက်ဆုံးသွားလို့သာ။
"နင်မှ မသင်ချင်တာ ငါက ဘာလို့များ အာရုံအနှောက်ခံပြီး သင်ပေးရမှာလဲ.. အချိန်ဖြုန်းရာကျတယ်""ဟေး ခဏစောင့်ပါဦး"
ယန်ကျန်းက ကုချင်းဟယ်ကို တားလိုက်ပြီး ကျောပိုးအိတ်ကို အရင်မှောက်ချလိုက်တယ်။ ယန်ကျန်းတစ်ယောက် သကြားလုံးခွံ၊ မုန့်အခွံတွေကြားထဲမှာ လှန်လောရှာဖွေနေတာကို ကုချင်းဟယ် ကြည့်ရင်း ဆက်တောင် ကြည့်ချင်စိတ် မရှိတော့ဘူး။ နောက်တော့ ယန်ကျန်းက မှတ်စုစာအုပ်တစ်အုပ် ကမ်းပေးလာတယ်။
"ဒီမှာ အထဲကို ဖွင့်ကြည့်လိုက်"
ယန်ကျန်း အတင်းအကြပ်ထိုးပေးနေတာကို ငြင်းမရတော့တဲ့နောက်ဆုံး ကုချင်းဟယ် ဖွင့်ကြည့်လိုက်တယ်။ စောစောက အင်္ဂလိပ်စာအတန်းရဲ့ အင်္ဂလိပ်စာ မှတ်စုတွေကို သေသေသပ်သပ်ရေးထားပြီး လောင်ရှီး သင်ပြထားတဲ့ အသံထွက် အရှည်တွေကိုတောင် မှတ်ထားတာကိုပါ အံဩစရာတစ်ခုအနေနဲ့ တွေ့လိုက်ရတာပဲ။

YOU ARE READING
???????????? ??????? ????????????????????? ?????????????
Romance????????? (????) ????????????? ????????????????????? ??????????????? ?????