Unicode:
ကစားသမားအများစုသည် တစ္ဆေလာနေပြီဟု ကြားလိုက်ရသည့်အချိန်ကထက် ပိုပြီးတော့တုန်လှုပ်လာကြတော့သည်။
တစ္ဆေတွေက ရုပ်ဝတ္ထုမရှိတာကြောင့်မို့လို့ လူတွေက တစ္ဆေတွေကို မထိလည်း မထိနိုင်သလို မြင်လည်းမြင်နိုင်မှာ မဟုတ်ပေ။ ဒါ့အပြင် အလောင်းက သူ့ဘာသာ နဂိုအတိုင်းပဲရှိနေတာတောင်မှ ကြောက်စရာကောင်းလှ၏။ ဖုတ်ကောင်တွေ လူတွေကိုကိုက်နေတာကိုမြင်ရခြင်းက ကြောက်စရာကောင်းသလိုပင်။
ဒါပေါ့ အဓိကအကြောင်းအရာကတော့ လူတိုင်းက ဒီမှာတစ္ဆေတွေရှိတယ်ဆိုတာကို သိကြသည်။အဲဒါကြောင့်မလို့ တစ္ဆေတွေလာခဲ့မယ်ဆိုရင်တောင်မှ သူတို့ထူးဆန်းမှာမဟုတ်ပေ။ဒါပေမဲ့ အလောင်းကောင်ကြီးကို ရိုက်စားလုပ်ဖို့အတွက်တော့ သူတို့အဆင်သင့်မဖြစ်ကြသေးပါ။ဒါကြောင့် ဒီစာကြောင်းကို ကြားလိုက်ရတဲ့အခါမှာ သူတို့ နှလုံးဖောက်မလိုတောင်ဖြစ်သွားခဲ့ကြသည်။
ကုမော်ရှီး၏ သတိပေးသံဆုံးသည်နှင့် အခေါင်းထဲက အလောင်းရဲ့လှုပ်ရှားမှုက ပိုပိုပြီးတော့များလာခဲ့သည်။အခေါင်းရဲ့အဖုံးပေါ်ကို ခေါက်နေတဲ့အသံကနေ လက်သည်းတွေနဲ့ ကုတ်ခြစ်တဲ့အသံဆီသို့ပြောင်းလဲလာသဖြင့် ကစားသမားတွေအကုန်လုံး လန့်ဖျပ်သွားကြသည်။နောက်ဆုံးမှာတော့ အဲဒီအသံက ကျွီခနဲ မြည်သံဖြစ်သွားပြီးတော့ သူတို့ပို၍ နားရှုပ်လာရတော့သည်။
အလောင်း၏ခြေထောက်သည် တံခါးမကြီးကိုဦးတည်ပြီးတော့ ဦးခေါင်းသည် အနောက်တံခါးကို ဦးတည်ပြီးတော့ ရှိနေ၏။အဲဒါကြောင့်မလို့ သူက သူ့ရဲ့လက်သည်းရှည်ကြီးတွေနဲ့ အခေါင်းအဖုံးကို တံခါးဆီဦးတည်ပြီးတော့ ရွှေ့လိုက်သည်။အဲဒီလိုမျိုးလုပ်လိုက်ခြင်းက သူ့ရဲ့အပေါ်ပိုင်းခန္ဓာကိုယ်ကိုဖော်ပြနိုင်ပြီးတော့ ထထိုင်ဖို့ လွယ်ကူစေလို့ပင်။
ဒါပေမယ့် အလောင်းကောင်က ထင်သလောက် ဉာဏ်မကောင်းခဲ့ဘဲ အခေါင်းကြီးကို နှစ်ခါရွှေ့မိသွားမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးယဉ်မထားခဲ့ပေ။ခဏနေတော့ ဘန်းကနဲမြည်သံကိုကြားလိုက်ရပြီး တဖျောက်ဖျောက်မြည်တဲ့အသံတွေကိုပါ ထပ်ဆင့်ကြားလိုက်ရသည်။ကြည့်ရသည်မှာ အရာဝတ္ထုတော်တော်များများ ပြုတ်ကျသွားသလိုပင်။
YOU ARE READING
? ??????????????? ??????????????????????????????????? ?
HorrorGenres _ Bl , Horror , Supernatural, Comedy, Action
