Unicode:
ဆယ့်ငါးမိနစ်ကြာပြီးနောက် ကုမော်ရှီး၏ဆိုင်၌ နောက်ဆုံးတွင် ဧည့်သည်များရောက်လာ၏။ သို့ရာတွင် ကုမော်ရှီးသည် တစ္ဆေများ မည်သည့်နေရာ၌ ပုန်းနေသည်ကို မသိသေးသည့်အပြင် တစ္ဆေဝိညာဥ်ကိုပါ မခံစားရသောကြောင့် အလုပ်မလုပ်လိုခဲ့ပေ။
ဖြတ်သွားဖြတ်လာ Npcများသည် ပစ္စည်းများဝယ်ရန်လာကြပြီး အားလုံးသော ဖြတ်သွားဖြတ်လာများ၏ မျက်နှာမှာ တူညီနေကြ၏။ ပြောချင်သည်မှာ အမျိုးသမီး Npcများ၌ မျက်နှာတစ်မျိုးဖြစ်၍ အမျိုးသား Npcများမှာလည်း မျက်နှာတစ်မျိုးဖြစ်သည်။ဆိုင်ပိုင်ရှင်များမှာတော့ မျက်နှာနှစ်ခုပေါင်းစပ်ထားသကဲ့သို့ပင်။ တစ်ခုတည်းသော ကွဲပြားခြားနားမှုမှာမူ ကစားသမားများတည်ရှိရာ ဆိုင်ခြောက်ဆိုင်ဖြစ်ပြီး ထိုဆိုင်များမှ Npcအလုပ်သမားများနှင့် သူဌေးများ၏ပုံမှာ ခြားနားပေသည်။
အစ်မကျွီသည် တူညီသော မျက်နှာများကြောင့် ပြဿနာအလွန်တက်ခဲ့ရပြီး စားပွဲဝိုင်းရှိ ဧည့်သည်များ ပြောင်းလဲသွားသည် မသွားသည်ကို မခွဲတတ်တော့၍ ဧည့်သည်များကို အမြဲမှားချ
ပေးမိတော့သည်။ ကံကောင်းစွာဖြင့် သူမသည် ဧည့်သည်များ၏ အဝတ်အစားနှင့် ခန္ဓာကိုယ် ပိန်သည် ဝသည် အရပ်ရှည်သည် ပုသည်ကို လျင်မြန်စွာ မှတ်မိခဲ့သည်။ ၎င်းဖြင့် သူမသည် ဧည့်သည်အသစ်လာခြင်းနှင့် စားပွဲအား ရှင်းလင်းရန်လိုခြင်း မလိုခြင်းတို့အား အကဲဖြတ်နိုင်ခဲ့သည်။
ဆက်စပ်၍ ပြောရလျှင် အခြားသော ကစားသမားများမှာ အတော်လေးပို၍ လွယ်သည်ပင်။ အခြေခံအားဖြင့် စတင်နှုတ်ဆက်ရန် မလိုဘဲ သူတို့၏ဆိုင်အား Npcမှ ရှာတွေ့သည်ကို စောင့်ရုံပင်။
ကစားသမားများသည် ဤကော်ပီအား ဘာလုပ်ရန်ဖြစ်သည်ကို ရှာမတွေ့ကြသေးတာကြောင့် သူတို့၏ အထောက်အထားလက္ခဏာအရ ရိုးရိုးသားသားသာ အလုပ်လုပ်နေကြရသည်။ သို့သော် အနားယူရန် မရဲကြချေ။ ဂိမ်းစနစ်ဘက်မှ လူတိုင်း၌ အသက်သုံးခုသာရှိသည်ဟု ပြောထား၏။ အကယ်၍ အသက်များ ကုန်သွားပါက မည်သို့ဖြစ်မည်ကို တစ္ဆေသာ သိလိမ့်မည်။
YOU ARE READING
? ??????????????? ??????????????????????????????????? ?
HorrorGenres _ Bl , Horror , Supernatural, Comedy, Action
