"ငဂျစ်လေးကတော့ကွာ.. ကိုကိုက ဘေဘီအိမ်လာရင် တူတူသုံးရအောင်ဆိုပြီး ဖိနပ်မှ မဟုတ်ဘူး ညအိပ်အင်္ကျီတွေရော တခြားအသုံးအဆောင် ပစ္စည်းတွေရော အကုန်ဆင်တူဝယ်ထည့်ထားတာ.. "
"ကျွန်တော်ဖြင့် ကိုကို့အိမ်လာမယ်လို့ တခါမှလည်း မပြောဖူးပါဘူး..ဘယ်တုန်းကဝယ်ထည့်ထားတာလဲ"
"ဘေဘီနဲ့ ချစ်သူတွေစဖြစ်ကတည်းက.. မယုံရင်အထဲဝင်ကြည့်.. ဟုတ်ပြီလား.. ပြီးတော့ ခုဒီဖိနပ်ကလည်း ဘေဘီ့ ခြေထောက်နဲ့ကွက်တိပဲမဟုတ်ဘူးလား"
သူ့ခြေထောက်နှင့် အံဝင်ခွင်ကျ ဖြစ်နေသော ဖိနပ်လေးအား ငုံ့ကြည့်လိုက်ပြီးနောက် မက်သရူး မျက်နှာတွင် အနည်းငယ် ပြုံးရိပ်သန်းသွား၏။
"ဘေဘီ ခဏထိုင်နေဦးနော် ကိုကို အင်္ကျီသွားလဲလိုက်ဦးမယ်"
ဟန်ဘင်းကို ခေါင်းညိမ့်ပြပြီးနောက် ဧည့်ခန်းရှိ ဆိုဖာဆက်တီတွင် မက်သရူး ဝင်ထိုင်လိုက်သည်။
သူ့ကိုအိမ်သို့ လိုက်ခဲ့ရန် ဟန်ဘင်းခေါ်သည်ကို အစက အင်တင်တင်လုပ်နေခဲ့လိုက်သေးသည်။ ဒါပေမဲ့ မြစ်ကမ်းစပ်တွင် ဒီနေ့မှ လမ်းလျှောက်နေကြသူများ ရှိနေသောကြောင့် သူ့အား လူတွေမှတ်မိသွားမည်ကို စိုးရိမ်မိသည်သာမက အရမ်းမိုးမချုပ်ခင် အိမ်ပြန်လိုက်ပို့ပေးပါမည်ဆိုသည့် ဟန်ဘင်း၏ စကားကြောင့်လည်း ရှည်ရှည်ဝေးဝေး တွေးမနေတော့ပဲ လိုက်လာမိခဲ့ခြင်းပင်။
အိမ်ထဲရောက်ပြီးမှ တွဲတာဖြင့်မကြာသေးပဲ အိမ်ကိုလိုက်လာခဲ့မိတာ မှားပြီလားဆိုသည့် အတွေးတွေက မက်သရူးခေါင်းထဲသို့ ဝင်လာလေ၏။
"ဘေဘီ အဝတ်အစားလဲချင်ရင်ပြောနော်"
ဟန်ဘင်းအသံကြောင့် မက်သရူးအတွေးတွေများနေရာမှ လှည့်ကြည့်လိုက်မိသည်။ sleeveless vest အဖြူနှင့် sweatpants အနက်ရောင်ကို ရိုးရှင်းစွာ ဝတ်ထားသည့်တိုင် ဟန်ဘင်း၏ ပုံစံက မြင်နေကျ ပုံစံနှင့်ကွဲထွက်နေသောကြောင့် မက်သရူး မျက်လုံးထဲတွင် ပို၍ပင် ဆွဲဆောင်မှုရှိနေသလိုပင်။
"ဟိတ်..ကလေးလေး..ကိုကို့ကို ဘာလို့ငေးကြည့်နေတာလဲ"
သူ့ပါးလေးများကို လက်ဖြင့် ဖျစ်ညှစ်၍ မေးလာသော ဟန်ဘင်း၏ အမေးကို မက်သရူး ရှက်ပြုံးလေး ပြုံးလိုက်ပြီးနောက်

YOU ARE READING
I GOT CHU
FanfictionBINTHEW FANFIC (COMPLETE) ????? fic ??????????????????????????????????? ????????????????????? ??
Part 11
Start from the beginning