抖阴社区

                                        

ပြောပြောဆိုဆိုပင် mask ကိုတပ်ခါ ဦးထုပ်ကိုဆောင်းလိုက်ပြီး ကားထဲမှ ထွက်လိုက်လေသည်။

ထယ်ရယ်က သူ့အား ခေါင်းခါပြပြီး

"မက်သရူးက မင်းကို sasaeng fan လို့ထင်သွားမှပဲ အေးသွားမယ် မင်းလဲ"

"ဘာ sasaeng လဲ.. ငါကချစ်လို့ကွ ချစ်လို့ ..မတူဘူး.. မင်းလုပ်တာနဲ့ မက်ချူးတောင် ဘယ်ရောက်သွားပြီလဲ မသိဘူး"

ထယ်ရယ့်အား ရန်ပြန်တွေ့ပြီးနောက် မက်သရူး သွားသည့်နောက်သို့ အမှီပြေးလိုက်လိုက်​၏။

မြစ်ကမ်းစပ်နားအရောက်တွင်တော့ မက်သရူး ကန်ဘောင်ပေါ်တွင်ထိုင်ကာ ငေးနေသည်ကို ဟန်ဘင်း ခပ်လှမ်းလှမ်းမှနေ၍ ကြည့်နေလိုက်သည်။

ခဏအကြာတွင် မက်သရူး ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီးနောက် ခြေချော်ကာ ရေထဲကျသွားသည်ကို မြင်လိုက်ရ၏။

"မက်ချူး!!!"

မျက်စိထဲတွင် ဘာမှမမြင်နိုင်တော့ပဲ ရေထဲကို အမြန်ပင် ပြေး၍ခုန်ချလိုက်ပြီးမှ သူရေမကူးတတ်မှန်း အချိန်လွန်မှ သတိရသွားလေသည်။

"ဖလူး..ဖလူး"

"ဘင်း.. ဘင်းမလား..ရေထဲဘာဆင်းလုပ်တာလဲ"

ရေထဲတွင် ဒုက္ခရောက်နေတုန်း မက်သရူး အသံကို ကြားလိုက်ရသည်။

"မက်ချူးကို..ဆင်းကယ်တာ..ဖရူး..ဖရူး"

"ကျွန်တော်က ကမ်းပေါ်တောင်ပြန်ရောက်နေပြီ..ပြန်တက်ခဲ့တော့လေ"

mask တပ်ထားသောကြောင့် အလျှင်အမြန်ပင် ရေမွန်းလာကာ ဟန်ဘင်းအသက်ရှုလို့မရဖြစ်လာ၏။

"ဟို..ကျွန်တော်..ရေမကူးတတ်..ဖရူး..ဖရူး"

နောက်ဆုံးတွင်တော့ ဟန်ဘင်းအသိစိတ်တခုလုံး အမှောင်ဖုံးသွားခဲ့တော့သည်။

-------------------------------------------------------

မြစ်ကမ်းစပ်ဘောင်ပေါ်တွင် မက်သရူးငုတ်တုတ်ထိုင်ကာ သူ့မျက်စိရှေ့တွင် ပက်လက်အနေအထားနှင့် ဖြစ်နေသော ဘင်း အားစိုက်ကြည့်နေမိသည်။

သူ့အားဆင်းကယ်သည့်လူကို သူကပြန်ကယ်လိုက်ရသည့်အဖြစ်ကိုလည်း ပြန်တွေးကာရယ်ချင်နေ​၏။

I GOT CHUWhere stories live. Discover now