Unicode:
ကုမော်ရှီးသည် အခန်းထဲမှာရပ်နေပြီး ယခင်က အတွေ့အကြုံအရ တံခါးအား ကြည့်လိုက်သည်။ တံခါး၏ သော့ခလောက်မှာ သော့အိမ်ခလုတ်ပုံစံအမျိုးအစားမျိုးဖြစ်ပြီး သာမန်အခန်းသော့ခလောက်သာ ဖြစ်သည်။
သူသည် ခြေလှမ်းမဝင်ခင်ကတည်းက စမ်းကြည့်ခဲ့ပြီး သော့ခလောက်မှာ မခတ်ထားဘဲ ပွင့်နေ၏။ ခလုတ်အား သော့ခတ်ရန် ကြိုးစားလိုက်သော်လည်း ၎င်းသည် သေချာပေါက် မရပါချေ။
ထို့နောက် သော့ဖွင့်လိုက်သောအခါ တံခါးကို ဖွင့်နိုင်လေ၏။သို့သော် တံခါး၏နောက်မှ မြင်ကွင်းသည် ဧည့်ခန်းထဲတွင် မြင်တွေ့ခဲ့ရသည်နှင့် များစွာ ကွာခြားမှုမရှိပေ။အဘယ်ကြောင့်ဆိုသော် ၎င်းသည် တစ္ဆေနံရံ၏ အဓိကပုံစံဖြစ်၍ပင်။
ကုမော်ရှီးသည် တံခါးကိုဖွင့်ရန် မလောခဲ့ဘဲ အိမ်ခန်းအား လှည့်လည်၍ကြည့်လိုက်၏။
သေချာပေါက် သူကား နေစရာအတွက် ရှာဖွေနေခဲ့သည် မဟုတ်ဘဲ တစ္ဆေများ ဂရုစိုက်လောက်မည့် အခန်းထဲမှ တစ်ခုခုအား ရှာဖွေရန် ဖြစ်၏။ဤအချိန်တွင် တစ္ဆေသည် ပုန်းအောင်းနေပေလိမ့်မည်။ အကယ်၍ ၎င်းကို ကိုယ်က ဦးအောင် ရှာဖွေခဲ့လျှင် အားအင််ကို ဖြုန်းတီးသလိုပင်။တစ္ဆေများကို ဆွဲဆောင်နိုင်မည့် တစ်ခုခုအား ရှာတွေ့နိုင်ခဲ့ပါက ပိုကောင်းလိမ့်မည်။
ဤကဲ့သို့သောအရာမျိုးမှာ ရှာရန်အလွန်လွယ်ကူပါ၏။ အကြောင်းအရင်းကား ကုမော်ရှီးသည် တစ္ဆေဝိညာဥ်နှင့် ပတ်သတ်၍ ဆတ်ဆတ်ထိမခံသောကြောင့်ပင်။ အကယ်၍ ၎င်းမှာ တစ္ဆေများ ဂရုစိုက်သော ပစ္စည်းတစ်ခုဖြစ်ပါက တစ္ဆေမှာ ပို၍ပင် ကြမ်းတမ်းစွာ ပြုမူလာပေလိမ့်မည်။
ကံမကောင်းစွာပင် ဤအခန်းထဲ၌ တစ်ခုသာ ရှိ၏။
ကုမော်ရှီး တံခါးအတွင်းသို့ မဝင်ခင်က တစ္ဆေများသည် ဤနေရာမှာ ပုန်းနေခဲ့ကြပြီး နောက်တော့ သူတို့သည် အခန်းထဲမှ သတိရှိစွာ ထွက်လာကြသည်။နောက်ပိုင်း သူတို့ စကားပြောနေကြပြီး အခြားကစားသမားများမှာ အခန်းများအား အသီးသီး ခွဲဝေသတ်မှတ်လိုက်ကြသည်။ သူ ဒီမှာနေသည်ကို မြင်သောအခါ သူတို့သည် ဤအခန်းကို မရွေးချယ်ခဲ့ကြတော့ပေ။
YOU ARE READING
? ??????????????? ??????????????????????????????????? ?
HorrorGenres _ Bl , Horror , Supernatural, Comedy, Action
