抖阴社区

Chapter 13 _ ( ??????? )

569 52 0
                                        

Unicode:

ဆရာကြီးတော်တော်စိတ်တိုသွားကာ အနောက်မှာ သူ့ကိုလိုက်စနေတဲ့ ကုမော်ရှီးကိုတောင် လျစ်လျှူရှုထားလိုက်ပြီး ကျီယန်းလင်လောင်တို့စီသာဦးတည်လိုက်သည်။သူ့ရဲ့ အထက်စီးဆန်တဲ့မျက်နှာကြီးကြောင့် ဘယ်ကစားသမားမှ မစနောက်ရဲတော့ပါ။

ကုမော်ရှီးက လျစ်လျှူရှခံရတာကို မကြိုက်သည်မို့ ချက်ချင်း မျက်မှောင်ကြုံ့သွားတော့၏။

အဲဒီကစားသမားတွေကို ကြည့်ရတာ တိုက်ခိုက်နိုင်မယ့်ပုံမပေါ်ပါ။ သူတို့က ဆရာကြီးကိုမကိုင်တွယ်နိုင်သလို ဆရာကြီးကို ထိရောက်တဲ့အတိုက်အခိုက်မျိုးလည်း လုံးဝလုပ်နိုင်မှာမဟုတ်ဘူး။ သူတို့က တကယ်ကို ဖြူဖြူစင်စင်လေးတွေပဲ။ဆရာကြီးကို သူတို့နဲ့ ပေးရင်ဆိုင်လိုက်ရင် နောက်ပိုင်းမှာ သူကိုယ်တိုင် အဲဒီကစားသမားတွေကို သွားကယ်ဖို့လိုလာလိမ့်မည်။ပြီးတော့ ကြည့်လိုက်ရင်လည်းကစားသမားအနည်းငယ်သာကျန်တော့သည်။

မဖြစ်နိုင်ပေမယ့် ကုမော်ရှီးက ဖုတ်ကောင်စီကိုသွားပြီး ဆွဲခေါ်လာကာ အဝေးကြီးကိုပစ်လိုက်ဖို့လိုအပ်သည်။တစ်ခြားကစားသမားတွေကိုတိုက်ခိုက်ချင်နေသရွေ့ ကုမော်ရှီးက အဲဒီဖုတ်ကောင်ကို ဆွဲယူပြီးတော့ ဆုံးမနိုင်လေသည်။

သူ ဒါကို ထပ်ပြီးတော့ မယုံနိုင်တော့ဘူး။ဖုတ်ကောင်ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို နေရာအနှံ့စမ်းကြည့်ပြီးနေပေမယ့် တစ္ဆေစွမ်းအင်လုံးကိုရှာမတွေ့နိုင်သေးပါ။

အဲဒီတော့ နိုင်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဖုတ်ကောင်ရဲ့ လက်တစ်ဖက်ကိုအနောက်ဖက်ကိုဆွဲလိုက်သည်။ထို‌နောက် တစ်ချက်ပဲထိုးလိုက်ရုံဖြင့် ဖုတ်ကောင်ရဲ့လက်မောင်းက ကုမော်ရှီးလက်ချက်ကြောင့် ပြုတ်သွားလေ၏။

ကုမော်ရှီး "..."

သူ့ရဲ့အစီအစဉ်က ပြောင်းလဲမှုတွေနဲ့ အမှီမလိုက်နိုင်သေးပေ။ဖုတ်ကောင်ရဲ့ခန္ဓာကိုယ်က အဲ့လောက်ထိ ထိန်းသိမ်းရမလွယ်ဘူးလို့မမျှော်လင့်ထားမိဘူး။အကုန်လုံးက ဖုတ်ကောင်ရဲ့ကြေးအသားရေနဲ့ သံအရိုးတွေဟာ လုံခြုံစိတ်ချရတယ်လို့ ပြောကြတယ်မဟုတ်လား။

? ??????????????? ??????????????????????????????????? ?Where stories live. Discover now